အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် ဝါဒသည် ၂၀၁၆ ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ရပ်တည်ခဲ့ကြောင်း ဂျာမန် အဓိပတိ အန်ဂျလာ မာကယ်လ်က ပြောကြားခဲ့သည်။ သူမ၏ နှစ်ကုန် နှုတ်ဆက် မိန့်ခွန်းအတွင်း မာကယ်လ်က မကြာသေးမီ အတောအတွင်း ဖြစ်ပွားခဲ့သည့် ဘာလင်မြို့ အကြမ်းဖက်မှုကို ကိုးကားပြီး ယခုလို ပြောဆိုသွားခြင်း ဖြစ်သည်။ ခရစ္စမတ် မတိုင်မီက တူနီးရှား နွယ်ဖွား တစ်ဦးက ထရပ်ကား တစ််စီးကို အပိုင်စီးပြီး ဘာလင်မြို့၊ ခရစ္စမတ်ဈေးတန်းကို ဝင်တိုက်ခဲ့ရာ လူ ၁၂ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့သည်။ မာကယ်လ်က အကြမ်းဖက်မှု၏ ခြိမ်းခြောက်နိုင်စွမ်း ကြီးမားလာသည်ကို ဝန်ခံခဲ့သော်လည်း ဂျာမနီက အဆိုပါ အကြောက်တရားကို ကျော်လွှားနိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ “ကျွန်မတို့ နေထိုင်ရှင်သန်မှု ဘဝအတိုင်း ရှေ့ဆက်ဖို့ လိုပါတယ်။ အကြမ်းဖက်သမားတွေ ဆိုတာဟာ အမုန်းတရား ပြည့်နှက်နေတဲ့ လူသတ်သမားတွေသာ ဖြစ်တယ်။ သူတို့ဟာ ကျွန်မတို့ ရှင်သန်နေထိုင်မှုနဲ့ ရှင်သန်နေထိုင်လိုတဲ့ ဆန္ဒကို စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ ဂျာမနီဟာ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ ပြီးတော့ စာနာစိတ် ပြည့်ဝတယ်”ဟု မာကယ်လ်က ဆိုသည်။ ဘာလင်တွင် ထရပ်ကားဖြင့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ အေနစ် အမ်ရီကို အီတလီနိုင်ငံ၊ မီလန်မြို့တွင် ရဲများက အသေပစ်ခတ် နှိမ်နင်းနိုင်ခဲ့သည်။ ဂျာမနီတွင် ယခုနှစ် အစောပိုင်းက အန်းစ်ဘာ့ဂ်မြို့အနီး ဘားတစ်ခုတွင် ဆီးရီးယားနွယ်ဖွား လူငယ်တစ်ဦးက ပုဆိန်ဖြင့် ရမ်းကားမှုကြောင့်လည်း လူ ၁၅ ဦး ထိခိုက် ဒဏ်ရာရခဲ့သေးသည်။ မာကယ်လ်က ဥရောပ သမဂ္ဂ အနေဖြင့် ဗြိတိန်နိုင်ငံ နုတ်ထွက်သွားသည့် အခြေအနေနှင့် ဆက်စပ်ပြီး ထိခိုက်မှုများကြောင့် အကြမ်းဖက် ဝါဒကို နှိမ်နင်းရာ၌ နှေးကွေးမှုများ ရှိခဲ့ကြောင်းလည်း ဝန်ခံသည်။ “ဒါပေမဲ့လည်း ဂျာမနီဟာ အနာဂတ်ကို အကောင်းဆုံး ပုံဖော် ရှေ့ဆက်ဖို့ လိုတယ်။ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရာမှာ ကျွန်မတို့ဟာ ဥရောပ သမဂ္ဂ အနေနဲ့ရော၊ နိုင်ငံတစ်ခုချင်းစီ အတွက်ပါ ပိုအားကောင်းအောင် ဆောင်ရွက်ကြရပါမယ်”ဟုလည်း မာကယ်လ်က ပြောကြားသွားသည်
Source : http://ift.tt/2inAuUo
via IFTTT
Saturday, December 31, 2016
The Irrawaddy - Burmese Edition
မလေးရှား၏ ရေယာဉ်များ စေလွှတ်မည့် အစီအစဉ် နိုင်ငံကို စော်ကားခြင်းဟု ပြည်ထဲရေးဝန်ကြီး ပြော မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို ရယူခြင်း မရှိဘဲ မလေးရှားနိုင်ငံရှိ အစ္စလာမ်မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီက ထောက်ပံ့ရေး ရေယာဉ်များကို ရခိုင်ဒေသသို့ စေလွှတ်ရန် စီစဉ်နေခြင်းသည် မြန်မာနိုင်ငံကို စော်ကားခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။ ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၁၆) သို့ တက်ရောက်လာသည့် ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက “နိုင်ငံတော် အစိုးရချင်း အတူတူ တိုင်ပင်ရမယ်။ ဒီအတိုင်း ရခိုင်ပြည်နယ်ထဲကို ဝင်သွားလို့ ဘယ်ရမလဲ။ ဒါမျိုးကို လက်ခံနိုင်စရာ အကြောင်း တခုမှ မရှိဘူး။ လာချင်ရင် တရားဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် လာပါမယ်ဆိုပြီး ဗဟိုအစိုးရကို သတင်းပို့ရမယ်လေ။ ဒါကတော့ တို့နိုင်ငံကို စော်ကားတာလို့ ထင်တဲ့အတွက် လက်မခံနိုင်ဘူး။ ဆောရီး” ဟု သတင်းထောက်များကို ပြောသည်။ မလေးရှားနိုင်ငံ အခြေစိုက် The Star အွန်လိုင်း သတင်းဌာနက မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့ အစည်းများ အတိုင်ပင်ခံကောင်စီမှ ထောက်ပံ့ရေး ရေယာဉ်များသည် ၂၀၁၇ ဇန်နဝါရီ လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ပြီး တန် ၂၀ဝ ဝန်းကျင်ရှိ ဆန်၊ ဆေးဝါး အထောက်အပံ့နှင့် လိုအပ်မည့် ပစ္စည်းများ သယ်ဆောင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖော်ပြခဲ့သည်။ မလေးရှားနိုင်ငံက ရခိုင်ပြည်နယ်သို့ ပစ္စည်းများ ထောက်ပံ့ရန် မြန်မာ အစိုးရထံသို့ တရားဝင် လျှောက်ထားခြင်း ရှိ၊ မရှိကို တိတိကျကျ မပြောနိုင်သေးသော်လည်း အင်ဒိုနီးရှား နိုင်ငံကမူ တရားဝင် လျှောက်ထားလာသဖြင့် ခွင့်ပြုချက် ပေးရန် စီစဉ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ဧရာဝတီသို့ ပြောသည်။ “မလေးရှားက ဘယ်ကို လျှောက်လဲဆိုတာ တိတိကျကျ မသိရသေးဘူး။ အင်ဒိုနီးရှားက နိုင်ငံခြားရေးကို တရားဝင် လျှောက်လာတဲ့ အတွက် ခွင့်ပြုဖို့ ရှိတယ်။ အင်ဒိုနီးရှားက မြန်မာအစိုးရကို အပ်မယ်။ အစိုးရက သွားဝေလိုက်မယ်။ မလေးရှားကတော့ သူ့ဘာသာသူ လာမယ်လည်း ပြောတယ်။ လျှောက်ထားတယ်လည်း ပြောနေတယ်” ဟု