Wednesday, July 20, 2016

7Day News Journal

ဂန္ထ၀င် ပြဇာတ် စာရေးဆရာကြီးများဖြစ်သည့် စလေဦးပုည နှင့် ၀ီလျံရှိတ်စပီးယားတို့ နှစ်ဦးအကြောင်း နှိုင်းယှဉ်လေ့လာသည့် ဟောပြောပွဲကို ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ ဇူလိုင် ၂၉ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဟောပြောပွဲကို ‘‘ပြဇာတ်များတွင် ရှင်သန်နေမည့် ရှိတ်စပီးယား’’ဟု အမည်ပေးထားပြီး ဦးရဲထွဋ်(သံလျင် မောင်၀င်း၀ါ)က ဇူလိုင် ၂၉ ရက် ညနေ ၅နာရီခွဲ၌ စတင်ဟောပြောမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီစာကြည့်တိုက်မှ သိရသည်။ ကမ္ဘာကြီး၏ တစ်ဖက်တစ်ချက်စီတွင် အသီးသီးရေးသားခဲ့သော်လည်း ၎င်းတို့ ဖော်ပြတင်ဆက်လိုသည့် လူသားတို့၏ စရိုက်များဖြစ်သော လောဘ၊ မောဟ၊ တဏှာ၊ တပ်မက်ခြင်း စသည်တို့ တူညီတိုက်ဆိုင်ပုံများကို ဦးပုည၏ ရေသည်ပြဇာတ်မှ ရေသည်ယောက်ျားနှင့် ရှိတ်စပီးယား၏ ဗင်းနစ်မြို့မှ ကုန်သည်ကြီး ပြဇာတ်မှ အတိုးစားကြွေးမြီရှင်ကြီး တို့တွင် တွေ့မြင်သည့်အကြောင်းတို့ကို နှိုင်းယှဉ်ဟောပြောမည်ဟု ဗြိတိသျှကောင်စီစာကြည့်တိုက် က ကြေညာထားသည်။ ဦးရဲထွဋ်သည် အမျိုးသားစာပေဆုရွေးချယ်ရေး ဘုတ်အဖွဲ့၀င်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းနှင့် လေကြောင်းလိုင်း မဂ္ဂဇင်းများအတွက် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ၀တ္ထုတိုများ၊ ကဗျာများ၊ ဆောင်းပါးများ ရေးသားလျက်ရှိသည်။ ၀ီလျံရှိတ်စပီးယား ကွယ်လွန်ခြင်းနှစ်(၄၀၀)ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားကို ဗြိတိသျှကောင်စီရုံးများတွင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် အနုပညာပြဇာတ်အဖွဲ့များ၊ ကျောင်း၊ အသင်းအဖွဲ့များ၊ ပညာရှင်များ၊ ဆရာ၊ဆရာမများ၊ အနုပညာရှင်များနှင့်အတူ ၂၀၁၆ အတွင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း အဆိုပါစာကြည့်တိုက်မှ သိရသည်။
Source : http://ift.tt/29NA2Jl
via IFTTT

No comments:

Post a Comment