Friday, July 29, 2016

Eleven Broadcasting

အခွန်ကောက်ခံရရှိမှုကို မည်ကဲ့သို့ ခွဲ၀ေ သုံးစွဲနေကြောင်း ပြည်သူများ သိရှိ အောင်ထုတ်ပြန် ပေးရန် လိုဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ပြောကြား (ရုပ်သံ) အခွန် ကောက်ခံရရှိမှုကို ဘယ်လို သုံးစွဲနေတယ် ဆိုတာ ပြည်သူတွေ သိရှိအောင် ရှင်းလင်းစွာ ထုတ်ပြန်ပေးဖို့ လိုတယ်လို့ ပုလဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ကပေးပို့တဲ့ ၂၀၁၅-၂၀၁၆ခုဘဏ္ဏာရေးနှစ် ဒုတိယခြောက်လပတ် လျာထားချက်ကို အခွန် ကောက်ခံရရှိမှု အခြေအနေ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီရဲ့ လေ့လာတွေ့ ရှိချက်နဲ့ သဘောထား မှတ်ချက် အစီရင်ခံစာ ၁/၂၀၁၆ ကို ဇူလိုင်လ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအ၀ေးဒုတိယနေ မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးမှုမှာ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီ အစီရင်ခံစာကို ဒဂုံမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်၊ ပုလဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃က ဒေါက်တာမြတ်ဉာဏစိုး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်၇ ကဦးကျော်သိန်းတို့က ဆွေးနွေးခဲ့တာပါ။
Source : http://ift.tt/2aflsLG
via IFTTT

No comments:

Post a Comment