ဒေါ်အေးအေးစိုးက ပြောသည်။ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးလှူမည့် လူသားချင်း စာနာထောက်ထားမှု အထောက် အပံ့များကို မည်သည့် အဖွဲ့အစည်းသို့ ပေးအပ်မည်ဟု ကန့်သတ်ထားခြင်း မရှိဘဲ ရခိုင်ပြည်နယ်ရှိ အကူအညီ လိုအပ်နေသူများ အားလုံးကို အကူအညီ ပေးရန် သမ္မတရုံးနှင့် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။ “ပစ္စည်း ဝေမယ်ဆိုရင် ၂ ဖက် အဖွဲ့အစည်းတွေကို မျှမျှတတ ပစ္စည်းတွေ ဝေရတယ်။ မဟုတ်ရင် ပြဿနာတွေ တက်ပြီး ရှင်းရတာ ခက်လို့ပါ” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုညွှန်ချုပ် ဒေါ်အေးအေးစိုးက ပြောသည်။ မလေးရှားကမူ ရခိုင်ပြည်နယ်ရှိ ဖိနှိပ်ခံထားရသည့် ဘင်္ဂါလီ (၄င်းတို့အခေါ် ရိုဟင်ဂျာ) များကိုသာ အထောက်အပံ့များ ပေးအပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း The Star အွန်လိုင်း သတင်းဌာနက ဖော်ပြခဲ့သည်။ NLD အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ် ပြဿနာမှာ ပိုမို ကြီးထွားလာခဲ့ပြီး ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် အသိုင်းအဝိုင်းကြား ပြဿနာများကို အဖြေရှာနိုင်ရေး ကြိုးစားနေရဆဲ ဖြစ်သည်။
Source : https://goo.gl/gTxBca
via IFTTT
Source : https://goo.gl/gTxBca
via IFTTT
Eleven တောင်းပန်သော်လည်း အမှု ပြန်မရုပ်သိမ်းနိုင် ဟုဆို
တောင်းပန်သော်လည်း အမှု ပြန်မရုပ်သိမ်းနိုင် ဟုဆို ဧရာဝတီ The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ အာဘော်ထဲမှ အချက်အလက် တချို့ နှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တစုံတရာ ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သူ အားလုံးကို Eleven Media Group က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တောင်းပန်ခဲ့သော်လည်း အမှုပြန်လည် ရုပ်သိမ်းရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။ “သူတို့ဘက်က တောင်းပန်တာကတော့ သူတို့ကိစ္စပါခင်ဗျ။ သူတို့ရဲ့ ဆောင်ရွက်ရမယ့် အပိုင်းကိုပဲ သူတို့ ဆောင်ရွက်တဲ့သဘော ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ပြန်လည် ရုတ်သိမ်းဖို့တော့ မရှိပါဘူး” ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမိုးဟိန်းက ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီသို့ ပြောသည်။ ဒေါက်တာ သန်းထွဋ်အောင်၏ Facebook စာမျက်နှာတွင် ရေးသားမှုများနှင့် Eleven Media Group ၏ သတင်း စာမျက်တွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့ အာဘော်ပါ စာသား တချို့ကြောင့် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
Source : https://goo.gl/hiWGfK
via IFTTT
Source : https://goo.gl/hiWGfK
via IFTTT
MOI Webportal Myanmar
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သည် ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ စုဆောင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးဗဟိုဌာနအဖြစ် တာဝန်ယူဆောင်ရွက်သွားရန်ရှိ နေပြည်တော် ဒီဇင်ဘာ ၃ဝ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ကြာပန်းအဝိုင်းအနီးတွင် ၂ဝ၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ပြီး စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားစာကြည့်တိုက်သည် နိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေထားသော စာပေပစ္စည်းများကို ပြည့်စုံစွာစုဆောင်းထိန်းသိမ်း၍ စာဖတ်သူများအား ဝန်ဆောင်မှုပေးရန် တာဝန်သာမက မြန်မာ့စာပေပစ္စည်းများ ယဉ်ကျေးမှုသမိုင်း ကြောင်းအရ ရေးသားထားခဲ့သည့် ပုံနှိပ်ထုတ်ဝေထားခြင်းမရှိသည့် စာပေ ပစ္စည်းများ၊ ရှေးဟောင်းစာပေအမွေအနှစ်များဖြစ်သည့် ပေ၊ ပုရပိုက်နှင့် လက်ရေးစာများ၊ ကမ္မဝါစာတို့ကိုပါ ကာလကြာရှည်တည်ရှိနေစေရန် ထိန်းသိမ်း စောင့်ရှောက်ရန်လည်း တာဝန်ရှိသည်။ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာနအနေဖြင့်လည်း ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ယခုအခါ ယခင်ဆောင်ရွက်ခဲ့ သော ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေးကော်မရှင် ကို ပြန်လည်အသက်သွင်းရန် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် မြန်မာသမိုင်းအဖွဲ့ ပုံမှန်အစည်းအဝေးတွင်လည်း ''ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ကို မြန်မာသမိုင်း အဖွဲ့၏ ဆပ်ကော်မတီအဖြစ် ဖွဲ့စည်းဆောင်ရွက်သွားရန် ဆုံးဖြတ်အတည် ပြုပြီးလည်းဖြစ်သည်။ အထက်ပါကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အမျိုးသားစာကြည့်တိုက် သည် ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေးဗဟိုဌာန အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ လှူဒါန်းလိုလျှင်သော်လည်းကောင်း၊ စုဆောင်း ထိန်းသိမ်းထားသည့် နေရာတွင်ပင် ပြုပြင်ထိန်းသိမ်းခြင်း၊ စာရင်းပြုစုခြင်း၊ စနစ်တကျထားသိုခြင်းလုပ်ငန်းများ ဆောင်ရွက်လိုလျှင်သော်လည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ တယ်လီဖုန်း ဝ၆၇-၄ဝ၈၃၈၄ နှင့် ညွှန်ကြားရေးမှူး အမျိုးသားစာကြည့်တိုက်(နေပြည်တော်) တယ်လီဖုန်း ဝ၆၇-၄၁၈၄၂၆ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သိရသည်။ (သတင်းစဉ်)
