Friday, July 22, 2016

တရုတ်၏ သွေးခွဲအုပ်ချုပ်ရေးကြောင့် အာဆီယံ ဖရိုဖရဲဖြစ် | Eleven Media Group

တရုတ်၏ သွေးခွဲအုပ်ချုပ်ရေးကြောင့် အာဆီယံ ဖရိုဖရဲဖြစ် ================== တောင်တရုတ် ပင်လယ်အတွင်း တရုတ်၏ စစ်အင်အားသုံး ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ အရှေ့တောင်အာရှ နိုင်ငံများ သွေးစည်းညီညွတ်ရေး ပျက်ပြားနေကြောင်း သုံးသပ်သူများနှင့် အတွင်းလူများက ပြောကြားခဲ့သည်။ တရုတ်၏ အမာခံမဟာမိတ် လာအိုက ယခုသီတင်းပတ် အကုန်တွင် ဒေသတွင်း ထိပ်သီးသံတမန် အစည်းအ၀ေးကို လက်ခံကျင်းပမည့် အချိန်၌ အာဆီယံနိုင်ငံများအကြား အက်ကြောင်းက ပိုမိုနက်ရှိုင်းလာဖွယ် ရှိသည်ဟု ဆိုသည်။ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး ဂျွန်ကယ်ရီနှင့် တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီတို့သည် ကွန်မြူနစ်နိုင်ငံ လာအို၏မြို့တော် ဗီယန်ကျင်း၌ နှစ်ရက်ကြာ ကျင်းပမည့် အစည်းအ၀ေးသို့ လာရောက်မည့် သူများထဲတွင် ပါ၀င်သည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့၀င် ၁၀ နိုင်ငံက ကြီးမှူးကျင်းပမည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲအပေါ် တောင်တရုတ်ပင်လယ် အရေးက လွှမ်းမိုးထားဖွယ်ရှိသည်။ ယခုလ အစောပိုင်းတွင် ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုပေးထားသော ခုံရုံးအဖွဲ့က မဟာဗျူဟာမြောက်ပြီး ရင်းမြစ်ကြွယ်၀သော ပင်လယ်ပိုင်နက် အများစုကို တရုတ်က ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားချက်နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ဘောင်၀င်သည့် အခြေခံ မရှိကြောင်း တွေ့ရှိရသည်ဟု ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ခုံရုံးအဖွဲ့၏ ဆုံးဖြတ်ချက်ကို တရုတ်က စက္ကူစုတ် တစ်ရွက်သာ ဖြစ်သည်ဟု ပယ်ချခဲ့သည်။ အာဆီယံအဖွဲ့က မိမိတို့ကိုယ်ကိုယ် မိမိတို့ အများသဘောတူ ဒီမိုကရေစီဟု ဂုဏ်ယူနေသော်လည်း အဖွဲ့၀င်များအကြား သပ်ရိုက်သွင်းနေသော တရုတ်အပေါ် အပြစ်မြင်ရန်ကိုမူ သဘောထား ကွဲလွဲလေ့မရှိပေ။ အာဆီယံအဖွဲ့၀င် နိုင်ငံများဖြစ်သော ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းတို့က တောင်တရုတ် ပင်လယ်အတွင်း ပိုင်နက်များနှင့် ပတ်သက်၍ အငြင်းပွားနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံက ယင်းကိစ္စကို နိုင်ငံတကာ ခုံရုံးအဖွဲ့သို့ တင်ခဲ့သည်။ သို့သော် ကမ္ဘောဒီးယားနှင့် ယခုအစည်းအ၀ေးအိမ်ရှင် လာအိုတို့သည် တရုတ်၏ အထောက်အပံ့နှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် မှီခိုနေရသည့် ဆင်းရဲသော နိုင်ငံများဖြစ်ပြီး တရုတ်အပေါ် သစ္စာရှိသူများဖြစ်သည်။ သည်ဟိဂ် အခြေစိုက်ခုံရုံး၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး မကြာမီ တရုတ်က ကမ္ဘောဒီးယားကို အလွန်ချိုသာသော အတိုးနှုန်းဖြင့် ဒေါ်လာ သန်း ၅၀၀ ကျော် ချေးပေးမည်ဟု ကြေညာခဲ့သည်။ “တရုတ်က တောင်တရုတ်ပင်လယ် ကိစ္စနဲ့ပတ်သက်ပြီး သူရဲ့မဟာမိတ်တွေဖြစ်တဲ့ လာအိုနဲ့ ကမ္ဘောဒီးယား ကနေတစ်ဆင့် အာဆီယံကို ဖြိုခွဲရာမှာ အောင်မြင်သွားပါပြီ” ဟု အာဆီယံသံတမန် တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဒီအဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို ထိန်းသိမ်းနိုင်စွမ်း မရှိခြင်းက တောင်တရုတ်ပင်လယ် ပြဿနာ သက်သက်သာမက ဒေသတွင်း အုပ်စုဖွဲ့ရာမှာပါ အာဆီယံကို အားနည်းစေမှာ သေချာပါတယ်” ဟုလည်း အမည်မဖော်လိုသူ အဆိုပါ သံတမန်က ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ် ကိစ္စနှင့်ပတ်သက်၍ နယ်မြေပိုင်ဆိုင်ကြောင်း ပြောကြားထားသည့် ပြိုင်ဘက်များနှင့် စေ့စပ်ညှိနှိုင်းရန် တရုတ်အတွက် အကောင်းဆုံးဖိုရမ် ဖြစ်သည်ဟု အာဆီယံက မိမိတို့ကိုယ်ကိုယ် အမွှမ်းတင်ထားသည်။ တရုတ်နှင့် အငြင်းပွားနေသော နိုင်ငံအများအပြားမှာ အာဆီယံအဖွဲ့၀င် နိုင်ငံများ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် အာဆီယံ၏ ယင်းကဲ့သို့သော ချဉ်းကပ်ပုံကို တရုတ်က ငြင်းဆိုခဲ့ပြီး နယ်မြေ အငြင်းပွားမှုကို နှစ်ဦးနှစ်ဖက်သာ ဖြေရှင်းရမည်ဟု ဆိုသည်။ Ref : AFP
Source : http://ift.tt/2aedXpV
via IFTTT

No comments:

Post a Comment