Sunday, July 31, 2016

www.7daydaily.com

မြန်မာတွင် ဂျီဟတ်စစ်ပွဲဆင်နွှဲရန် တိုက်တွန်းမှုအပါအဝင် အစွန်းရောက်ဝါဒများဖြန့်ဝေသည့် စင်ကာပူတစ်ဦး ဖမ်းဆီးခံရ Sunday, July 31, 2016 မြန်မာနိုင်ငံ၌ ဂျီဟတ်စစ်ပွဲဆင်နွှဲသင့်ကြောင်းတိုက်တွန်းမှု အပါအဝင် အစွန်းရောက်ဝါဒ များ အွန်လိုင်းပေါ် ဖြန့်ဝေနေသူ တစ်ဦးကို စင်ကာပူတွင် ပြည် တွင်းလုံခြုံရေး အက်ဥပဒေဖြင့် အရေးယူ ဖမ်းဆီးခဲ့ကြောင်း The Straits Times သတင်းစာက ဖော်ပြသည်။ အသက် (၄၄) နှစ်ရှိ စင် ကာပူ နိုင်ငံသား ဇူလ်ဖီကာ မိုဟာ မက် ရှရစ်ဖ်သည် မွတ်စလင် ခေါင်းဆောင်များ၊ အာဏာပိုင် များနှင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့ပြီးနောက် စင်ကာပူမှ ထွက်ခွာ ကာ ဩစတြေးလျတွင် ၁၄ နှစ် ကြာ သွားရောက်နေထိုင်ခဲ့သည်။ ယခုနှစ် ဇူလိုင်တွင် စင်ကာပူသို့ ရောက်ရှိနေချိန်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ စင်ကာပူ ရဲတပ်ဖွဲ့၏ အဆို အရ ဇူလ်ဖီကာသည် အွန်လိုင်း တွင် အစွန်းရောက်ဝါဒများ ဖြန့် ဝေခဲ့သည့်အပြင် အနည်းဆုံး နောက်ထပ် လူနှစ်ဦးမျှကို အစွန်း ရောက်ဝါဒီများ ဖြစ်လာအောင် စည်းရုံးခဲ့သည်ဟု ဆိုသည်။ ၎င်း ကို စင်ကာပူရဲတပ်ဖွဲ့က အကြမ်း ဖက်မှုနှင့် ဆက်နွှယ်သော စွပ်စွဲ ချက်များဖြင့် ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၂၉ ရက် ပြည်ထဲရေး ဝန် ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ ဇူလ်ဖီကာသည် ကမ္ဘာကျော် စစ်သွေးကြွ အဖွဲ့အစည်းအိုင် အက်စ်အား ဂုဏ်တင်ချီးကျူး သည့် ပို့စ်ပေါင်းများစွာကို ဖေ့စ် ဘွတ်ခ်ပေါ် ရေးသားခဲ့သည်။ ၎င်းသည် ဘာသာရေး ကို အခြေပြု ကာ အစွန်းရောက်ဝါဒများ ဖြန့် ဝေခဲ့ပြီး အိုင်အက်စ်တို့၏ ခေါင်း ဖြတ် လူသတ်မှုကဲ့သို့ ရာဇဝတ်မှု များကိုပင် အလွန်မှန်ကန်သည့် လုပ်ရပ်မျိုးသဖွယ် ဖေ့စ်ဘွတ်ခ် တွင် ရေးသားခဲ့ကြောင်း သိရ သည်။ ထို့အပြင် ဇူလ်ဖီကာသည် အရှေ့အလယ်ပိုင်းဒေသ၊ ပါလက် စတိုင်း၊ မြန်မာနိုင်ငံနှင့် ဖိလစ် ပိုင်တို့ရှိ မွတ်စလင်များ အနေဖြင့် လက်နက်စွဲကိုင်ကာ ဂျီဟတ်စစ် ပွဲ ဆင်နွှဲသင့်ကြောင်းလည်း တိုက် တွန်း နှိုးဆော်ခဲ့သည်။ ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားမှုအရ ၎င်း ၏ အရေးအသားများသည် အ နည်းဆုံး နောက်ထပ်စင်ကာပူ နိုင်ငံသား နှစ်ဦးမျှကို အစွန်း ရောက်ဝါဒီများ ဖြစ်လာစေခဲ့ ကြောင်းလည်း သိရသည်။ ဇူလ်ဖီကာသည် စင်ကာပူ ၏ လောကီရေးရာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီစံနှုန်းများကို ဖျက် သိမ်းပြီး အစ္စလာမ်မစ်နိုင်ငံတစ်ခု အဖြစ် ထူထောင်ရန်၊ လိုအပ်ပါကအကြမ်းနည်းများ အသုံးပြုရန်၊ ၎င်း ၏ သဘောထား မူဝါဒများကို စင်ကာပူ လူငယ်များထံ လေ့ကျင့် သင်ကြားပေးရန် အစီအစဉ်များ ပင် ရေးဆွဲထားသည်ဟု ဆို သည်။ စင်ကာပူ ပြည်ထဲရေး ဝန်ကြီး ဌာနက ဇူလ်ဖီကာသည် ၂၀၀၁ တွင် အယ်လ်ကိုင်ဒါနှင့် ဂျမား အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့ အစည်းများကို ထောက်ခံရင်း 9/11 တိုက်ခိုက်မှုကို အမေရိကန် က လက်တုံ့ပြန်ကာ အာဖဂန်နစ္စ တန်သို့ ကျူးကျော်စစ်ပြုခဲ့သည့် နောက် အမေရိကန်ကို