မယ်စကြဝဠာ မြန်မာ ၂၀၁၇ ဆန်ခါတင် အလှမယ်များ လာမည့် စက်တင်ဘာတွင် ချင်းပြည်နယ်သို့ လူမှုရေးခရီးသွားမည် Sunday, July 24, 2016 မယ်စကြဝဠာ မြန်မာ ၂၀၁၇ ဆန်ခါတင်အလှမယ်များ ၏ လူမှုရေးခရီးစဉ်ကို ချင်းပြည် နယ်သို့ သွားရောက်ရန် စီစဉ်ထား ပြီး အလှူငွေများ ပါဝင်လှူဒါန်း နိုင်ကြောင်း ယင်းပြိုင်ပွဲ၏ NationalDirector ဒေါ်စိုးယုဝေ ကပြော သည်။ ဆန်ခါတင်အလှမယ်များ နှင့် သြဂုတ် ၁၉ ရက်တွင် စာနယ် ဇင်းမိတ်ဆက်မည်ဖြစ်ပြီး အလှ မယ်များ၏ ချင်းပြည်နယ်ခရီးစဉ် ကို စက်တင်ဘာအတွင်း သွား ရောက်ရန် စီစဉ်ထားသည်ဟု ဆို သည်။ ‘‘အခုလောလောဆယ်တော့ ခရီးစဉ်ဆွဲနေတယ်။ အဲဒီဘက်ကို ကိုဝေဠုကျော်တို့က ရောက်ဖူးပြီး သား။ သူတို့ဖောင်ဒေးရှင်းက အဲဒီဘက်ကို အမြဲတမ်းသွားနေ တာဆိုတော့ သူနဲ့တိုင်ပင်နေတယ်။အစ်မတို့သွားမယ့်အချိန်က အေး တဲ့အချိန်ဆိုတော့ အနွေးထည် တို့၊ စောင်တို့ အစားအသောက် တို့ ဝယ်သွားမယ်။ ဘာတွေလို အပ်မလဲဆိုတာကိုလည်း ကိုဝေဠု ကျော်တို့ကို မေးထားတယ်’’ဟု ၎င်းက ပြောသည်။ ယင်းအစီအစဉ်အတွက် ပါဝင်လှူဒါန်းလိုသူများသည် ၀၉-၅၁၅၈၈၃၈၊ ၀၁-၃၉၃၁၀၂၊ ၀၁-၃၉၂၀၉၉ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းရရှိ သည်။ယင်းခရီးစဉ်၌ နှာခေါင်းကွဲ၊ အာခေါင်ကွဲ လူနာများ တွေ့ရှိပါ က ယင်းနေရာအနီးအနားတွင် ခွဲစိတ်ပေးနိုင်ရန် စီစဉ်နေသည်ဟု ဆိုသည်။ ‘‘ကချင်ကိုလည်း ဆက်သွား ချင်တယ်။ အချိန်ရရင်တော့ တစ် ဆက်တည်းသွားဖို့ စဉ်းစားထား တယ်’’ဟု ဒေါ်စိုးယုဝေက ပြော သည်။ ဆန်ခါတင်အလှမယ် ရွေး ချယ်ခြင်းကို သြဂုတ်လလယ်ပိုင်း တွင် ပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလှမယ်ရွေးချယ်ပွဲ ၁၈ ပွဲပြုလုပ် ရန်ရှိသည်ဟုဆိုသည်။ ‘‘သြဂုတ် ပထမပတ်ဆို နယ်ပွဲတွေအကုန်ပြီးပြီ။ အစ်မတို့ ရန်ကုန်မှာလည်း သြဂုတ် ၆ ရက် ဆို ဖောင်ပိတ်ပြီ။ ဖောင်ပိတ်ပြီး ၁၇ ရက်နေ့မှာ လူတွေ့ရွေးချယ်ပွဲ လုပ်မယ်။ ရန်ကုန်မှာတော့ ဒီနှစ် ခြောက်ယောက်လောက် ရွေးဖို့ အစီအစဉ်ရှိတယ်’’ဟု ဒေါ်စိုးယု ဝေက ပြောသည်။ လက်ရှိအချိန်အထိ တိုင်းနှင့် ပြည်နယ်အလိုက် အလှမယ်ပြိုင် ပွဲ ခုနစ်ပွဲ ပြုလုပ်ပြီးသွားပြီဖြစ်ပြီး ဇူလိုင် ၂၃ ရက်တွင် နေပြည်တော် နှင့် ဇူလိုင် ၂၄ ရက်တွင် ပြည်မြို့ များ၌ အလှမယ်ရွေးချယ်ပွဲများ ဆက်လက် ပြုလုပ်မည်ဖြစ်သည်။ #7day daily ဓာတ်ပုံ-ဇွဲဉာဏ်
Source : http://ift.tt/2amMuCi
via IFTTT
No comments:
Post a Comment