Monday, July 25, 2016

www.7daydaily.com

ဝန်ကြီးဌာနများ သတင်းထုတ်ပြန်ရာတွင် ယူနီကုတ်မဖြစ်မနေသုံးစွဲရန် ဆုံးဖြတ်ချက်ချ Monday, July 25, 2016 အစိုးရဝန်ကြီးဌာနများ သည် အွန်လိုင်းစာမျက်နှာ၊ ဝက်ဘ်ဆိုက်များမှ ပြည်သူလူထု ထံ သတင်းထုတ်ပြန်ရာတွင် ယူနီ ကုတ်ပြောင်းလဲသုံးစွဲရန် ဆုံးဖြတ် ချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိ သည်။ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ဦးဆောင်၍ ကွန်ပျူ တာဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင် များက ဇူလိုင် ၂၄ ရက်တွင် ရန် ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ ၌ သုံးနာရီခွဲခန့်ကြာ ဆွေးနွေး၍ ယူနီကုတ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျယ်ပြန့်စွာ အသုံးပြု ရေး၊ အခက်အခဲများရှိပါက ကူညီ ပေးရေးနှင့်အစိုးရဝန်ကြီးဌာနများ က ဦးဆောင်အသုံးပြုရေး စသည့် အချက်သုံးချက်ကို ဆုံးဖြတ်ချမှတ် ခဲ့ကြောင်း National Language Processing (NLP) သုတေသန ဌာန၏လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသူရသက်က ပြောသည်။ ယခုဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးဌာနများနှင့် အစိုးရဌာန ဆိုင်ရာများက ထုတ်ပြန်သည့် သတင်းကြေညာချက်များသည် ဝက်ဘ်ဆိုက်များ၊ ဖေ့စ်ဘွတ်ခ်နှင့် အခြားသောအွန်လိုင်းစာမျက်နှာ တိုင်း၌ ယူနီကုတ်ဖောင့်ဖြင့်သာ မြင်တွေ့ရမည်ဖြစ်ပြီး ယူနီကုတ် ဖောင့်ထည့်သွင်းထားခြင်းမရှိ သော ဖုန်းနှင့်ကွန်ပျူတာများ၌ ဖတ်ရှုရန် အခက်အခဲကြုံတွေ့ရ မည်ဖြစ်သည်။ ‘‘ဒီတွေ့ဆုံမှုက အတိုင်းအ တာတစ်ခုအထိ ယူနီကုတ်သုံးစွဲ လာရေးကို ဖြစ်ပေါ်လာလိမ့်မယ်။ မကြာခင်မှာ အစိုးရအတွင်းမှာ ယူနီကုတ်သုံးစွဲရေးနဲ့ပတ်သက်ပြီး ထူးခြားမှုဖြစ်ပေါ်လာလိမ့်မယ်လို့ ယူဆတယ်။ အစိုးရက စတင် ပြောင်းလဲသုံးစွဲတော့မယ်ဆိုတဲ့ သဘောပေါ့’’ဟု မြန်မာနိုင်ငံကွန် ပျူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။ အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသော e Go-vernment လုပ်ငန်းစဉ်တွင် မြန်မာစံစနစ်ကို အသုံးပြုမှသာ မြန် ဆန်ထိရောက်မှုရှိမည်ဖြစ်ပြီး အ ထက်ပါဆုံးဖြတ်ချက် စတင်အ ကောင်အထည်ဖော်မည့်ကာလ ကို ထပ်မံဆွေးနွေးမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။ ‘‘အစိုးရက ဒါပဲ လုပ်ရမယ် ဆို ဒါပဲလုပ်ရမှာပေါ့။ အရင်တုန်း က Myanmar 1 ဆိုတဲ့ သုံးမရတဲ့ ဟာထုတ်ရင် သုံးရသေးတာလေ။ အစိုးရက ထိန်းလို့ရပါတယ်။ ဒါ ပေမဲ့ တစ်ခုရှိတာက အဲဒီလိုလုပ် လိုက်လို့ လူတွေကြည့်လာမလား၊ မကြည့်လာမလား ဆိုတာက တော့ တစ်ပိုင်းပေါ့လေ’’ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အ သင်း အလုပ်အမှုဆောင် ဦးရဲမြတ်သူက မှတ်ချက်ပြုသည်။ ယခုနှစ်မတ်လတွင် မြန်မာ စာအဖွဲ့၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ ဖောင့်ရေးဆွဲသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများပါ ဝင်သော မြန်မာစာစံစနစ်ကူး ပြောင်းသုံးစွဲရေးကော်မတီဖွဲ့စည်း ခဲ့ပြီးနောက် စံစနစ်(ယူနီကုတ်)ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး အတွက် အစည်းအဝေးများပြု လုပ်ခဲ့ပြီး အထက်ပါဆွေးနွေးပွဲ သည် တတိယအကြိမ်မြောက်ဖြစ် သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်ကစံစနစ်သတ်မှတ်ထားသော ကွန် ပျူတာသုံး မြန်မာစာစနစ်ကျယ် ပြန့်စွာ အသုံးပြုရေးအတွက် နိုင်ငံတော်အဆင့် လုပ်ငန်းတာဝန်တစ် ခုအဖြစ် အရေးတကြီးဆောင်ရွက် ပေးရန် မြန်မာယူနီကုတ်ဧရိယာ အဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အ စည်းအချို့က တောင်းဆိုထား သည်။ ‘‘ဖြစ်သင့်ပါတယ်။ ရေရှည် မြန်မာစာနဲ့ အချက်အလက်တွေ သိမ်းဆည်းနိုင်ဖို့ဆို ယူနီကုတ်ဖြစ် ဖို့လိုတယ်။ ဒါပေမဲ့ အသုံးပြုသူ တွေ အကျွမ်းတဝင်ဖြစ်အောင် လုပ်ပေးနိုင်ဖို့။ နောက်ပြီး ဇော်ဂျီ နဲ့အချက်အလက်တွေကို ပြန်ပြီး ပြောင်းဖို့အတွက်လည်း လုပ်ဖို့ရှိ မယ်။ အချိန်တစ်ခုတော့ ယူရဦး မယ်ထင်တယ်။ အပြည့်အဝ ပြောင်းလဲသုံးနိုင်ဖို့ အင်အား လည်း စိုက်ထုတ်ရမှာပေါ့’’ဟု နည်းပညာကုမ္ပဏီ ဝန်ထမ်းတစ် ဦးက မှတ်ချက်ပြုသည်။ လက်ရှိတွင် ပြည်တွင်း၌ ကွန်ပျူတာနှင့်မိုဘိုင်းဖုန်းသုံးစွဲသူ အများစုသည် မြန်မာစာစံစနစ် (ယူနီကုတ်)ကို အသုံးမပြုဘဲ ရင်း နှီးကျွမ်းဝင်သည့် ဇော်ဂျီဖောင့်ကို သာ သုံးစွဲနေသည်။ #7Day Daily ဇူလိုင် ၂၄ ရက်က တက္ကသိုလ်စိန်ရတုခန်းမတွင် မြန်မာစာစံစနစ်ကူးပြောင်းသုံးစွဲရေးကော်မတီအဖွဲ့ဝင်များ ဆွေးနွေးနေစဉ် (ဓာတ်ပုံ - nweni Facebook)
Source : http://ift.tt/2aaZrAi
via IFTTT

No comments:

Post a Comment