Source : http://ift.tt/2hyAAqb
via IFTTT
Source : http://ift.tt/2hyAAqb
via IFTTT
The Voice
ရခိုင်ပြည်နယ်အရေး ပူးပေါင်း ဆောင်ရွက်ရန် မလေးရှား ဝန်ကြီးချုပ်နှင့် မြန်မာအထူးသံအဖွဲ့ တွေ့ဆုံဆွေးနွေးမည် ရန်ကုန်၊ ဒီဇင်ဘာ ၃၁ မြန်မာနိုင်ငံ အထူးသံအဖွဲ့သည် ရခိုင်ပြည်နယ် ကိစ္စရပ်များ အပါအဝင် ရခိုင်ပြည်နယ် ဖြစ်စဉ်များအပေါ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် မလေးရှားနိုင်ငံသို့ သွားရောက်၍ မလေးရှား ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။ မြန်မာနိုင်ငံ အထူးသံအဖွဲ့သည် မလေးရှားနိုင်ငံသို့ ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်းတွင် သုံးရက်ကြာ သွားရောက်မည်ဖြစ်သည်။ မြန်မာသံအဖွဲ့သည် ရခိုင်ပြည်နယ် ကိစ္စရပ်များအပေါ် မလေးရှားနိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ အတွင်းသို့ ဇန်နဝါရီလ ၁၀ ရက်တွင် ဝင်ရောက်မည့် မလေးရှားနိုင်ငံ ထောက်ပံ့ရေး ရေယာဉ်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ “နှစ်နိုင်ငံကြား ဆွေးနွေးမယ့် အကြောင်းအရာတွေက များစွာရှိတယ်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စရပ် များစွာရှိတယ်။ အဆိုပါ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်တယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်များဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ခွင့်ပြုချက်မဲ့ ဝင်ရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အစ္စလာမ္မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံ ကောင်စီက ဇန်နဝါရီ ၁၀ ရက်တွင် ထုက်ပြန်ထားသည်။ “ရခိုင်ပြည်နယ်ကို ထောက်ပံ့မယ်ဆိုတဲ့ ရေယာဉ်တွေ ဝင်ရောက်လာမယ်ဆိုတဲ့ ကိစ္စရပ်အပေါ်ကိုလည်း ဆွေးနွေးဖို့ ရှိတယ်”ဟု ဦးဇော်ဌေးက ဆက်လက် ပြောသည်။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အစိုးရက အစ္စလာမ် ဘာသာဝင်များကို သတ်ဖြတ်နေသည်ဟု စွပ်စွဲချက်များဖြင့် မလေးရုားနိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးရှေ့၌ ဒီဇင်ဘာ ၄ ရက်တွင် လူထောင်နှင့်ချီ၍ ဆန္ဒပြရာတွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင်ခဲ့သည်။
Source : https://goo.gl/Xg3GWy
via IFTTT
Source : https://goo.gl/Xg3GWy
via IFTTT
Friday, December 30, 2016
ကမ္ဘာ့အမြင့်ဆုံး တံတား တရုတ်ပြည်မှာ ဖွင့်လှစ် တရုတ်ပြည် အနောက်တောင်ဘက် ယူနန်ပြည်နယ်နှင့် Guizhou ပြည်နယ်တို့ရှိ တောင် ၂လုံးကို ဆက်သွယ်ပေးထားသည့် ကမ္ဘာ့အမြင်ဆုံးတံတားကို ယနေ့ဖွင့်လှစ်လိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။ Beipanjiang တံတားဟု အမည်ပေးထားသည့် တံတားမှာ ၁၈၅၄ ပေမြင့်ပြီး၊ ပေ ၄၄၀၀ခန့် ရှည်ကာ မြစ်တစင်းပေါ်မှ ကျော်ဖြတ်ကာ အဆိုပါတောင် ၂လုံးကို ဆက်သွယ်ပေးထားကြောင်းသိရပါတယ်။ ၄လမ်းသွားတံတားကြီးကို တည်ဆောက်လိုက်တဲ့အတွက် ယူနန်ပြည်နယ်ရှိ Xuanwei မြို့နှင့် Guizhou ပြည်နယ် Shuicheng မြို့တို့အကြား သွားလာရေးမှာ ၄နာရီကျော်ကြာ အချိန်ကုန် သက်သာသွားကြောင်း သိရပါတယ်။ တံတား၏ ကုန်ကျစရိတ်မှာ တရုတ်ယွမ် ၁ဘီလျံ(အမေရိကန်ဒေါ်လာ ၁၄၄သန်း) ရှိတယ်လို့ သိရပါတယ်။ တရုတ်ပြည်မှာ ကမ္ဘာ့အမြင့်ဆုံးတံတား အများအပြားရှိရာ မူလက ဟူဘေးပြည်နယ်ရှိ ဆီဒူမြစ်ကို ဖြတ်ကူးထားသည့်တံတားမှာ ကမ္ဘာအမြင့်ဆုံးဖြစ်သော်လည်း ယခုဖွင့်လှစ်သည့် တံတားအသစ်မှာ အဆိုပါတံတားကို ကျော်ဖြတ်ကာ ကမ္ဘာအမြင့်ဆုံးတံတားဖြစ်လာ ခဲ့ပါတယ်။
Source : https://goo.gl/0RwlM2
via IFTTT
Source : https://goo.gl/0RwlM2
via IFTTT
