Thursday, July 28, 2016


ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ အခြေခံမူ ရှစ်ချက် မိုင်ဂျာယန် အစည်းအ၀ေး ချမှတ် ================= အစိုးရနှင့်ဆွေးနွေး ရာတွင် စွဲကိုင်ရန် ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူ ရှစ်ချက်ကို မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် စုံညီ အစည်းအ၀ေး ဒုတိယနေ့၌ အစု အဖွဲ့အားလုံးက လက်ခံခဲ့ပြီး အ သေးစိတ် အချက်အလက်များ ဆက်လက် ဆွေးနွေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေ ခံမူ ရှစ်ချက်အဖြစ် ‘အချုပ်အခြာ အာဏာသည် တိုင်းရင်းသားပြည် သူများမှတစ်ဆင့် ဆင်းသက်ရ မည်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသားလူ နည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့် အရေးနှင့် ကျား/မ ဆိုင်ရာ တန်း တူညီမျှမှု၊ ပါတီစုံ ဒီမိုကရေစီ စနစ်ကျင့်သုံးရေးနှင့် ဘာသာရေး ကို အခြေမခံသည့် နိုင်ငံ’ စသည့် အခြေခံမူများကို ကိုင်စွဲပြီး အစိုးရ နှင့် ဆက်လက်ဆွေးနွေးရန် မိုင် ဂျာယန် တိုင်းရင်းသားလက်နက် ကိုင် စုံညီအစည်းအ၀ေး ဒုတိယ နေ့တွင် လက်ခံခဲ့ပြီး အသေးစိတ် ကို ဆက်လက်ဆွေးနွေးမည်ဖြစ် ကြောင်း ပြောရေးဆိုခွင့်ရှိသူများ က ပြောသည်။ အထက်ပါ ဖက်ဒရယ်ပြည် ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ သည် ၁၉၉၀ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းရင်းသားလက် နက်ကိုင်အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့ အစည်းများဖြင့် ၂၀၀၅ က ရေးဆွဲ ခဲ့ပြီး ပထမမူကြမ်းကို အတည်ပြု ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ‘‘ဒီအခြေခံမူတွေက ပြောရ မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့အစည်းတွေနဲ့ ပြည်တွင်းမှာရှိ တဲ့ နိုင်ငံရေးအင်အားစုလို့ ပြောရ မှာပေါ့။ ဒီမိုကရေစီအင်အားစု တွေကနေပြီးတော့ သဘောတူ ထားတာ ၂၀၀၈ ကတည်းကပါ။ ၂၀၀၈ ကတည်းက သဘောတူ ထားတဲ့၊ လက်ခံထားတဲ့ ပြည် ထောင်စုဖွဲ့စည်းပုံ အခြေခံမူတွေ ကို အခြေခံတာဖြစ်တယ်။ ဒါ ကြောင့် ဒီနေ့ ဆွေးနွေးတာနောက် ဆုံးကျတော့ အခြေခံမူကို တစ်ခု တည်း ပြန်ယူတဲ့သဘောပါ’’ဟု ကရင်အမျိုးသား အစည်းအရုံးအ ထွေထွေအတွင်းရေးမှူးနှင့် အ စည်းအ၀ေးပြောရေးဆိုခွင့်ရှိသူ ဖဒိုစောကွယ်ထူး၀င်းက ပြောသည်။ယင်းအခြေခံမူများတွင် အ ချို့အချက်အလက်များ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပြီး ဆက် လက်ဆွေးနွေးမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံ သာက ပြောသည်။ နိုင်ဟံသာက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရွေး ချယ်ခြင်းကဲ့သို့သော အချက်များ ကို ပြင်ဆင်ဖြည့်စွက်ရန် ရှိသည် ဟု ဆိုသည်။ ‘‘တိုက်ရိုက် (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) ရွေး ချယ်ရင် ပြည်နယ်နှင့် အမျိုးသား လွှတ်တော်က အဆက်ပြတ်သွား မယ်။ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဆိုတာ ပြည်နယ်က လွှတ်တဲ့ ကိုယ်စားလှယ်အဆင့်ပဲ ဖြစ်သင့်တယ်။ အဲဒီလို ပုံစံမျိုးဆို ရင် ပြည်နယ်လွှတ်တော်က စိတ် ကြိုက် သူတို့ရွေးချယ်တာ၀န်ပေး ထားတဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်ဖို့ အဲဒီလိုပုံစံမျိုးပါ’’ဟု နိုင်ဟံသာက ဆက်လက်ပြော သည်။ နိုင်ဟံသာက ‘‘ဒီမူကို အဖွဲ့ အစည်းအားလုံးက ကိုင်စွဲပြီး ဆွေးနွေးသွားဖို့ဖြစ်ပါတယ်’’ဟု ဆိုသည်။ အစည်းအ၀ေး ဒုတိယနေ့ အပြီးတွင် အခြေခံမူ ရှစ်ချက်ကို အဖွဲ့အစည်းအသီးသီးမှ ခေါင်း ဆောင် ကိုယ်စားလှယ်များက ဆွေးနွေးပြီး အသေးစိတ်ကို ကျန် ရှိသည့် အစည်းအ၀ေးရက်များ၌ ဆက်လက်ဆွေးနွေးရန် သဘော ထားချမှတ်ခဲ့ကြောင်းနှင့် ပြည် နယ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ရေးဆွဲရာ၌ အခြေခံရမည့် မူများကိုလည်း ဆွေးနွေးပြီး အ သေးစိတ်ဆက်လက်ဆွေးနွေးရန် အလုပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည် ဟု သတင်းထုတ်ပြန်သည်။
Source : http://ift.tt/2azf6Iu
via IFTTT

No comments:

Post a Comment