Monday, July 25, 2016

ပြည်တွင် ၀မ်းနူးစာများရောင်းချမှု ခေတ္တရပ်နားထားရန် လိုက်လံနှိုးဆော်

ပဲခူးတိုင်းဒေသကြီး ပြည် မြို့တွင် ကူးစက်မြန်ပြင်းထန် ၀မ်း ပျက်၀မ်းလျှောရောဂါ ဖြစ်ပွားနေ ခြင်းကြောင့် ၀မ်းပျက်၀မ်းနူးစေ သော အစားအစာများ ရောင်းချ ခြင်း ခေတ္တရပ်နားထားရန် ဒေသအာဏာပိုင်များက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။ ကူးစက်မြန်ပြင်းထန် ၀မ်း ပျက်၀မ်းလျှောရောဂါ ထပ်မံမဖြစ် ပွားစေရန် မုန့်ဟင်းခါးဆိုင်၊ အ သုပ်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ ၀က် သားတုတ်ထိုးဆိုင် စသည့် ၀မ်း ပျက်၀မ်းနူးစေသော အစားအစာ များနှင့် အခြားမသန့်ရှင်းသော အစားအစာ ရောင်းချခြင်းများကို ခေတ္တပိတ် သိမ်းပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ညွှန်ကြားချက်အရ အသိပေး ကြေညာပေး ကြောင်း ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင်က ပြောသည်။ ‘‘စတင်ကြေညာတာနဲ့ ရပ် နားပေးရမှာပါ။ သူတို့စား၀တ်နေ ရေးအရ ဆက်လက်ရောင်းချနေ မယ်ဆိုရင်လည်း ကြေညာချက် မှာက အရေးယူဖို့ ဥပဒေသတ်မှတ် ပေးမထားပါဘူး။ လိုက်လံ စစ် ဆေးတဲ့အခါ သန့်ရှင်းခြင်းရှိ၊ မရှိ တို့၊ ဆိုင်ပိတ်သိမ်းခြင်း မရှိတာမျိုး တို့ တွေ့ရင်တော့ သက်ဆိုင်ရာကိုအကြောင်းကြားပြီး အမျိုးသားရေး စိတ်နဲ့ ကူညီနိုင်ဖို့ မေတ္တာရပ်ခံရ မှာပါ။ ကျန်းမာရေးစိတ်ချနိုင်တဲ့ အခြေအနေရောက်ရှိတဲ့အခါ ပြန် လည်ဆိုင်ဖွင့်နိုင်ဖို့ ထပ်မံအသိပေး ကြေညာပေးမှာ ဖြစ်ပါတယ်’’ ဟု ဦးမောင်မောင်ခင်က ပြောသည်။ ပြည်မြို့တွင် ဇူလိုင်လဆန်း မှစကာ ၀မ်းပျက်၀မ်း လျှောရောဂါ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ ဇူလိုင် ၂၁ ရက်တွင် ကူး စက်မြန်ပြင်းထန် ၀မ်းပျက်၀မ်း လျှောရောဂါ စတင် ဖြစ်ပွားနေ ကြောင်း ပြည်ခရိုင်ပြည်သူ့ကျန်း မာရေးဦးစီးဌာနက ကြေညာခဲ့ သည်။ ပြည်ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၀မ်းနူး၀မ်းပျက်စာရင်း များ ရောင်းချခြင်းကို ထိန်းချုပ် ခြင်းဖြင့် လုပ်ဆောင်နေခြင်းဖြစ် ကြောင်း သိရသည်။ ပြည်ခရိုင်အတွင်း ဇူလိုင် ၂၄ ရက်အထိ ကူးစက်မြန်ပြင်း ထန်၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားသူများ ဆက်လက် ရှိနေပြီး ရောဂါဖြစ်ပွားသူ ၉၈ ဦးအထိ ရှိကြောင်း ပြည်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာခင်စိုးစိုးကြည်က ပြောသည်။ ‘‘ခေတ္တ ပိတ်ခိုင်းတာမျိုးဆို တော့လည်း လိုက်နာသွားရမှာ ပေါ့။ သူတို့ကြေညာတဲ့အချိန်က ည ၁၀ နာရီဆိုတော့ မနက်ရောင်း ချဖို့ လုပ်ထားတာအဆင်သင့်ဖြစ် နေပြီ။ စား၀တ်နေရေးကလည်းရှိ သေးတော့ သန့်သန့်ရှင်းရှင်းလေး လုပ်ရောင်းတာမျိုးကို ခွင့်ပြုပေး ရင် ကောင်းမယ်’’ ပြည်မြို့ဒေသခံ အသုပ်စုံ ရောင်းချသူတစ်ဦးက ပြောသည်။
Source : http://ift.tt/2anocuY
via IFTTT

No comments:

Post a Comment