သံတမန်များနှင်ထုတ်သည့် အမေရိကန်လုပ်ရပ် တုံ့ပြန်မည်ဟု သမ္မတပူတင်ပြော အမေရိကန်က ရုရှားသံတမန်များအား နှင်ထုတ်မှုနှင့် ပတ်သက်ပြီး လက်တုံ့ပြန် သွားမယ်လို့ သမ္မတပူတင်က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ အချက်အလက်တွေကို ရုရှားကဖောက် ထွင်းခိုးယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှားသံတမန် ၃၅ဦးကို အမေရိကန်မြေကနေ ၇၂နာရီအတွင်း ထွက်ခွာဖို့ အမိန့်ထုတ်ခဲ့သလို၊ နယူးယောက်ခ်နဲ့ မေရီလန်းမှာရှိတဲ့ ရုရှားသံတမန်များ နေထိုင်ရာ အဆောက်အဦး ၂ခုကိုလည်း သူလျိုလုပ်တဲ့နေရာတွေဖြစ်တယ်ဆိုကာ ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတအိုဘားမားရဲ့ အစိုးရအာဏာလွဲပြောင်းခါနီးမှာ ရုရှားနဲ့ ပတ်သက်လို့ အပြင်းထန်ဆုံးလုပ် ရပ်တခုဖြစ်ပါတယ်။ ရုရှားသံတမန်တွေကတော့ ဒီလို သူလျိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် အခုလို သံတမန်များ နှင်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရ ပြောခွင့် ဒီမီထရီ ပက်စ်ကော့ဗ်က “ကျနော်တို့ သေချာပေါက် တုံ့ပြန်မှာပါ၊ အမေရိကန်အာဏာပိုင်တွေလည်း ကသိကအောက်ဖြစ်စေရ မှာပါ၊ သမ္မတကလည်း တုံ့ပြန်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာ အမေရိကန်ရဲ့ ရန်လိုမှုတခုဖြစ်ပြီး၊ ရုရှားအနေနဲ့ကတော့ ပုံမှန်ဆက်ဆံ ရေးပြန် ရောက်ဖို့ မျှော်လင့်ပါတယ်လို့လည်း ဆိုပါတယ်။ မနေ့က သမ္မတအိုဘားမား၏ ရုံးမှ အမေရိကန်ရွေးကောက်ပွဲများ မော်စကိုက ဝင်ရောက်စွက်ဖက်မှု ကြောင့် ရုရှားသံတမန် ၃၅ဦးအပါအဝင် ရုရှားသံတမန်များနေထိုင်ရာ အဆောက်အအုံ ၂ခုကိုလည်း ပိတ်ပစ်လိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဇာခါရိုဗာကလည်း သူတို့ဝန်ကြီးဌာနအနေနဲ့လည်း အမေရိကန် ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
Source : https://goo.gl/ZfP21e
via IFTTT
Source : https://goo.gl/ZfP21e
via IFTTT
The Ladies News
ရွှေမိပလတ်စတစ် ဓာတုပစ္စည်း သုံးစွဲမှုကြောင့် အလုပ်သမားများနှင့် ပတ်၀န်းကျင် ထိခိုက်မှုစစ်ဆေးရန် စက်ရုံအား ယာယီပိတ်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ် --- --- --- လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စု စက်မှုဇုန်(၁) မြတောင်၀န်ကြီး ဦးမှိုလမ်း အမှတ်-၄၉ ရှိ “ရွှေမိ” ပလတ်စတစ် စက်ရုံတွင် ဓာတုပစ္စည်း သုံးစွဲမှုကြောင့် အလုပ်သမားများနှင့် ပတ်၀န်းကျင် ထိခိုက်မှု စစ်ဆေးရန် စက်ရုံအား ယာယီ ပိတ်ထားရမည့်အကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွန်ကြားထားကြောင်း သိရသည်။ အဆိုပါစက်ရုံတွင် မကြာသေးခင်က အလုပ်ရှင်/ အလုပ်သမား အငြင်းပွား မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အလုပ်သမားများက အခြေခံလစာ ၁၅၀,၀၀၀ တိုးပေးရန်၊ ဓာတုဓာတ်ပစ္စည်းများ သုံးစွဲရသည့်အတွက် လုပ်သက်အလိုက် တစ်နှစ်လျှင် တစ်လစာပေးရန်၊ အ၀ေးသင် ပြန်တက်သည့် ကျောင်းသားများအား လစာမဲ့ခွင့်ပေးရန် နှင့် စုပေါင်းညှိနှိုင်း တောင်းဆိုမှုစာချုပ် ချုပ်ဆိုပေး ရန် တောင်းဆိုခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ၀န်ကြီး ဦးဆောင်သည့် အဖွဲ့က စစ်ဆေးခဲ့ပြီးနောက် ယာယီပိတ်ရန် တောင်း ဆိုခြင်းဖြစ်ကြောင်း သိရသည်။ စက်ရုံသို့ ရခိုင်တိုင်းရင်းသား၀န်ကြီး ဦးဇော်အေးမောင် ဦးဆောင်သည့် အဖွဲ့က ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက သွားရောက် စစ်ဆေးရာတွင် စက်ရုံ၀င်းအ တွင်း ပလတ်စတစ်လောင်းသည့် စက်ဌာနတွင် တင်ဒါအနံ့ နှင့် ကော်နံ့ အနည်းငယ်ရရှိခြင်း၊ ဆေးဖော်စပ်သည့် ဌာနနှင့် ဆေးသိုလှောင်ခန်း အနီးတွင် ရှိသည့် အလုပ်နေရာတွင် ဆေးတင်ဒါနံ့များ ရရှိနေပြီး စက်ရုံ လေ ၀င်/ လေ ထွက်ပေါက်များ နည်းနေကြောင်းနှင့် အလင်းရောင် ရရှိစေရန် ထပ်မံပြုလုပ်သင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းအတွက် ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစည်းအ၀ေး ဆုံးဖြတ်ချက်အရ ရွှေမိ ပလတ်စတစ်စက်ရုံတွင် စက်ရုံအလုပ်သမားများ ရင်ဆိုင် တွေ့ကြုံနေရသည့် အခက်အခဲများ ဖြေ ရှင်း ဆောင်ရွက်နိုင်ရေး EIA/SIA စစ်ဆေးဆောင်ရွက်ရန်နှင့် စစ်ဆေးဆောင် ရွက်နေစဉ် ကာလအတွင်း စက်ရုံအား ယာယီပိတ်သိမ်းဆောင်ရန် ညွန်ကြားထားခြင်း ဖြစ်သည်။ EIA/SIA လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ယာယီပိတ်သိမ်းရန် ဒီဇင်ဘာ ၂၇ ရက်ညနေပိုင်းက အကြောင်းကြားသည့် အတွက် ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီမှ စတင်ကာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းကာ ညွန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ပြီးကြောင်း ဒီဇင်ဘာ ၂၈ ရက်က အဆိုပါရွှေမိစက်ရုံမှ မြို့နယ် အုပ်ချူပ်ရေးမှူးထံသို့ အသိပေးထားကြောင်း သိရသည်။ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း က “စီးပွားရေးဘက်မှာ အနည်းငယ် ကျဆင်းနိုင်ပါတယ်။ stability ကို ဦးစားပေး ဆောင် ရွက်နေလို ့ growth ကို ထိခိုက်စေနိုင်မယ့် အလုပ်တွေ ရှောင်နိုင်ရပါမယ်။ ဒီလိုမူဝါဒတွေနဲ့ သွားနေတဲ့ အချိန်မှာ ပြည် တွင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေ ပုံမှန်ကနေ ပိုမိုစွမ်းအားမြှင့် လည်ပတ်နိုင်အောင် ရင်းနှီးမြှုုပ်နှံမယ့် သူတွေ ယုံကြည်မှုရှိလာအောင် တိုင်းအစိုးရကြီးတွေ အနေနဲ့ စွဲဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အလုပ်လက်မဲ့ ပြသ၁နာ တစ်ဖက်က ရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သဘာဝမကျတဲ့ တောင်းဆိုမှုတွေ ဖြစ်တဲ့ အခြေခံ လုပ်ခလစာမှာ ကျပ် ၁၅၀,၀၀၀ တောင်းဆိုမှုကြောင့် ဆန္ဒပြကြတယ်။ ဒါကို တာဝန်ရှိသူတွေက စက်ရုံကို ပိတ်စေချင်တော့ တင်နာအနံ့၊ ကော်အနံ့ အနည်းငယ်ရရှိ ပြီး ဆေးသိုလှောင်ခန်း အနီးတွင် ရှိသော အလုပ်နေရာ တွင် ဆေးတင်ဒါနံ့ရရှိသည်ဟု ဆိုကာ စက်ရုံအား ယာယီပိတ်ရန် ညွှန်ကြားချက် ထုတ်လိုက်သော တာဝန်ရှိသူတွေကို အံ့သြမိပါတယ်” ဟု ၎င်း၏ ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာတွင် သုံးသပ်ထားသည်။ The Ladies News
