တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့မှု ယခင်နှစ်ထက်တန်ချိန် ၂,၀၀၀ ကျော် လျော့ကျ Sunday, July 24, 2016 မူဆယ် (၁၀၅)မိုင်မှ တ ရုတ်နိုင်ငံသို့ ယခုနှစ်သရက် ရာ သီတွင်း သရက်သီးတင်ပို့မှုသည် ယခင်နှစ်ထက် တန်ချိန် ၂၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း (၁၀၅) မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိသည်။ (၁၀၅) မိုင် သစ်သီးဝလံကုန် စည်ဒိုင်စာရင်းများအရ ယခုနှစ် သရက်ရာသီအတွင်း တရုတ်နိုင်ငံ သို့တင်ပို့မှုသည် ၂၅,၀၆၄ တန်ရှိပြီးပြီးခဲ့သည့် ၂၀၁၅ က တန်ချိန် ၂၇,၃၄၀ ရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် တရုတ်သို့ သရက်သီး တင်ပို့မှု ၂,၂၇၆ တန်လျော့နည်းခဲ့ ကြောင်း သိရသည်။ ‘‘ဒီနှစ်မှာက မိုးသီးမိထားတာ အများကြီးပဲ။ အဲဒါကြောင့်လျော့သွားတာ။ နောက်ပြီး ပြည်တွင်း စားသုံးမှုလည်း များလာတယ် လို့ထင်တယ်’’ဟု မူဆယ်(၁၀၅) မိုင်သစ်သီးဝလံကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောကြားသည်။ ဧပြီခန့်တွင် စတင်ပေါ်ပြီး ဇူလိုင်၌ကုန်ဆုံးသည့် သရက်သီး ရာသီအတွင်း ယခုနှစ်တွင် သရက်သီးများစတင်ပေါ်ချိန် ဧပြီ ၂၁ ရက်မှစပြီး အလယ်ပိုင်းဒေသအချို့ ၌ မိုးသီးကြွေခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပွားပြီး သရက်သီးအပါအဝင် သီးနှံအများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။ ‘‘ဒီနှစ်မှာ ကံကောင်းတာက အရမ်းကြီးပျက်စီးသွားတာ မဟုတ်ရင် တင်ပို့လို့ ရနေသေးတယ်။ တရုတ်ကလေကြွေသီးတွေလည်း ဝယ်တဲ့အတွက်။ နောက်ပြီးဒီနှစ် သရက်သီးက အရင်နှစ်ထက်စာ ရင် စျေးကောင်းတော့ရတယ်။ မိုး သီးနဲ့လေပြင်းကြောင့် ပျက်စီးတဲ့ သူတွေတော့ ဆုံးရှုံးမှုတွေဖြစ်တာ ပေါ့’’ဟု မန္တလေးတိုင်းမှ သရက် သီး စိုက်ပျိုးတင်ပို့သူတစ်ဦးက ပြောသည်။ ပြည်ပသို့ သရက်သီးတင်ပို့ မှု အများဆုံးဖြစ်သည့် မန္တလေး တိုင်းတွင် မိုးသီးများကြောင့် တောင်အင်း၊ မြောက်အင်း၊ ၀ဲကြီး အင်း၊ စဉ့်ကိုင်၊ ဆယ်ရွာစသည့် ဒေသများ၌ သရက်ခြံများ ပျက်စီး မှုများခဲ့ကြောင်း မန္တလေးတိုင်း သရက်သီး စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့မှသတင်း ရရှိသည်။ ရှမ်းပြည်နယ်ရှိ ပင်းတ ယ၊ ရပ်စောက်မြို့နယ်များတွင် လည်း သရက်သီးများ ပျက်စီးမှု ရှိခဲ့သည်။ #7day daily သစ်သီးဝလံ၊ ပန်းမန်ပြပွဲတစ်ခုတွင် ပြသထားသော သရက်သီးများ (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))
Source : http://ift.tt/2ajCw6o
via IFTTT
No comments:
Post a Comment