ဘာလိုလိုနဲ့ ပွဲလမ်းသဘင်တွေ ပေါများတဲ့ကာလတစ်ခုကို တော့ တစ်ဖန်ရောက်လို့ လာခဲ့ ပြန်ပါပြီ။ မကြာခင် တောင်ပြုံးပွဲ တော်ကြီး၊ တောင်ပြုံးပြီးရင်တော့ ရတနာ့ဂူ စတဲ့ စည်ကားလွန်းလှ တဲ့ ရိုးရာနတ်ပွဲကြီးတွေ ရောက် လာတော့မှာပါ။ ကျွန်တော်တို့က အမရပူရဇာတိဆိုတော့ ခပ်ဝေး ဝေးတောင်ပြုံးထက် ကိုယ့်မြို့ အမရပူရက ရတနာ့ဂူပွဲကြီးကို မျှော်ရပါတယ်။ တစ်နှစ်တစ်ခါ ဝါခေါင် ရတနာ့ဂူနတ်ပွဲ ရောက်လာတော့ မယ်ဆို အိမ်ရှင်မတွေကတော့ အိမ်အတွက် လိုအပ်တာလေးတွေ ဘာဝယ်ရမလဲ စဥ်းစားကြတယ်။ သင်ဖြူးဖျာ ဝယ်သူကဝယ်၊ မီးဖို ချောင်သုံးပစ္စည်း ရွေးသူကရွေး ဝါခေါင်နတ်ပွဲကို အပြေးကလေး သွားကြတယ်။ လူကြီးတွေသွားပြီ ဆို ကလေးတွေကလည်း ကောက်ကောက်ပါအောင် လိုက် ကြတာပါပဲ။ ပွဲစျေးတန်းမှာ အိမ် သုံးပစ္စည်းဝယ်တာက စူပါမား ကက်တွေထဲမှာလို လိုတဲ့ပစ္စည်း ခြင်းထဲကောက်ထည့်ပြီး ခပ်မြန် မြန်ဝယ်လို့ရတာ မဟုတ်ပါဘူး။ ဝယ်မယ့်ပစ္စည်း ဖင်ပြန်ခေါင်းပြန် ကြည့်၊ စျေးကို အနည်းဆုံးစျေးနဲ့ ရအောင် ဆစ်တန်ဆစ်နဲ့ အချိန်အကြာကြီး ပေးဝယ်ရတယ်။ စျေးဝယ်တာ ကြာလာပြီဆို ကလေးတွေ ငြူစူပြီ။ နှုတ်ခမ်းကြီးစူ မျက်နှာကြီးမှုန်ကုပ်ပြီး မအေ့လက် ကိုဆွဲကာ ပြန်ဖို့တစူစူ ပူဆာကြ လေပြီ။ ကလေးတွေ တအီအီဖြစ် လာရင်တော့ မအေမိဘတွေ ကလေးအတွက် ပွဲစျေးတန်းက တစ်ခုခု ဝယ်ပြုပေးဖို့ စဥ်းစား ရတယ်။ ယောက်ျားလေးတွ အတွက်ကတော့ ဗန္ဓုလဦးထုပ်ရှိ တယ်။ ဓားရှိတယ်။ ဦးထုပ်နဲ့ဓား တစ်စုံ လောက်ဝယ်ပေးလိုက်ရင် ငြိမ်ကျသွားမယ်။ မိန်းကလေး တွေ အတွက်ဆိုရင်လည်း ပွဲ စျေးတန်းမှာ ရောင်းတန်းပစ္စည်း လေးတွေက တောင်ပုံရာပုံ စောင့် ကြိုနေတတ်ပါတယ်။ တခြား တော့ မဟုတ်ပါဘူး။ ရောင်စုံ တောက်ပပြီး ချစ်စဖွယ်ဒီဇိုင်း လေးတွေနဲ့ အိုးပုတ်မျိုးစုံဆိုင် လေးတွေပါပဲ။
Source : http://ift.tt/2aiqDcO
via IFTTT
No comments:
Post a Comment