Source : http://ift.tt/2iMCwA9
via IFTTT
Source : http://ift.tt/2iMCwA9
via IFTTT
The Voice
AI နည်းပညာနှင့် တီထွင်မှုများကြောင့် အမေရိကတွင် အလုပ်လက်မဲ့ဦးရေ များလာမည်ဟုဆို ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉ ဉာဏ်ရည်တုဖြင့် လူသားတို့အတိုင်း တုပလုပ်ဆောင်နိုင်သော စက်ရုပ်များနှင့် အငှားဦးနှောက်များဖြင့် လုပ်ဆောင်နိုင်စွမ်းများ တိုးတက်ထွန်းကားလာခြင်းက အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့ဦးရေကို ပိုမိုတိုးပွားလာစေနိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်ကို AFP သတင်းတွင် ဖော်ပြထားသည်။ လက်ရှိ အလုပ်ဌာနပေါင်းစုံတွင် တာဝန်ယူ လုပ်ဆောင်နေသူများသည် ပညာတတ်များ နည်းပါးလာပြီး၊ နည်းပညာကလည်း အားကောင်းလာသည့်အတွက် မကြာသောကာလတွင် အမေရိကန် သန်းချီပြီး အလုပ်လက်မဲ့များဘဝ ရောက်ရန် သေချာသလောက် ရှိနေကြောင်း ယင်းသတင်းက ဆိုသည်။ ကျွမ်းကျင်လုပ်သားများ ရှားပါလာခြင်းနှင့် ဉာဏ်ရည်တု (AI) ဖြင့် စွမ်းဆောင်နိုင်သည့်စက်များ ပေါ်ပေါက်လာခြင်းက လူသားတို့၏ ဘဝကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသော်လည်း အမေရိကန်ပြည်ထောင်စု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် AI အပေါ်တွင် များစွာ တည်မှီနေမည် ဖြစ်သောကြောင့် တီထွင်မှုများကို ရပ်ဆိုင်းလိုက်ရန် မဖြစ်နိုင်ဟု အိမ်ဖြူတော်က မှတ်ချက်ပြုသည်။ အိမ်ဖြူတော်က တင်သွင်းသည့် စာတမ်းတစ်စောင် ဖြစ်သော ‘Artificial Intelligence, Automation, and the Economy’ ထဲတွင် အနာဂတ် AI ှု စနစ်နှင့် မည်သို့အကျိုးရှိစွာ အသုံးချရန် ပြင်ဆင်ထားခြင်းကို အောက်တိုဘာလ ကတည်းက အစိုးရအား တင်ပြပြီးခဲ့ကြောင်း ရေးသားထားသည်။ ယင်းစာတမ်းထဲတွင် ၂၀၁၆ ခုနှစ် အကုန်၌ AI ကြောင့် အမေရိကန် စီးပွားရေးအပေါ် သက်ရောက်နိုင်သည့် အကြောင်းများကို ထည့်သွင်းရေးသား အကြံပြုထားသည်။ “ဒီပြောင်းလဲမှုက လူတစ်ဦးချင်းစီအတွက် အခွင့်အလမ်းတွေ အများကြီး ပေါ်လာမှာပါ။ အလားတူ စီးပွားရေး၊ လူမှုရေးတွေလည်း ပိုပြီး ပွင့်လင်းသွားမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ လတ်တလောတော့ လူသန်းချီပြီး ဒုက္ခရောက်ဖို့ ရှိတယ်” ဟု ပညာရှင်များက သုံးသပ်ထားသည်။ AI သည် အလုပ်လက်မဲ့ အရေအတွက်ကို တိုးပွားစေနိုင်သည်ဆိုစေ နိုင်ငံတော် စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအားကို ပိုပြီး အထောက်အကူ ပြုလာမည်ကို လက်ခံရမည် ဖြစ်ကြောင်း၊ လုပ်သားရှားပါးမှု၊ လုပ်ခလစာ ကြီးမြင့်စွာ ပေးနေရမှုများကို လျှော့ချနိုင်မည် ဖြစ်သလို၊ ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်မည့် အခွင့်အရေးများကိုလည်း ထည့်တွက်ရမည်ဖြစ်ကြောင်း AFP တွင် ရေးသားထားသည်။ Forrester သုတေသနအဖွဲ့ကလည်း လာမည့် ငါးနှစ်အတွင်း AI နည်းပညာဖြင့် တီထွင်ဖန်တီထားသည့် စက်များက အလုပ်အကိုင် ၆ ရာခိုင်နှုန်းတွင် အစားထိုး ဝင်ရောက်လာလိမ့်မည်ဟု ဖော်ပြထားသည်။ အိမ်ဖြူတော်သည် ၂၀၁၃ ခုနှစ် ကတည်းက အောက်စ်ဖို့ဒ်ကုမ္ပဏီ၏ အကြံပြုစာတမ်းတွင် ၄၇ ရာခိုင်နှုန်းခန့် အလုပ်လက်မဲ့ဖြစ်မည့် အရေးကို ဆက်ပြီး ဆွေးနွေးထောက်ခံထားသည်။ အလုပ်လက်မဲ့ ဖြစ်သွားမည့် သူများတွင် အတတ်ပညာ၊ နည်းပညာ မကျွမ်းကျင်ထားသည့် ပညာမဲ့သူများ ပိုပြီး ခံစားလာရဖွယ်ရှိကြောင်း AFP တွင် ဖော်ပြထားသည်။
Source : https://goo.gl/ijTZhq
via IFTTT
Source : https://goo.gl/ijTZhq
via IFTTT
The Voice
ကလက်တန်ဘတ်ဂျ်ကို ခေါ်ယူရန် တရုတ်ဆူပါလိဂ် စိတ်ဝင်စား ဒူဘိုင်း၊ ဒီဇင်ဘာ ၂၉ တရုတ်ဆူပါလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသည် လိဂ်ပြိုင်ပွဲ အဆင့်အတန်းကို မြှင့်တင်ရန်အတွက် ထိပ်တန်းအဆင့် ဒိုင်လူကြီးများ ခေါ်ယူရန် ကြိုးပမ်းနေပြီ ဖြစ်ကာ တရုတ်ဆူပါလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ပစ်မှတ်များအနက်တွင် ထိပ်ဆုံးနေရာ၌ ရှိနေသည်မှာ ပရီးမီးယားလိဂ် ဒိုင်လူကြီး ကလက်တန်ဘတ်ဂျ် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။ ကလက်တန်ဘတ်ဂျ်သည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့၌ Globe Soccer Awards ဆုပေးပွဲ အခမ်းအနား တက်ရောက်ရန်အတွက် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ယင်းဆုပေးပွဲတွင် ကလက်တန်ဘတ်ဂျ်က