Thursday, July 28, 2016

ပစိဖိတ် သမုဒ္ဒရာထဲတွင် ကျက်စားနေသည့် မှတ်တမ်းမတင်ရသေးသည့် ဝေလငါး မျိုးစိတ်သစ်တစ်ခု ရှာတေ�

ပစိဖိတ် သမုဒ္ဒရာထဲတွင် ကျက်စားနေသည့် မှတ်တမ်းမတင်ရသေးသည့် ဝေလငါး မျိုးစိတ်သစ်တစ်ခု ရှာတွေ့ ============ လွန်ခဲ့သည့် ၁၂ နှစ်ခန့်က ရှာဖွေတွေ့ရှိခဲ့သည့် ဝေလငါး အသေကောင် တစ်ကောင်သည် မှတ်တမ်း လုံးဝ မရှိသေးသည့် မျိုးစိတ်သစ် တစ်ခုအဖြစ် ပညာရှင်များက အတည်ပြု သတ်မှတ်လိုက်သည်။ အဆိုပါ ဝေလငါးကို ၂၀၀၄ ခုနှစ်က အလက်စကားရှိ ဘာရင်ပင်လယ်ကမ်းစပ် စိန့်ဂျော့ဂ်ျမြို့ အနီးတွင် လာရောက် သောင်တင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ၂၄ ပေ ရှည်လျားသည့် ဝေလငါး အသေကောင်ကြီးကို အစောပိုင်းက နှုတ်သီးချွန် ဝေလငါး မျိုးနွယ်အဖြစ် ယူဆခဲ့သော်လည်း နိုင်ငံတကာ ပညာရှင်များ ပါဝင်သည့် အဖွဲ့က DNA စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လုံးဝ ရှာမတွေ့ဖူးသေးသည့် ဝေလငါး မျိုးစိတ်သစ် တစ်ခုအဖြစ် ကြေညာခဲ့သည်။ ယင်းဝေလငါးသည် ယေဘုယျ တွေ့မြင်ရလေ့ရှိသည့် နှုတ်သီးချွန် ဝေလငါးများထက် အရောင်အဆင်း ပိုမိုနက်မှောင်ပြီး ကိုယ်အလျားမှာလည်း နှုတ်သီးချွန် ဝေလငါးများနှင့် ယှဉ်လျှင် သုံးပုံနှစ်ပုံမျှသာ ရှိသည်။ ဝေလငါး အသေကောင်၏ မျိုးဗီဇ စစ်ဆေးမှုများကို ဆယ်စုနှစ်နှင့်ချီ လေ့လာဆန်းစစ်ခဲ့ပြီးနောက် အမည်မပေးရသေးသည့် မျိုးစိတ်သစ် တစ်ခုအဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါ ဝေလငါး မျိုးစိတ်သစ်သည် ဂျပန်မြောက်ပိုင်းမှစ၍ ပစိဖိတ် သမုဒ္ဒရာ တနံတလျားကို ဖြန့်ကျက်ကာ အလက်စကားရှိ အေလူရှန် ကျွန်းစုများထိ ဖြန့်ကျက် နေထိုင် ကျက်စားသည်ဟု ယုံကြည်ရသည်။ National Geographic၏ အဆိုအရ ဝေလငါး အသေကောင်ကို ရှာတွေ့စဉ် ကတည်းက နှုတ်သီးချွန် ဝေလငါးများထက် အလွန် အရောင်ရင့်ပြီး နောက်ကျောဘက်ရှိ ဆူးတောင်မှာလည်း ပိုမို ကြီးမားနေသည်ကို ပညာရှင်များက သတိပြုမိခဲ့ကြောင်း သိရသည်။ ထိုဝေလငါးသည် အသက်အရွယ် ကြီးရင့်နေသည့် အခြေအနေရှိပြီး အရွယ်အစားအားဖြင့် အရွယ်ရောက်ပြီး နှုတ်သီးချွန် ဝေလငါး တစ်ကောင်ထက်လည်း သိသိသာသာ သေးငယ်နေသည်။ “အဲဒီကတည်းက ကျွန်မတို့ သိမြင်ပိုင်းခြားနိုင်တဲ့ နယ်ပယ်ထဲက ဝေလငါး မျိုးစိတ်တစ်ခု မဟုတ်လောက်ဘူး ဆိုတာကို သတိတော့ ထားမိခဲ့တယ်”ဟု အဏ္ဏဝါ ဂေဟဗေဒ ပညာရှင် မစ်ချယ်လ် ရစ်ဂ်ျဝေးက ပြောကြားခဲ့သည်။ သိပ္ပံပညာရှင် အဖွဲ့တစ်ခုသည် ပစိဖိတ် တနံတလျားမှ နှုတ်သီးချွန် ဝေလငါး ၁၇၈ ကောင်၏ DNA နမူနာများကို စုဆောင်းရယူကာ ယခုဝေလငါး အသေကောင်၏ DNAနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။ အလက်စကားတွင် ရှာတွေ့ခဲ့သည့် ဝေလငါး အသေကောင်သည် ယခုအခါ အရိုးစု အဖြစ်သာ ကျန်ရှိတော့ပြီး Ravenဟု အမည်ပြောင် ပေးထားကာ အမေရိကန်ရှိ အူနာလာစကာ အထက်တန်းကျောင်း ပြတိုက်တွင် ချိတ်ဆွဲထားကြောင်း သိရသည်။
Source : http://ift.tt/2agzkrd
via IFTTT

No comments:

Post a Comment