လက်နက် ဆွဲကိုင် တော်လှန်ရန် အာဖဂန် နိုင်ငံသားများကို စည်းရုံးလှုံ့ ဆော်ရင်း အစွန်းရောက်ဝါဒများ ကို စတင်လက်ခံ ဖြန့်ဝေလာခဲ့ ကြောင်း ဆိုသည်။ ဇူလ်ဖီကာသည် စင်ကာပူရှိ သဘောထား မှန်ကန်သော မွတ် စလင် ခေါင်းဆောင်များကို စိန် ခေါ်ခြင်း၊ မူလတန်းကျောင်းများ တွင် မွတ်စလင်မိန်းကလေးများ ကို မျက်နှာခြုံထည် ဝတ်ဆင်ခွင့် ပေးရန် တောင်းဆိုခြင်းများ ကြောင့် လူသိများလာခဲ့သည်။ ထိုဖြစ်ရပ်နောက်ပိုင်း စင် ကာပူ အာဏာပိုင်များ၊ မွတ်စလင် ခေါင်းဆောင်များနှင့် ဆက်ဆံရေး အဆင်မပြေသောကြောင့် ဩစ တြေးလျသို့ မိသားစုလိုက် ပြောင်း ရွှေ့ အခြေချခဲ့သည်။ ၎င်းသည် ဩစတြေးလျတွင် လည်း သဘောထား တင်းမာသည့် အစွန်းရောက် အစ္စလာမ်မစ်ဝါဒီအဖွဲ့အစည်း တစ်ခုကို ထူထောင် ခဲ့သည်။ ထိုအဖွဲ့အစည်း၏ အမည်ကို ဟစ်ဇ်ဘတ်တာ ရီဟ်ဟု မှည့်ခေါ်ခဲ့သည်။ ၎င်း သည် အယ်လ်မာကာဇင် စင်ကာပူ ဟု အမည်ပေးထားသည့် ဖေ့စ် ဘွတ်ခ်စာမျက်နှာ တစ်ခုကို ထူ ထောင်ကာ စင်ကာပူနိုင်ငံအတွင်း အစွန်းရောက်ဝါဒများ ဖြန့်ဝေရန် အားထုတ်ခဲ့ကြောင်း ဝန်ခံခဲ့ သည်။ ‘‘သူ့ရဲ့ တကယ့်လက်တွေ့ ရည်မှန်းချက်က စင်ကာပူမှာ ရှိ နေတဲ့ မွတ်စလင် အသိုက်အဝန်း ကို လှုံ့ဆော်ဖို့ပဲ။ ပြီးတော့ ဒီမိုက ရေစီစနစ်ကို ဖျက်သိမ်းပြီး စင် ကာပူကို အစ္စလာမ်နိုင်ငံတစ်ခု အဖြစ် ထူထောင်ချင်တယ်။ သူ့ Page ကို လာချိတ်ဆက်ထားတဲ့ အဖွဲ့ဝင်တွေကိုလည်း ဒီသဘော တရားတွေ ရိုက်သွင်းဖို့ ကြိုးစားခဲ့ တယ်’’ ဟု စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ စင်ကာပူ ရဲတပ်ဖွဲ့သည် ဇူလ်ဖီကာ၏ ဝါဒဖြန့်မှုများကို လက်ခံပြီး အကူအညီပေးခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် အသက် (၂၉) နှစ်အရွယ် လုံခြုံရေးဝန်ထမ်း မူဟာမက် ရှာမင်မိုဟာမက်ဆီ ဒက်ခ်နှင့် အသက် (၃၃) နှစ်အ ရွယ် စီးပွားရေးသမား မိုဟာမက် ဆိုင်ဒါဟင် အက်ဘ်ဒူလာတို့ နှစ် ဦးကိုလည်း ဖမ်းဆီးထားပြီး ဖြစ် သည်။ ထို့နောက် ဆိုင်ဒါဟင်၏ ထွက်ချက်ဖြင့် အိုင်အက်စ်ကို ထောက်ခံရပ်တည်ရန် အဓိက ဝါဒဖြန့်နေသူမှာ ဇူလ်ဖီကာဖြစ် ကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။ ယခုဖမ်းဆီးမှုနှင့် ဆက်စပ် ပြီး စင်ကာပူအနေဖြင့် မိမိတို့၏ ဖွဲ့စည်းပုံ ဥပဒေကို တည်တံ့ခိုင် မြဲအောင် အလွန်အလေးထား ကာ ကွယ်သွားမည်ဖြစ်ကြောင်း ဝန် ကြီးချုပ် လီရှန်လွန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားခဲ့သည်။ ‘‘စင်ကာပူရဲ့ ဖွဲ့စည်းပုံ ဒီမို ကရေစီကို ကာကွယ်ဖို့ အစိုးရက အလေးအနက် အစွမ်းကုန် ကြိုး စားနေမှာ ဖြစ်ပါတယ်။ ဒီလို မလျော်ကန်တဲ့ နည်းလမ်းမျိုး ကြံဆောင်နေသူတိုင်းကို ခိုင်မာတိ ကျတဲ့ အရေးယူ တုံ့ပြန်မှုမျိုး ဖြစ် အောင်လုပ်သွားမှာပါ’’ ဟု ဝန်ကြီးချုပ်ကဆိုသည်။ စင်ကာပူသည် ယခုနှစ် ဧပြီ ကလည်း အိုင်အက်စ်ထံ သွား ရောက်ပူးပေါင်းရန် ကြံစည်နေ သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုင်ငံ သား နှစ်ဦးကို ဖမ်းဆီးခဲ့သေး သည်။ #7day daily @LH စင်ကာပူရဲများက ဖမ်းဆီးလိုက်သည့် ဇူလ်ဖီကာနှင့်၎င်း၏ မိတ်ဆွေအချို့
Source : http://ift.tt/2aDPs70
via IFTTT

No comments:

Post a Comment