တစ်နှစ်တာ အကောင်းဆုံး ဒိုင်လူကြီးဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။ Globe Soccer Awards ဆုပေးပွဲ အခမ်းအနားသို့ ရောက်ရှိလာခဲ့ကြသည့် တရုတ်ဆူပါလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီ တာဝန်ရှိသူများသည် ဆုပေးပွဲ အခမ်းအနား ပြီးဆုံးချိန်တွင် ကလက်တန်ဘတ်ဂျ်ကို သွားရောက်တွေ့ဆုံခဲ့ကြကာ လိဂ်ပြိုင်ပွဲသို့ ကမ္ဘာတစ်လွှားမှ ထိပ်တန်းကစားသမားများ ပြောင်းရွှေ့ရောက်ရှိလာချိန်တွင် လုပ်ပွဲဖန်တီးမှုကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် ထိပ်တန်းဒိုင်လူကြီးများ ခေါ်ယူရေးကို စီစဉ်လိုက်ရခြင်း ဖြစ်ပါကြောင်း တရုတ်ဆူပါလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။ ကလက်တန်ဘတ်ဂျ်သည် ၂၀၁၆ ခုနှစ် အတွင်း၌ အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲနှင့် ယူရို ၂၀၁၆ ဗိုလ်လုပွဲတို့ကို တာဝန်ယူခွင့် ရရှိခဲ့ကာ တရုတ်ဆူပါလိဂ်သို့ ကလက်တန်ဘတ်ဂျ် ပြောင်းရွှေ့ဖြစ်၊ မဖြစ်ကို အားကစားရေးရာ ကံစမ်းကုမ္ပဏီ လတ်ဒ်ဘရုခ်က ၂၅ လေးတစ်လေးဖြင့် ကြေးဖွင့်လှစ်မှုများ ရှိနေပြီ ဖြစ်သည်။ တရုတ်ဆူပါလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီသည် ကလက်တန်ဘတ်ဂျ်ကို ကမ္ဘာ့စံချိန်တင်လုပ်ခ တစ်ရပ်ဖြင့် မက်လုံးပေး စည်းရုံးဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး ၎င်းတို့အနေနှင့် လိဂ်ပြိုင်ပွဲ အဆင့်အတန်း တိုးတက်လာခြင်းနှင့်အတူ နိုင်ငံလက်ရွေးစင်အသင်း အောင်မြင်မှု ရစေရန် မူဝါဒများလည်း ချမှတ်ထားပြီ ဖြစ်ကြောင်း တရုတ်ဆူပါလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီက အသိပေးထားသေးသည်။
Source : https://goo.gl/dkU5Ko
via IFTTT
Source : https://goo.gl/dkU5Ko
via IFTTT
Thursday, December 29, 2016
The Irrawaddy - Burmese Edition
ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်သို့ ဦးရွှေမန်း တင်ပြ ဧရာဝတီ ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေ၏ ပုဒ်မတခုဖြစ်သည့် ၆၆ (ဃ)ကို ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောသည်။ ယမန်နေ့ နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ဝင်းအတွင်း ကျင်းပသည့် ဦးရွှေမန်း၏ ကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့ တွေ့ဆုံစဉ် ဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ ယင်းပုဒ်မ ၆၆ (ဃ) သည် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသဖြင့် ဖျက်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများကို ပြုလုပ်ပေးရန် အစိုးရသို့ တောင်းဆိုခြင်း ခံထားရသည့် ပုဒ်မတခု ဖြစ်သည်။ ယင်း ဥပဒေအရ ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည့် ပြစ်မှုတခုခုကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်၍ သုံးသပ်ကြည့်ရာတွင် Defamation ဟုခေါ်သည့် အသရေဖျက်မှုသည် နိုင်ငံတကာတွင်လည်း တရားမကြောင်းထဲတွင်သာ ထည့်သွင်းအသုံးပြုကြောင်း၊ ပြည်တွင်း ဥပဒေများတွင်လည်း အသရေဖျက်မှုချင်း တူသော်လည်း ယခုပုဒ်မတွင် ရဲအရေးပိုင် ဖြစ်နေခြင်း၊ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်စေနိုင်ခြင်း တို့ကြောင့် အာမခံကိစ္စတွင် ပြဿနာများ ဖြစ်နေကြောင်း ဦးရွှေမန်းက ပြောသည်။ “ဒီဥပဒေက ပုဒ်မ ၆၆ (ဃ) က အဲဒီ အပိုဒ်ကို ဆွဲထုတ်၊ အဲဒီမှာ မထားနဲ့။ ထည့်ချင်တယ်ဆိုရင် အဲဒီအပိုဒ်ကို သီးခြား ပြစ်ဒဏ် ဘယ်လောက် ဘယ်လောက် ပေးနိုင်တယ်ဆိုရင် အာမခံကိစ္စက အလိုအလျောက် ပြီးသွားနိုင်ပါတယ်။ ဒီအပေါ်ကို မူတည်ပြီး အဲဒီအကြောင်းကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီးပြီ။ လွှတ်တော် ဥက္ကဋ္ဌဆီကိုလည်း ပေးပြီးပြီ။ ဒီအတွက် ဥပဒေ ပြင်ဆင်ဖို ့ဥပဒေကြမ်းပါ တင်ပြီးပြီ” ဟု ဦးရွှေမန်းက ပြောသည်။ ယခုကဲ့သို့ ပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ရန် ကြိုးစားခြင်းသည် Daily Eleven ကိစ္စ ပေါ်ပေါက်လာ၍ မဟုတ်ဘဲ ၆၆ (ဃ) ဖြင့် တရားစွဲခံရသည့် ချစ်သမီး၊ ပဲခူးမြို့မှ မစန္ဒီမြင့်အောင် အပါအဝင် ဖြစ်စဉ်အားလုံးကို လေ့လာသုံးသပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း ဦးရွှေမန်းက ပြောဆိုသည်။ သို့သော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကမူ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရန် လွှတ်တော် ကိုယ်စားလှယ်ထဲမှ တင်ပြလာသူ တဦးတယောက်မျှ မရှိသဖြင့် လတ်တလောတွင် ပြင်ဆင်ရန် စီစဉ်မှု မရှိသေးကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
Source : https://goo.gl/jGClZQ
via IFTTT
Source : https://goo.gl/jGClZQ
via IFTTT
Eleven Broadcasting
