ချောင်းသာကမ်းခြေ၌ မိသားစုလိုက် ရေဆင်းကူးရာမှ တစ်ဦးရေနစ်သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ --------------------- မျိုးမင်းထွန်း - ဧရာဝတီတိုင်း(မြစ်မခ) ချောင်းသာကမ်းခြေတွင် ဇူလိုင်လ ၃၁ ရက်နေ့ က နံနက် ၁၁ နာရီခန့်က မိသားစု ၇ ဦး ရေဆင်းကူးရာ မှ လှိုင်းပုတ်ကာနစ်မြုပ်ခဲ့မှုကြောင့် တစ်ဦးရေနစ်သေဆုံးကာ ၂ ဦးပျောက်ဆုံးနေကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင်နေထိုင်သည့် မိသားစုဝင် ၂၁ ဦးသည် ချောင်းသာကမ်းခြေ ရေဆင်း ကူးရာ ဘောလှေ ကို တစ်ဦးမောင်းပြီး ၆ ဦးမှတွယ်စီးနေစဉ် လှိုင်းပုပ်မှုကြောင့် တွယ်စီးနေသူအားလုံးနစ်မြုပ်ခဲ့ရာမှ ၃ ဦးအား ရေပြင်ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးကို ဆက်လက်ရှာ ဖွေနေကြောင်း ချောင်းသာ ရဲစခန်းမှ သိရသည်။ `မနက်ကမိုးလည်းရွာ ရေပြည့်နေတဲ့အချိန် လှိုင်းပုပ်တော့ ဘောလှေကို လက်လွတ်သွားပြီး ခြေထောက်နဲ့ ကြမ်းပြင်မမှီတောဘဲ ခြေလွတ် ထွက်သွားတာပါ၊ ရေပြင်ကယ်ဆယ်ရေးအဖွဲ့က ၄ ယောက်ကိုကယ်ဆယ်နိုင်ခဲ့ပေမယ့် တစ်ဦးကတော့ ဆေးရုံမရောက်ခင် လမ်းမှာပဲဆုံးသွားတယ်၊ ပျောက်နေတဲ့ ၂ ဦးကိုတော့ ရှာနေတုန်းပါ´ဟု ချောင်းသာရဲစခန်းမှုး ရဲအုပ်ကျော်ကျော်လွင်က ပြောသည်။ ရေနစ်သေဆုံးသူ မှာ ဦးမြင့်အောင်(၄၂ နှစ်)ဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ ဦးခင်မောင်အေး(၂၉ နှစ်) နှင့် ဦးအောင်မြင့်(၂၉ နှစ်)တို့ဖြစ်ကြောင်း ချောင်းသာ ရဲစခန်းမှသိရသည်။ အဆိုပါ ပျောက်ဆုံးနေသူနှစ်ဦး ရုပ်အလောင်းကို ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ရေပြင်အသက် ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊အနီးအနားရှိ မော်တော်ဘုတ်အဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံက သိရသည်။ `ချောင်းသာကမ်းခြေမှာက ဒီလိုမိုးဦးကျအချိန်ဆို ရေဆွဲချတာ အရမ်းကြမ်းတဲ့ အတွက် ရေဆင်းကူးတဲ့သူတွေကို သတိပေးဆိုင်းဘုတ်တွေ နဲ့သတိလည်းပေးထားပါတယ်၊ ဒါပေမယ့် လာတဲ့သူတွေက အပျော်လွန်ပြီး သတိမထားရာကနေ ဒီလိုအဖြစ်မျိုး တွေကြုံရတာပါ´ဟု ချောင်းသာကမ်းခြေမှ ဒေသခံ ဦးလှမြင့်က ပြောသည်။ အဆိုပါ ရေနစ်သေဆုံးခဲ့မှုအား ချောင်းသာရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၆ဖြင့် အမှုဖွင့်လှှစ်ကာစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ @LH
Source : http://ift.tt/2ampAby
via IFTTT
No comments:
Post a Comment