Thursday, July 28, 2016


ကုမ္ပဏီ၏ ပထမဦးဆုံး လက်တော့ပ်ကို Xiaomi မိတ်ဆက် (နောင်နောင်) =================== မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော ပွဲတွင် Xiaomi က Redmi Pro စမတ်ဖုန်းနှင့်အတူ ကုမ္ပဏီ၏ ပထမဦးဆုံး လက်တော့ပ်ဖြစ်သော Mi Notebook Air ကို မိတ်ဆက်ပေးခဲ့သည်။ Windows 10 ဖြင့်အသုံးပြုနိုင်မည့် Mi Notebook Air ကို စွမ်းဆောင်ရည်မြင့် ၁၃.၃ လက်မနှင့် အလွယ်တကူသယ်ဆောင်သွားနိုင်မည့် ၁၂.၅ လက်မဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် ရရှိနိုင်သည်။ နှစ်မျိုးစလုံးတွင် ပါးလျသည့်ကိုယ်ထည်၊ 1080p display နှင့် backlit ကီးဘုတ်အပြင် USB Type-C charging port တို့ပါဝင်သည်။ ဈေးအကြီးဆုံးအမျိုးအစားက ၄,၉၉၉ ယွမ် (၇၅၀ ဒေါ်လာ) ဖြစ်သည်။ ၁၃.၃ လက်မ အမျိုးအစား၏ အထူသည် ၁၄.၈ မီလီမီတာသာရှိပြီး အလေးချိန်က ၁.၂၈ ကီလိုဂရမ်ဖြစ်သည်။ Intel Core i5-6200U processor (2.7GHz အထိ) နှင့် NVIDIA GeForce 940MX GPU (1GB GDDR5 RAM) ဖြင့် ရရှိနိုင်သည်။ 8GB DDR4 RAM, 256GB SSD နှင့် အခမဲ့ SATA slot တစ်ခုပါဝင်သည်။ 40Wh ဘက်ထရီက ၉.၅ နာရီအထိ အသုံးပြုနိုင်ပြီး USB-C charger ကို အသုံးပြုကာ ၀ မှ ၅၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်း အားသွင်းနိုင်သည်။ အရွယ်သေးငယ်သည့် ၁၂.၅ လက်မ အမျိုးအစားမှာ ပိုမိုပါးလွှာပေါ့ပါးသည်။ အထူက ၁၂.၉ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁.၀၇ ကီလိုဂရမ်ဖြစ်သည်။ Intel Core M3 CPU, 4GB RAM နှင့် 128GB SSD တို့ဖြင့် အသုံးပြုနိုင်သည်။ USB 3.0 port တစ်ခုနှင့် HDMI port တစ်ခုပါဝင်သည်။ ဘက်ထရီမှာ ၁၃.၃ လက်မထက် နှစ်နာရီပိုမိုကြာမြင့်စွာ အသုံးပြုနိုင်သည်။ တန်ဖိုးက ၃,၄၉၉ ယွမ် (၅၂၀ ဒေါ်လာ) ဖြစ်သည်။ Mi Notebook Air ကို တရုတ်နိုင်ငံတွင် ဩဂုတ် ၂ ရက်မှစတင်ကာ ရောင်းချမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ ရောင်းချမည့်အချိန်ကိုမူ ကုမ္ပဏီမှ ပြောကြားခဲ့ခြင်း မရှိပေ။ Ref: Engadget
Source : http://ift.tt/2adUGbC
via IFTTT

No comments:

Post a Comment