Sunday, July 24, 2016

www.7daydaily.com

နယူးကာဆယ်မှ ဝစ်နယ်လ်ဒမ်ကို လီဗာပူးခေါ်ယူ ဟီဂူအင် ဂျူဗင်တပ်နှင့် လေးနှစ်စာချုပ်ချုပ် Sunday, July 24, 2016 လီဗာပူးအသင်းက နယူးကာဆယ်မှ နယ်သာလန်ကွင်း လယ်လူ ဝစ်နယ်လ်ဒမ်ကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူလိုက်သည်။ လီဗာပူးနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုပြီးနောက် ဝစ်နယ်လ်ဒမ် သည် အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော လီဗာပူးအ သင်းဖော်များနှင့် ပူးပေါင်းရန် ကယ်လီဖိုးနီးယားသို့ သွားရောက် မည်ဖြစ်သည်။ ၀စ်နယ်လ်ဒမ်သည် ယခုရာ သီတွင် မန်နေဂျာ ဂျာဂန်က လော့ပ်အသစ်ခေါ်ယူသော ခုနစ်ဦးမြောက်ကစားသမားဖြစ်သည်။ ၀စ်နယ်လ်ဒမ် (၂၅) နှစ်သည်ပထမဆုံးပရီးမီးယားလိဂ်ရာသီ၌ နယူးကာဆယ်အတွက် ၃၈ ပွဲကစားကာ ၁၁ ဂိုးသွင်းယူ ခဲ့သော်လည်း နယူးကာဆယ်တန်းဆင်း သွားခဲ့သဖြင့် အသင်းပြောင်းရွှေ့ ခြင်းဖြစ်သည်။ ၎င်းသည်ကွင်း လယ်နေရာစုံ၌ ကစားနိုင်သူဟု ကလော့ပ်က ပြောသည်။ ထိုအတောအတွင်း နာပိုလီ တိုက်စစ်မှူး ဟီဂူအင်က ဂျူဗင် တပ်တွင် ဆေးစစ်မှုခံယူခဲ့ပြီး ပုဂ္ဂိုလ်ရေးအချက်များ သဘော တူလိုက်ပြီးဟု သတင်းများက ဖော်ပြသည်။ ဂျူဗင်တပ်က ဟီ ဂူအင်အတွက် ယူရို ၉၄ သန်းဖြင့် ဝယ်ယူသည်ဟု ယုံကြည်ရပြီး လေးနှစ်စာချုပ်ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။ ဟီဂူအင်သည် ယမန်နှစ်က နာပိုလီအတွက် ၃၅ ပွဲကစားကာ စီးရီးအေလိဂ်ဂိုး ၃၆ ဂိုးသွင်းယူ ခဲ့သည်။ #7day daily
Source : http://ift.tt/2al6WXl
via IFTTT

No comments:

Post a Comment