မိဘများ အိပ်နေစဉ် ကလေးငယ်တစ်ဦး ၆ လွှာ ၀ရန်တာပေါ်မှ ပြုတ်ကျသေဆုံး ================================ သေဆုံးသူမှာ မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းရှိ တိုက်ခန်းတစ်ခု ၆ လွှာနေ အသက် ၁ နှစ် ၂ လအရွယ် မိန်းကလေးငယ် ဖြစ်ပြီး ညနေ ၅ နာရီခွဲအချိန်ခန့်က မိဘများ အိပ်ပျော်နေစဉ် အမြင့် ၄၈ ပေ ၆ လွှာရှိ ၀ရန်တာမှပြုတ်ကျခဲ့သည်။ တိုက်ပေါ်မှ ပြုတ်ကျသဖြင့် ဦးခေါင်း၀ဲ/ယာဖူးရောင် ဒဏ်ရာများအသီသီးရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် ည ၁၀ နာရီ ၅၃ မိနစ်တွင် သေဆုံးသွားခဲ့သည်။ အလောင်းကို ဆေးရုံကြီးက ပီအာရ် ၀၆၈ ဖြင့် လက်ခံထားပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁/၁၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
Source : http://ift.tt/2a1MBVd
via IFTTT
No comments:
Post a Comment