Sunday, July 31, 2016


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းများ၏ အခြေအနေကို သိရှိနိုင်ရန် ရန်ကုန်တိုင်း လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး ကော်မတီက ဩဂုတ် ၁ ရက်မှစ၍ ကွင်းဆင်းလေ့လာမည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းများ၏ အခြေအနေကို သိရှိနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီက ဩဂုတ် ၁ ရက်မှစ၍ ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း အဆိုပါ၏ ကော်မတီ အဖွဲ့၀င် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။ ဩဂုတ် ၁ ရက်မှစ၍ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင် တစ်ရက်လျှင် နှစ်မြို့နယ်နှုန်းဖြင့် ရန်ကုန်တိုင်း ဒေသကြီး တစ်ခုလုံးရှိ တရားရုံး၊ ဥပဒေရုံးနှင့် ရဲစခန်းများ အားလုံးသို့ ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း၊ ထိုသို့ ကွင်းဆင်း လေ့လာပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် ကော်မတီ အစည်းအ၀ေး ထိုင်ကာ သုံးသပ်ချက်၊ အကြံပြုချက်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ “တရားရုံးတွေ၊ ဥပဒေရုံးတွေ ရဲစခန်းတွေကို ကွင်းဆင်းပြီးတော့ လေ့လာရေးလုပ်ဖို့ ရှိတယ်။ ပထမဆုံးအကြိမ် ၀င်ရောက် လေ့လာမှာပါ။ အပတ်စဉ် တနင်္လာ၊ အင်္ဂါမှာ ကျွန်တော်တို့ ကော်မတီက ကွင်းဆင်းလေ့လာမှာ။ တစ်ရက်ကို နှစ်မြို့နယ် ကွင်းဆင်းလေ့လာမယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့မှာ အစည်းအ၀ေး ထိုင်ပြီး လွှတ်တော် ဥက္ကဋ္ဌကနေပြီးတော့ အစိုးရအဖွဲ့ကို အကြံပြု တိုက်တွန်းတာတွေ လုပ်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီအဖွဲ့၀င် ဦးရန်အောင်က ပြောကြားသည်။ “ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး အံ့ဩဖွယ် ကောင်းလောက်အောင် ယိမ်းယိုင်နေတာတွေ ရှိတယ်။ ပြည်သူလူထုကနေ ကျွန်တော်တို့ဆီကို တိုင်စာတွေ ပို့တယ်။ ဥပဒေနဲ့ ပတ်သက်ပြီး အကာအကွယ် မဲ့နေတဲ့ သူတွေကိုလည်း အကာအကွယ် ပေးရလိမ့်မယ်။ အသိုင်းအ၀ိုင်း မရှိလို့၊ ငွေမရှိလို့ နစ်နာ ဆုံးရှုံးနေရတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ အခု နိုင်ငံရေးစနစ်က အားလုံး၀ိုင်း ၀န်းဆောင်ရွက်ကြမှ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ထားတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီးတော့ အချို့သုံးသပ်ချက်တွေမှာ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ရှိမယ်ဗျ။ အဲဒီအခါကျရင် ကျွန်တော်တို့က ကျွန်တော်တို့ ကော်မတီ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို အကြံပြု တင်ပြမယ်” ဟု ဦးရန်အောင်က ဆက်လက် ပြောကြားသည်။ ထို့ပြင် အချုပ်ခန်းများတွင် ချုပ်နှောင်ခံထားရသည့် အချုပ်သားများနှင့် ပတ်သက်၍လည်း ရသင့်ရထိုက်သည့် အခွင့်အရေးများ ပေးခြင်းရှိ၊ မရှိကိုလည်း ၀င်ရောက် လေ့လာမည်ဖြစ်ကြောင်း ဦးရန်အောင်က ပြောကြားသည်။ “အချုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးအောင်၊ အချုပ်ခန်းထဲ ရောက်တဲ့သူတိုင်းကို ကျူးလွန်တယ််လို့ လုံး၀ယူဆလို့ မရဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ အာရုံထားတယ်။ နောက်ပြီးတော့ တရားရုံးတွေမှာ ပျက်စီး ယိုယွင်းနေတာတွေလည်း ရှိမယ်။ ဒါတွေကိုလည်း လေ့လာမှာပေါ့။ တရားစီရင်ရေး ကိစ္စအပြင် သူတို့ရဲ့ လူနေမှုဘ၀တွေကိုလည်း လေ့လာမှာပါ” ဟု ဦးရန်အောင်က ဆိုသည်။ လေ့လာပြီးပါက ကော်မတီက သုံးသပ်ချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံတင်ပြပြီး လိုအပ်ပါက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မေးခွန်း၊ အဆိုများဖြင့် တင်ပြမေးမြန်းမည်ဖြစ်ကြောင်း ဦးရန်အောင်က ပြောကြားသည်။ Writer: ကျော်ထင်
Source : http://ift.tt/2ad9ulc
via IFTTT

No comments:

Post a Comment