ဖားကန့်မြို့နယ်အတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ အနည်းဆုံး ၅၀ ဦးခန့် နစ်မြုပ်ပျောက်ဆုံးနေဟု ခန့်မှန်း(ရုပ်သံ) ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုနဲ့ လုံးခင်းကျေးရွာအုပ်စုအကြားရှိ ကန်ခမ်စုပေါင်းမြေစာပုံမှ ကျောက်စိမ်းနန်းတော် ကုမ္ပဏီ မြေစာစွန့်ပစ်တဲ့အခြမ်းမှာ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေ သူ အနည်းဆုံး ၅၀ ဦးခန့် နစ်မြုပ်ပျောက်ဆုံးနေတယ်လို့ မျက်မြင်တွေ့သူတွေက ခန့်မှန်းပြောဆိုပါတယ်။
Source : http://ift.tt/2iG8gHg
via IFTTT
Source : http://ift.tt/2iG8gHg
via IFTTT
The Mirror Daily
ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့ =============================================== နေပြည်တော် ဒီဇင်ဘာ ၂၈ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် သဝဏ်လွှာတစ်စောင်ပေးပို့သည်။ အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်- ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာ ၁။ ယနေ့ ၂၇၅၆ ခုနှစ်၊ သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်မင်္ဂလာနေ့ထူး နေ့မြတ်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးနဲ့ ကမ္ဘာ့ဒေသအရပ်ရပ်မှာ ပျံ့နှံ့အခြေချနေထိုင်လျက်ရှိကြတဲ့ ကရင်တိုင်းရင်းသား အပေါင်းတို့ ကောင်းမြတ်ခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂။ တိုင်းရင်းသားပေါင်းများစွာနဲ့ဆောက်တည်ထားတဲ့ ကျွန်မတို့ပြည်ထောင်စုရဲ့ ဂုဏ်ယူတန်ဖိုးအထားရဆုံး အရာတစ်ရပ်ကတော့ ချစ်ဖွယ်ကောင်းလှတဲ့ အမျိုးမျိုးအဖုံဖုံသော ရိုးရာယဉ်ကျေးမှုအစဉ်အလာလေးတွေ ဖြစ်ပါတယ်။ အစဉ်အလာအလေ့အကျင့်ကောင်းတွေကို လေ့လာ၊ သတိရခြင်းဟာ ကျွန်မတို့တွေရဲ့ ပြည်ထောင်စုစိတ်ဓာတ် ကို မြှင့်တင်ပေးပြီး ကျွန်မတို့နိုင်ငံရဲ့ အင်အားတွေကြီးထွားစေပါတယ်။ ၃။ ရှေးယခင်ကစပြီး ကောက်သစ်ပေါ်ချိန်မှာ မိသားစုတွေ အတူတကွ ကောက်သစ်စားပွဲများ ကျင်းပလာရာမှ ကရင်နှစ်သစ်ကူးပွဲတော် ဆင်းသက်လာတယ်လို့ ဟြေလို့ရပါတယ်။ ဒါကြောင့် နှစ်သစ်ကူးချိန်ဟာ နှစ်ဟောင်းက အားစိုက်ကြိုးပမ်းမှုတွေရဲ့ အသီးအပွင့်တွေကို ရယူပွေ့ပိုက်နိုင်ခြင်းအတွက် ကျေနပ်ကြည်နူးရတဲ့ အချိန်အခါပါ။ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့လုပ်ခဲ့ရသမျှရဲ့ အကျိုးကျေးဇူးတွေကို တစ်နေ့တော့ ခံစား၊ စံစားရမှာပဲဆိုတဲ့ မျှော်လင့်ချက်ကို ရှင်သန်စေတဲ့ပွဲတော်ပါ။ ၄။ နှစ်ပေါင်း ၆ဝ ကျော် လွတ်လပ်ရေးရစဉ်ကစပြီး လောင်ခဲ့တဲ့ပြည်တွင်းစစ်မီး မကြာမီကာလမှာ ငြိမ်းစေရမယ် ဆိုတဲ့ မျှော်လင့်ချက်ရှင်သန်ရုံသာမက အကောင်အထည်ပေါ်လာဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ ကျွန်မတို့ တိုင်းရင်းသားများအားလုံးအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှုတွေ ပြုစုပျိုးထောင်ကြပါစို့။ ယခုနှစ် စိုက်လိုက်တဲ့ ငြိမ်းချမ်းရေးပျိုးပင်လေးတွေဟာ နောက်နှစ်မှာ ငြိမ်းချမ်းရေးကောက်သစ်စားပွဲကြီးကို ပြည်ထောင်စုတစ်ဝန်း ဆင်နွှဲနိုင်ကြပါစေလို့ ကရင်အမျိုးသားနှစ်သစ်ကူး အထူးမင်္ဂလာဆုတောင်းပို့သလိုက်ပါတယ်။ အောင်ဆန်းစုကြည်
Source : http://ift.tt/2iGubtO
via IFTTT
Source : http://ift.tt/2iGubtO
via IFTTT
YESC-CallCenter
ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ 66kV အလုံခွဲရုံမှ အလုံ-ဆင်မလိုက်(၂)ဖီဒါသည် (၀၄:၁၅)နာရီတွင် Earth Fault ဖြင့် ဓာတ်အားပြတ်တောက်သွားခဲ့ပြီး လိုင်းစစ်ဆေးရာ ကမ်းနားလမ်းနှင့် ဟံသာဝတီလမ်းထောင့်တွင် ကွန်ကရစ်အောက်ခြေမှ အသံမြည်နေပါသဖြင့် အရေးပေါ်ပြုပြင်မှုလုပ်ငန်းဆောင်ရွက်နိုင်ပါရန်အတွက် ဓာတ်/ဖြန့်ဌာန၊ မြေအောက်ကြိုးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဖီဒါအပြစ်ကြောင့် ကမာရွတ်မြို့နယ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈)ရပ်ကွက်နှင့် ကြည့်မြင်တိုင်စမ်းချောင်း၊ လှိုင်မြို့နယ်ရှိ ရပ်ကွက်အချို့ ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ ။
Source : http://ift.tt/2iiLBQE
via IFTTT
Source : http://ift.tt/2iiLBQE
via IFTTT
Wednesday, December 28, 2016
The Voice
