Wednesday, July 20, 2016

IJ Mobile

Facebook Android app တွင် သိမ်းဆည်းထားသည့် ဗီဒီယိုများကို offline ကြည့်ရှုနိုင်မည် ========== Android အတွက် ဖြန့်ချိထားသော Facebook app တွင် save ပြုလုပ်ထားသည့် ဗီဒီယိုများကို offline ကြည့်ရှုနိုင်မည် ဖြစ်သည်။ ၎င်း feature သည် ဆိုးရွားသည့် အင်တာနက်ချိတ်ဆက်မှုကို တိုက်ဖျက်မည့် Facebook ၏အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယအတွက်သာ ဖြန့်ချိခဲ့သည်။ ယခုအခါတွင် ကမ္ဘာတစ်ဝန်းရှိ Android သုံးစွဲသူများက ၎င်း feature ကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ မည်သည့် ဗီဒီယိုတွင်မဆို dropdown menu ကိုနှိပ်၍ ‘Save Video’ ကိုရွေးချယ်ပြီး လုပ်ဆောင်ချက် အသစ်ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက် ‘Saved’ အတွင်းရှိ ‘Videos’ အောက်တွင် ဗီဒီယို ကြည့်ရှုနိုင်မည် ဖြစ်သည်။ အဆိုပါ feature သည် ဗီဒီယိုများကို download ပြုလုပ်ခွင့်ပေးမည် မဟုတ်ဘဲ ဗီဒီယိုများကို offline ကြည့်ရှုနိုင်ရန် Facebook app အတွင်း ဖိုင်သိမ်းပေးထားမည် ဖြစ်သည်။ Facebook သည် ထိုကဲ့သို့ လုပ်ဆောင်ချက်များကို ထောက်ပံ့သည့် ပထမဆုံးကုမ္ပဏီမဟုတ်ပေ။ ၂၀၁၄ ခုနှစ်တွင် YouTube က မိုဘိုင်းအတွက် offline ဗီဒီိယိုများ ထောက်ပံ့ပေးခဲ့သလို Amazon Prime ကလည်း Android နှင့် iOS အတွက် အလားတူ feature ကိုဖြန့်ချိခဲ့သည်။ ၎င်း feature ကို Facebook ၏ နောက်ဆုံးဗားရှင်း 85 သို့မဟုတ် 86 beta တွင် အသုံးပြုနိုင်သည်။ Ref: TheNextWeb
Source : http://ift.tt/2aulekp
via IFTTT

No comments:

Post a Comment