ထိုင်ဝမ်ကျွန်း တခွင်မှာ ရှိတဲ့ အော်တိုမက်တစ် ငွေထုတ်စက်တွေမှာ ကွန်ပျူတာ ပရိုဂရမ် တွေကို ထည့်သွင်းပြီး ဒေါ်လာငွေ နှစ်သန်းခွဲ ခိုးထုတ်မှု နဲ့ မသင်္ကာသူ သုံးယောက်ကို ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့ ရုရှားနဲ့ အရှေ့ဥရောပ ကွန်ရက်က လူတွေက ငွေထုတ်စက် တွေမှာ ထိန်းချုပ် ထားတဲ့ ကွန်ပျူတာ စနစ်ထဲကို ထိုးဖောက် ဝင်ရောက်ပြီး မိနစ်ပိုင်း အတွင်းမှာတင် စက်တခုစီ ကနေ ငွေတွေ အမြောက် အမြား ထုတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Source : http://bbc.in/2a5u7l8
via IFTTT
No comments:
Post a Comment