Friday, July 22, 2016

Eleven Media Group

လိပ်ကျွန်းလူသတ်မှုနှင့် ပုံစံတူသည့် ရနောင်းလူသတ်မှု ဇူလိုင် ၂၉ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်ဟု သိရ ================== လိပ်ကျွန်းလူသတ်မှုနှင့် ပုံစံတူသည့် ရနောင်းလူသတ်မှု ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှုကို ဇူလိုင် ၂၉ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအမှုကိစ္စ လိုက်ပါဆောင် ရွက်ပေးနေသည့် ထိုင်းနိုင်ငံရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်၏ ပြောကြားချက်အရ သိရသည်။ “ထိုင်းရှေ့နေများ ကောင်စီနဲ့ ဒီဘက်က အဖွဲ့အစည်းလေးတွေနဲ့ ပေါင်းပြီးတော့ ရှေ့နေတွေငှားပြီးတော့ ကျွန်တော်တို့ စဖြစ်ကတည်းက ပြီးခဲ့တဲ့နှစ်ကတည်းက လုပ်နေတာပေါ့။ ရုံးချိန်းကတော့ လာမယ့်ဇူလိုင် ၂၉ ရက်မှာ ပထမဆုံး ထုတ်မှာပါ။ အခုအချိန်မှာ အသက်ကြီးတဲ့ နှစ်ယောက်ကို ရနောင်းအကျဉ်းထောင်မှာ ထားတယ်။ အသက်ငယ်တဲ့ နှစ်ယောက်ကို စူရတ်ဌာနီခရိုင်ရှိ လူငယ်လေ့ကျင့်ရေး စခန်းမှာထားတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ တင်ထားတဲ့ သက်သေပေါင်း ၂၁ ယောက်ရှိပါတယ်။ ရုံးထုတ်မယ့်နေ့မှာတော့ အကြီးနှစ်ယောက်ကို အရင်မေးမယ်” ဟု အဆိုပါ အမှုကိစ္စ လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။ ရနောင်းလူသတ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူများတွင် အသက် ၁၈ နှစ် မပြည့်သေးသူ မြန်မာအလုပ်သမားနှစ်ဦး ပါ၀င်ကြောင်း သိရသည်။ မြန်မာအလုပ်သမားလေးဦး ပူးပေါင်းကြံစည် သတ်ခဲ့သည်ဟု စွပ်စွဲခဲ့သည့် ရနောင်းလူသတ်မှုနှင့် ပတ်သက်ပြီး ပြင်ဆင်ထားသည့် တရားရုံး၌ ထွက်ဆိုမည့် သက်သေများတွင် ထိုင်းရဲတပ်ဖွဲ့၀င်များ၊ မှုခင်းဆရာ၀န်အပြင် အခြားသော သက်သေများလည်း ပါ၀င်ကြောင်း သိရသည်။ “လိပ်ကျွန်းကိစ္စမှာဆို ရခိုင်အမျိုးသားလေးတွေ ဖြစ်တဲ့အတွက်ကြောင့် အထဲမှာရှိတဲ့ ရခိုင်နိုင်ငံရေးပါတီတွေက တက်တက်ကြွကြွနဲ့ လုပ်ပေးနေကြတာတွေ့တယ်။ အစိုးရ အနေနဲ့ကရော သမ္မတကိုယ်တိုင်၊ စစ်ဦးစီးချုပ်ကအစ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကအစ လာတယ်။ အခုရနောင်း ကိစ္စမျိုးကျတော့ အစိုးရအနေနဲ့ ပစ်ထားသလို ကျွန်တော်တို့က ခံစားရတယ်။ အစိုးရအနေနဲ့ အင်တိုက် အားတိုက် အခုအချိန် ကတည်းက စလုပ်သင့်တယ်လို့ ထင်တယ်” ဟု အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆက်လက် ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဩဂုတ်၂၈ ရက်က ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံ ရနောင်းခရိုင် စွိုင်လုံကျင်းရပ်ကွက်မှ ထိုင်း-မြန်မာ ကပြားမ အက်ပဲလ် (ခ) အိပုတ် အသက်(၁၆)နှစ်ရှိ ထိုင်းအထက်တန်းကျောင်းသူ အသတ်ခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ ရနောင်းမြို့ ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားလေးဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။
Source : http://ift.tt/29XTqsQ
via IFTTT

No comments:

Post a Comment