တောင်သမန်အင်းအတွင်း ရေအဝင်လျော့နည်းမှု စီမံကိန်းများနှင့် ဆက်စပ်မှု ရှိ၊မရှိ စစ်ဆေးပေးရန် တောင်းဆိုမည် (မောင်တာ) ======================= မြစ်ရေတိုးချိန်ဖြစ်သော် လည်း တောင်သမန်အင်းအတွင်း ရေဝင်ရောက်မှု လျော့နည်းနေခြင်း သည် အင်းပတ်လည်တွင် အကောင်အထည်ဖော် တည် ဆောက်နေသည့် စီမံကိန်းများနှင့် ဆက်စပ်မှုရှိ၊ မရှိ စစ်ဆေးပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုမည်ဖြစ်ကြောင်းစိမ်းရောင်စို Activitiesမှ ဦး မောင်မောင်ဦးက ပြောသည်။ ယခင်နှစ်များက ဧရာဝတီ နှင့် ဒုဋ္ဌဝတီမြစ်တို့ မြစ်ရေတိုးချိန် တွင် တောင်သမန်အင်းအတွင်း ရေဝင်ရောက်မှု များပြားပြီး ယခု နှစ်၌ မြစ်ရေတိုးသော်လည်း အင်းအတွင်းသို့ ရေဝင်ရောက်မှု လျော့နည်းနေ၍ တောင်သမန်အင်း ရေဝပ်ဧရိယာများအား မြေဖို့ကာလုပ်ကိုင်နေသည့် စီမံကိန်းတည် ဆောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်မှုရှိနေသည်ဟု ယူဆ ကြောင်း ဦးမောင်မောင်ဦးက ပြောသည်။ ‘‘တောင်သမန်အင်းပတ် လည်မှာ မြေတွေဖို့ပြီး စီမံကိန်း တွေ တည်ဆောက်နေတာကြောင့် အင်းထဲရေဝင်တဲ့ ချောင်းတွေ၊ မြောင်းတွေ၊ ပြွန်တွေ ပိတ်ဆို့ကုန် ပြီး ရေအဝင်နည်းတာလို့ သုံးသပ် မိပါတယ်။ အဲဒါကို အစိုးရအနေ နဲ့က စိစစ်ပေးဖို့ စာတင်တောင်းဆို ဖို့ စီစဉ်နေပါတယ်’’ ၎င်းကပြော သည်။ တောင်သမန်အင်းရေဝပ် ဧရိယာများကို မြေဖို့ကာ စီမံကိန်း များလုပ်ဆောင်နေမှုကြောင့် တောင်သမန်အင်း ရေဝင်၊ ရေ ထွက်ချောင်းများ ပိတ်ဆို့မှု ရှိ၊ မရှိ ကွင်းဆင်းစိစစ်ပေးရန် တိုင်း အစိုးရထံ နှစ်ကြိမ်တိုင်စာတင် တောင်းဆိုပြီး ဖြစ်သော်လည်း ဆောင်ရွက်ပေးမှု မရှိသေးဘဲ တတိယအကြိမ်စာတင်ရန် စီစဉ် ခြင်းဖြစ်သည်ဟု ဦးမောင်မောင်ဦး က ပြောသည်။ အင်းအတွင်း ရေဝင်ရောက် မှုနည်းပါးခြင်းနှင့်ဆက်စပ်ကာ အင်းသေဆုံးခြင်း၊ အင်းအတွင်းရှိ ငါးနှင့် ဇီဝ သယံဇာတများ ပျက်စီး ဆုံးရှုံးခြင်းကဲ့သို့ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်၍ တိုင်း အစိုးရအဖွဲ့က စိစစ်ဆောင်ရွက်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဧရာဝတီနှင့် ဒုဋ္ဌဝတီမြစ်တို့ စိုးရိမ် ရေမှတ်ရောက်သည်အထိ မြစ်ရေတိုးခဲ့ သော်လည်း ယခင်နှစ်များ နှင့် နှိုင်းယှဉ်လျှင် တောင်သမန် အင်းအတွင်း ရေဝင်ရောက်မှု လျော့နည်းသည်ဟု အင်းဝန်းကျင်၌ နေထိုင်သည့် အမရပူရဒေသခံ များက ပြောကြားသည်။ ထို့ပြင် အင်းရေဝပ်ဧရိယာ များကို မြေဖို့ကာ စီမံကိန်းများ လုပ်ဆောင်နေမှုကြောင့် တောင် သမန်အင်းအတွင်း ရေအဝင် လျော့နည်းနေသော်လည်း အင်း ဝန်းကျင်ရှိ ကျေးရွာအချို့တွင် ရေ ကြီးနစ်မြုပ်မှုများနှင့် ကြုံတွေ့ရ မည့်အခြေအနေများ ဖြစ်ပေါ်နေ သည်ဟု ဒေသခံများက ဆိုသည်။ တောင်သမန်အင်းဝန်းကျင် တွင် တောင်သမန်ကျေးလက် Resort Hotel အပန်းဖြေစီမံကိန်း၊ ကျောက်စိမ်းစျေး စီမံကိန်းနှင့် အခြားစီမံကိန်းများကို တောင်သမန် သစ္စာ၊ ချမ်းဟိန်း၊ Same Sky၊ အေးအေးခိုင်၊ တက်လမ်း၊ မန်းအ မရ၊ Alpha Leo နှင့် အခြားကုမ္ပ ဏီများက တည်ဆောက်လျက် ရှိသည်။တောင်သမန်အင်းသည် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်တွင် တည်ရှိသည်။ ပြီးခဲ့သည့် အစိုးရ လက်ထက်က တောင်သမန်အင်းနှင့် ဦးပိန်တံ တားဝန်းကျင်တွင် တည်ဆောက် ရေးစီမံကိန်းများ လုပ်ဆောင်ရန် ပုဂ္ဂလိကကုမ္ပဏီများအား ခွင့်ပြု ခဲ့သည်။
Source : http://ift.tt/29FQL5K
via IFTTT
No comments:
Post a Comment