Sunday, July 24, 2016

www.7daydaily.com

ဆမ်ဆောင်း Galaxy A9 Pro (2016) စမတ်ဖုန်း ပြည်တွင်း၌ စတင်ရောင်းချ Sunday, July 24, 2016 မျက်နှာပြင် ကြီးမား သော စမတ်ဖုန်းနှစ်သက်သူများ အတွက် ဖုန်းတစ်လုံးအနေဖြင့် သာမကဘဲ Tablet အနေဖြင့်ပါ တွဲဖက်အသုံးပြုနိုင်မည့် ခြောက်လက်မမျက်နှာပြင်ရှိ GalaxyA9 Pro(2016) စမတ်ဖုန်းကို ပြည်တွင်း၌ စတင်ရောင်းချမည်ဖြစ်ကြောင်း Samsung မြန်မာမှ သတင်းရရှိသည်။ ‘‘အခုနောက်ပိုင်းမှာ မျက်နှာ ပြင်ကြီးပြီး စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းကို လိုချင်တဲ့သူတွေ များလာတာကြောင့် ဒီ Galaxy A9 Pro ဟာ တကယ်ကို သင့်တော်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ 4G နဲ့ 3G စနစ် နှစ်မျိုးစလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Dual SIM အမျိုးအစားဖြစ်ပါ တယ်’’ဟု Samsung မြန်မာ၏ မိုဘိုင်းဌာနအကြီးအကဲ ဦးဇာနည် ဝင်းထက်က ပြောသည်။ Galaxy A9 Pro 2016 သည် Tablet နီးပါး ကြီးမားသည့် Full Resolution ရှိသော ခြောက်လက်မမျက်နှာပြင်ကို တပ်ဆင်ထားပြီး သတ္တုနှင့် ဖန်သားပြင်တို့ကို ပေါင်းစပ်ထား၍ သေသပ် ပြီး ကျစ်လျစ်သော ဒီဇိုင်းဖြင့် ပုံဖော်တည်ဆောက်ထားသည်။ စွမ်းဆောင်ရည်ပိုင်းတွင် Snapdragon 652 CPU ကို RAM 4GB နှင့် တွဲဖက်ထားပြီး Android နောက်ဆုံးဗားရှင်း Version 6.0ဖြင့် လည်ပတ်မည်ဖြစ်၍ များပြား သည့် လုပ်ဆောင်ချက်များကို တစ်ချိန်တည်းတွင် လျင်မြန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဖုန်းတွင်းမှတ်ဉာဏ်အနေ ဖြင့် 32GB ပါရှိပြီး မလုံလောက်ပါက Micro SD ကတ်ဖြင့်128GB အထိ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ကာ ကြီးမားသည့်မျက်နှာ ပြင်ပါရှိ၍ ကြာရှည်စွာ အသုံးပြု နိုင်စေရန် 5000 mAh ရှိသော ဘက်ထရီကို တပ်ဆင်ထားသည်။ ကင်မရာပိုင်းအနေဖြင့် အ လင်းဝင်ပေါက် f/1.9 ရှိသော 16 MP ကျောဘက်ကင်မရာနှင့် 8MP ရှေ့ကင်မရာတို့ကို တပ်ဆင်ထား၍ ကောင်းမွန်သည့်ပုံရိပ် များကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ Galaxy A9 Pro 2016 ကို မြန်မာနိုင်ငံတွင် ဇူလိုင် ၂၂ ရက်မှစ၍ ကျပ် ၅၅၅,၀၀၀ (ငါးသိန်း ငါးသောင်းငါးထောင်)ကျပ်ဖြင့် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ #7day daily ဆမ်ဆောင်း Galaxy A9 Pro စမတ်ဖုန်း
Source : http://ift.tt/2a6XDoS
via IFTTT

No comments:

Post a Comment