မိုင်ဂျာယန်အစည်းအဝေး ဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိ၊ အစိုးရနှင့် ဆက်လက်ညှိနှိုင်းမည် Sunday, July 31, 2016 ၂၁ ရာစုပင်လုံညီ လာခံတက်ရောက်ရန် ငါးရက် ကြာကျင်းပခဲ့သော မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများ မျက်နှာစုံညီအ စည်းအဝေးတွင် ဆုံးဖြတ်ချက်ချ မှတ်နိုင်ခြင်း မရှိခဲ့ဘဲ အစိုးရနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ မိုင်ဂျာယန်မျက်နှာစုံညီအ စည်းအဝေးကို ၂၁ ရာစုပင်လုံညီ လာခံအကြိုညှိနှိုင်းရေး၊ ဖက်ဒ ရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဘုံသ ဘောထားရပ်တည်ချက်ချမှတ် ရေးရည်ရွယ်ချက်နှစ်ခုဖြင့် ငါး ရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက်အစည်းအ ဝေးနောက်ဆုံးနေ့အပြီးတွင် ၂၁ ရာစုပင်လုံညီလာခံတက်ရောက် ရန် ဆုံးဖြတ်ချက်တစ်စုံတစ်ရာချ မှတ်နိုင်ခဲ့ခြင်းမရှိဘဲ အစိုးရနှင့် ဆွေးနွေးမှုများကို ဆက်လက်ပြု လုပ်မည်ဖြစ်ကြောင်း ပြောရေးဆို ခွင့်ရှိသူများက ပြောသည်။ ပင်လုံညီလာခံတက်ရောက် ရေးနှင့်ပတ်သက်ပြီး အစိုးရနှင့်ညှိ နှိုင်းမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ညှိနှိုင်းမှုများပြီးသည့်အချိန်တွင် ပါဝင်မည်ဟု ယေဘုယျ ပြောနိုင်ကြောင်း ကေအိုင်အို ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော် က ပြောသည်။ မျက်နှာစုံညီ အစည်းအဝေး ကို ၂၁ ရာစုပင်လုံညီလာခံတက် ရောက်ဖြစ်ပါက မည်သည့်အ ချက်များ ဆွေးနွေးမည်ဆိုသည့် ခေါင်းစဉ်အောက်တွင် ငါးရက် ကြာညှိနှိုင်းဆွေးနွေးမှုများပြုလုပ် ခြင်းဖြစ်သော်လည်း ပင်လုံညီလာခံတက်ရောက်ရေးနှင့်ပတ်သက်၍ တိကျသည့် ရလဒ်တစ်စုံတစ်ရာထွက်ပေါ်ခြင်း မရှိခဲ့ပေ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေ ခံမူ ရှစ်ချက်၊ ပြည်ထောင်စုတပ်မ တော်ကို အရပ်ဘက်အောက်တွင် ထားရှိရေး၊ နိုင်ငံရေးဆွေးနွေးမှု များတွင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ သုံးပွင့်ဆိုင်ဆွေးနွေးမှုကို အခြေခံ ရန် ဘုံသဘောထား စသည်တို့ ချ မှတ်နိုင်ခဲ့သည်။ ဘုံသဘောထား မချနိုင်ခဲ့သော အချက်များကို အ သေးစိတ်ထုတ်ပြန်ခြင်းမရှိချေ။ ဘုံသဘောထား ရယူရန်လိုသော အချက်များကို NCA လက်မှတ် ရေးထိုးထားသော အဖွဲ့များနှင့် UNFC အဖွဲ့ဝင်များအကြား အ တည်ပြုနိုင်ရန် နည်းလမ်းဆက် လက်ရှာဖွေမည်ဟု ထုတ်ပြန်ထား သည်။ ယခုအစည်းအဝေးမှာ အ စိုးရနှင့် ညှိနှိုင်းရာတွင် ကိုင်စွဲရန် သဘောထားများ စုစည်းခြင်းဖြစ် ပြီး ဆုံးဖြတ်ချက် ချမှတ်ခြင်းမ ဟုတ်ကြောင်း ပြောခွင့်ရှိသူများ က ဆိုသည်။ ‘‘ဘယ်လိုသွားမလဲဆိုတဲ့အ ပိုင်းကတော့ သက်ဆိုင်ရာအစိုးရ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ဆွေး နွေးပြီးမှု ဆက်လုပ်သွားမှာဖြစ်ပါ တယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။ ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) ခေါင်းဆောင်များက လည်း NCA ကို လက်မှတ်ရေး ထိုးရန် ယခင်က ချမှတ်ထားသည့် အဖွဲ့အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမည်ဆိုသည့် မူပေါ်တွင် ရပ်တည်ထားကြောင်း အစည်းအ ဝေးကာလ၌ ပြောကြားခဲ့သည်။ ‘‘UNFC အနေနဲ့ ပြောရမယ် ဆိုရင် အဖွဲ့အားလုံးပါဝင် လက် မှတ်ရေးထိုးခွင့်ရှိတဲ့အနေအထားမျိုးဆိုရင် တို့က လက်မှတ်ထိုးမယ့် အ မြင်သဘောထားရှိပါတယ်’’ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဆို သည်။ မျက်နှာစုံညီအစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ် သည့် ခူးဦးရယ်က ၂၁ ရာစုပင်လုံ ညီလာခံတွင် အားလုံးပါဝင်နိုင် ရေးသည် အစိုးရနှင့် သက်ဆိုင် သည့် အစုအဖွဲ့ အသီးသီးတို့ ဆွေးနွေးညှိနှိုင်းမှု ရလဒ်များပေါ် တွင် မူတည်နေကြောင်းဆိုသည်။ ‘‘သြဂုတ်မကုန်ခင် ကျင်းပ မယ်ဆိုတာက Target သဘောမျိုး ထားတယ်လို့ ကျွန်တော်တို့ နား လည်ပါတယ်။ ရှင်းရှင်းပြောရရင် အားလုံးပါဝင်ဖို့လည်း အားလုံးက ဆန္ဒရှိတယ်။ အဲဒီကာလလည်း ပြောနေကြတယ်ဆိုတော့ သြဂုတ် မတိုင်ခင်မှာ အားလုံးပါဝင်နိုင် မယ်။ တကယ်ပဲ အခင်းအကျင်း ဖြစ်၊ မဖြစ်ဆိုတာက ကြားထဲမှာ သက်ဆိုင်တဲ့ အစုအဖွဲ့ အသီးသီး က မတူကွဲပြားတဲ့ အခြေအနေ အနေအထားအောက်မှာရှိနေပါ သေးတယ်။ မတူကွဲပြားတဲ့ အခြေ အနေအောက်မှာရှိတဲ့ အစုအဖွဲ့ အားလုံးကတော့ မတူကွဲပြားတဲ့ ညှိနှိုင်းဆွေးနွေးမှုနဲ့ ဆက်သွားရ မယ့် အဆင့်တွေ ရှိနေပါသေး တယ်ဆိုတော့ သြဂုတ်မကုန် ခင် အတိအကျဖြစ်မယ်၊ မဖြစ်ဘူးဆို တာကတော့ ကံသေ၊ ကံမ ဘယ် သူမှ မပြောနိုင်ပါဘူး’’ဟု ခူးဦး ရယ်က ပြောသည်။ ဆက်လက်၍ ‘‘အသေအချာ ပြောနိုင်တာ တစ်ခုကတော့ ဘယ် သူတက်မယ်၊ မတက်ဘူးဆိုတာ ကလည်း ညှိနှိုင်းဆွေးနွေးတဲ့ အစု အဖွဲ့ အသီးသီး အနေအထားပေါ် မှာပဲ မူတည်ပါတယ်။ ဘယ်အချိန် မှာ ဘယ်သူက ဘယ်လိုဆုံးဖြတ် မယ် ဆိုတာကတော့ ညှိနှိုင်းဆွေး နွေးတဲ့ ဖြစ်စဉ်အပေါ်မှာပဲ အများ ဆုံး မူတည်ပါလိမ့်မယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။ ထို့အပြင် ဗိုလ်ချုပ်ဂွန်မော် က နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်မည့် အစုအဖွဲ့၊ ကိုယ်စား လှယ်အရေအတွက်များနှင့် ပတ် သက်၍ အစိုးရဘက်က လျာထား ချက်များအပေါ် ထည့်သွင်းစဉ်း စား၍ ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြော ကြားသည်။ ‘‘ကျွန်တော်တို့ဘက်က စဉ်း စားနေတာက ကျွန်တော်တို့ လို ချင်တဲ့ပုံစံကို အစိုးရနှင့်ညှိနှိုင်းမှာ ဖြစ်ပါတယ်။ ဘယ်နှစုလုပ်မယ် ကိုယ်စားလှယ် ဘယ်လိုဆိုတဲ့ အ ပိုင်းကတော့ ကျွန်တော်တို့ညှိနှိုင်း မှာပဲဖြစ်တယ်။ အစိုးရဘက်က အခု ဖော်ပြထားတဲ့ အချက်အ လက်တွေအပေါ်မှာ တိုင်းရင်း သားလက်နက်ကိုင်တွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာမဟုတ် ဘူး။ သို့သော်လည်းပဲ ကျစ်ကျစ် လျစ်လျစ်ဖြစ်ရမယ်။ တန်းတူရည် တူဖြစ်ရမယ်။ အသိအမှတ်ပြုရ မယ်။ အဲဒီအခြေအနေအပေါ်မှာ ပဲ ကိုယ်စားလှယ်ဦးရေနှင့် စုဖွဲ့မှု ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါပေ မဲ့ ပြောလိုတာက အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းမယ်။ အစိုးရ ဘက်က လျာထားချက်အပေါ်မှာ လည်း စဉ်းစားပြီး ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော် ကဆိုသည်။ နိုင်ငံရေးဆွေးနွေးမှုများနှင့် ပတ်သက်၍ အစိုးရဘက်က ခုနစ် ပွင့်ဆိုင်မူကို စွဲကိုင်ထားပြီး မိုင် ဂျာယန်မျက်နှာစုံညီ အစည်းအ ဝေးတွင်မူ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီ သုံးပွင့်ဆိုင်ဆွေးနွေးရေးမူကို အခြေခံထားကြောင်းထုတ်ပြန်ထားသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အစည်းအဝေး ဖြစ်မြောက်ရေးအတွက် ခွင့်ပြုချက်ပေးသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပါဝင်ကူညီခဲ့ကြသည့်အစိုးရဘက်မှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။ #7day daily @LH
Source : http://ift.tt/2aqCGoY
via IFTTT
No comments:
Post a Comment