Friday, July 29, 2016

The Voice

အုပ်ချုပ်ရေး ကိစ္စရပ်များကို မွန်ပြည်သစ်ပါတီမှ မစွက်ဖက်ရန် ကရင် နယ်/လုံဝန်ကြီးဌာန သတိပေး -------------------------------------------------------- အစိုးရအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို မွန်ပြည်သစ်ပါတီမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် တားမြစ် ကန့်ကွက်စာကို ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်က ပေးပို့ခဲ့ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်၊ မင်းရွာစံပြကျေးရွာနေ မင်းလှဘော်ပါ လေးဦးကို မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်ငါးဦးက မူးယစ်ဆေးဝါးများ တွေ့ရှိသည်ဟုဆိုကာ ဇွန် ၅ ရက်က ဝဲရိတ်ကျေးရွာရှိ မွန်ပြည်သစ်ခရိုင်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းအပေါ် ပြည်သူများက ဥပဒေဖောက်ဖျက် ကျူးလွန်ခဲ့ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ သတင်းပေးကာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောဆိုသည်။ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသော ဦးမင်းလှဘော်ကို ဝဲရိတ်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ ခရိုင်ရုံးတွင် ခြေကျင်းခတ်ထားကြောင်း ဒေသခံများပြောဆိုမှုကြောင့် ဦးမင်းလှဘော်၏ မိခင်ဖြစ်သူ ဒေါ်ကွက သားဖြစ်သူကို ခြေကျင်းမခတ်ထားရန် သွားရောက်ပြောဆိုခဲ့ရာ ဦးမင်းလှဘော် ထွက်ပြေးပါက ကျပ်သိန်း ၃၀၀ ပေးရမည်ဟုဆိုကာ ယင်းတပ်ဖွဲ့ဝင်များက ပြောဆိုသဖြင့် မရွှေ့မပြောင်းနိုင်သည့် ငွေကျပ်သိန်း ၃၀၀ တန် ပိုင်ဆိုင်မှုကို ခံဝန်ချုပ်ဆိုပေးခဲ့ရကြောင်း ကရင်ပြည်နယ် ဌာနဆိုင်ရာများ၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။ မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို နယ်မြေခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ၎င်းတို့သဘောဆန္ဒဖြင့် လုပ်ကိုင်ခြင်းမှာ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဥပဒေမဲ့လုပ်ကိုင် ဆောင်ရွက်နေသလိုဖြစ်နေကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။ လက်ရှိတွင် အဖမ်းခံရသော မင်းလှဘော်ပါဝင်သော လေးဦးမှာ ဝဲရိတ်ကျေးရွာရှိ မွန်ပြည်သစ်ပါတီ ခရိုင်ရုံးတွင် မရှိတော့ဘဲ မွန်ပြည်သစ် ပါတီ ဗဟိုဌာနချုပ်ရုံးစိုက်ရာ ရေးမြို့နယ် (ချောင်းဖျား) ဘက်သို့ ပြောင်းရွေ့ ထားကြောင်း နိုင်လှဘော်၏ မိခင်က ပြောဆိုသည်။ မကြာသေးမီက မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ထွက်ပြေးသည်ဟုဆိုကာ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် ရွာသားတစ်ဦးသေဆုံးခဲ့မှုကို ကရင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက သေနတ်နှင့်ပစ်ခဲ့သည့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်ကို ဥပဒေအရ ဆောင်ရွက်မှု ခံယူရန် တောင်းခံထားပြီး ကန့်ကွက်စာကိုလည်း ထုတ်ပြန်ခဲ့သည်။
Source : http://ift.tt/2arT7Fc
via IFTTT

No comments:

Post a Comment