အက်ဖ်အေ၏ ဆုံးဖြတ်ချက်ကို ဗာဒီမျက်နှာဖုံး သုံးသောင်း ထားရှိ၍ လက်စတာ ဆန္ဒပြ လန်ဒန်၊ ဒီဇင်ဘာ ၂၇ လက်စတာ အသင်းသည် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ) စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အဲဗာတန်က လက်စတာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ယူသွားခဲ့သော ဘောက်ဆင်းဒေးနေ့ ပရီးမီးယား လိဂ်ပွဲစဉ်တွင် အိမ်ကွင်း ကင်းပါဝါရှိ ထိုင်ခုံများ၌ ဗာဒီမျက်နှာဖုံး သုံးသောင်းထားရှိ၍ ဆန္ဒပြသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။ ဗာဒီသည် စတုတ်စီးတီးနှင့် လက်စတာတို့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယား လိဂ်ပွဲစဉ်တွင် ပြိုင်ဘက် စတုတ်စီးတီး တိုက်စစ်မှူး ဒီအော့ဖ် ဘောလုံး ထိန်းထားသည်ကို ခြေစုံဝင်ဖျက်ထုတ်လုယူခဲ့သည့်အတွက် တိုက်ရိုက် အနီကတ်ပြသ ထုတ်ပယ်ခံခဲ့ရပြီး ယင်းပြစ်မှုအတွက် အက်ဖ်အေ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဗာဒီကို သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ထားပြီလည်း ဖြစ်သည်။ လက်စတာ အသင်းတာဝန်ရှိသူများသည် ဗာဒီ၏ အနီကတ်ပြစ်ဒဏ်ကို အယူခံ တင်သွင်းခဲ့သော်လည်း ယင်းအယူခံကို အက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ငြင်းဆန်ပယ်ချခဲ့ကာ ဗာဒီမှာ တရားမျှတမှု ကင်းမဲ့စွာ ဆက်ဆံခံခဲ့ရသည်ကို ပရိသတ်များ သိရှိစေလိုသည့်အတွက် ဘောလုံးကွင်း အတွင်းရှိ ထိုင်ခုံများတွင် ဗာဒီမျက်နှာဖုံးများကို ထားရှိပေးခဲ့ခြင်းဖြစ်ပါကြောင်း လက်စတာက ရှင်းပြထားသည်။ လက်စတာနည်းပြ ရာနီရေးရီသည် ပြိုင်ပွဲ ယှဉ်ပြိုင် ကစားရန်အတွက် ဥမင်လမ်းအတွင်းမှ ၎င်းထွက်လာချိန်တွင် ဗာဒီမျက်နှာဖုံးများကို မြင်တွေ့ခဲ့ရခြင်း မရှိသည့်အတွက် ယင်းကိစ္စကို မှတ်ချက်ပေးနိုင်လိမ့်မည် မဟုတ်ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆို ပြောကြားသွားခဲ့ကာ လက်စတာနှင့် အဲဗာတန်တို့ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်ကို မိသားစုဝင်များနှင့်အတူ အထူးတန်း ပွဲကြည့်စင်မှနေ၍ လာရောက် ကြည့်ရှုသွားခဲ့သော ဗာဒီကမူ ပွဲမစတင်မီတွင် အဆိုပါ မျက်နှာဖုံးကို ဝတ်ဆင်၍ ဆန္ဒပြမှုကို ပူးပေါင်း ပါဝင်သွားခဲ့သည်။ ဗာဒီသည် ပွဲပယ်ပြစ်ဒဏ်အရ ဝက်စ်ဟမ်း၊ မစ်ဒယ်ဘရော့တို့နှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယား လိဂ်ပွဲစဉ်များကို ဆက်လက် လွဲချော်ရလိမ့်မည်ဖြစ်ကာ လာမည့်ဇန်နဝါရီလ ၇ ရက်နေ့တွင် ဂွတ်ဒီဆင်ပါ့ခ် ဘောလုံးကွင်းသို့ သွားရောက်၍ အဲဗာတန်နှင့် ယှဉ်ပြိုင်ရမည့် အက်ဖ်အေ ဖလား တတိယအဆင့် ပွဲစဉ်သို့ရောက်မှသာ ဗာဒီက လက်စတာအတွက် ပြန်လည် ပွဲထွက် ကစားပေးခွင့်ကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။
Source : https://goo.gl/zRHJoX
via IFTTT
Source : https://goo.gl/zRHJoX
via IFTTT
The Voice
မာတီရယ်လ်ကို အငှား ခေါ်ယူရန် ကမ်းလှမ်းမှု မန်ယူ ငြင်းဆန်ပယ်ချ မန်ချက်စတာ၊ ဒီဇင်ဘာ ၂၇ မန်ယူအသင်းသည် အသင်းတိုက်စစ်မှူး မာတီရယ်လ်ကို အငှား ခေါ်ယူရန် ဆီဗီလာက ကမ်းလှမ်း ဆက်သွယ်လာခဲ့သည်ကို ငြင်းဆန်ပယ်ချထားပြီး အပြီးသတ်ခေါ်ယူရန် ဆွေးနွေးမှုမျိုးကိုသာ ၎င်းတို့ဘက်က လက်ခံပေးသွားမည်ဟု မန်ယူတာဝန်ရှိသူများက အကြောင်း ပြန်ထားကြောင်း မာတီရယ်လ်၏ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောကြားထားသည်ဟု Sportmail က ဖော်ပြထားသည်။ ဆီဗီလာ အားကစား ဒါရိုက်တာ မွန်ချီသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က မာတီရယ်လ်၏ အေးဂျင့်ဖြစ်သူထံသို့ ဆက်သွယ်၍ မာတီရယ်လ်ကို အငှား ခေါ်ယူရန် မန်ယူနှင့် ဆွေးနွေးလိုကြောင်း အသိပေးခဲ့ခြင်းဖြစ်ကာ မန်ယူနည်းပြ မော်ရင်ညိုကမူ မာတီရယ်လ်နှင့် ရတ်ရှ်ဖို့ဒ်တို့၏ အနာဂတ်ကို လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်သို့ ရောက်မှသာ ဆုံးဖြတ်ပေးသွားဖွယ် ရှိနေသည်။ မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် ကစားသမား အပြောင်းအရွှေ့ ဈေးကွက် နှစ်ခုအတွင်း အသင်းကို အပြီး တည်ဆောက်သွားရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကာ အဆိုပါ ဈေးကွက်များအတွင်း အသင်းရှိ ပိုလျှံသမားများကို ရောင်းထုတ်၍ ယင်းမ ှရရှိသောဝင်ငွေများဖြင့် ၎င်းအလိုရှိသော ကစားသမားများကို ခေါ်ယူရန်လည်း မော်ရင်ညိုက စီစဉ်ထားသည်။ အသက် ၂၁ နှစ်အရွယ်ရှိ မာတီရယ်လ်သည် နည်းပြ မော်ရင်ညို လက်အောက်တွင် ပုံမှန် ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရသည်ကို အလွန်အမင်း စိတ်ပျက်နေပြီဖြစ်ကာ ၎င်း၏ ကျောနံပါတ်ကို အီဘရာဟီမိုဗစ်ထံသို့ လွှဲပြောင်းပေးလိုက်ခြင်း အတွက်လည်း မာတီရယ်လ်က နည်းပြ မော်ရင်ညိုကို မကျေနပ်မှုများ ရှိခဲ့ဖူးသည်။ ပြင်သစ် လက်ရွေးစင် အသင်းနည်းြုပ ဒက်စ်ချမ့်သည် မာတီရယ်လ်ကို လက်ရွေးစင် အသင်း၌ နေရာရရန်အတွက် ကလပ်အသင်းတွင် ပုံမှန် ပွဲထွက်ကစားခွင့် ရရှိမှသာ ဖြစ်နိုင်လိမ့်မည်ဟု သတိပေးထားပြီဖြစ်ကာ လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ် လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့် ရနိုင်ရန်အတွက် မာတီရယ်လ်က မန်ယူကို စွန့်ခွာသွားဖွယ် ရှိနေပြီလည်းဖြစ်သည်။ ဝက်စ်ဟမ်း အသင်းသည်လည်း ဆီဗီလာနှင့်အပြိုင် မာတီရယ်လ်ကို ခေါ်ယူရန် စိတ်ဝင်စားမှုများ ရှိနေပြီး လာမည့် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်အတွင်း ဝက်စ်ဟမ်းခေါ်ယူလိုလျက်ရှိသော တိုက်စစ်မှူးများအနက်တွင် ဆန်းဒါးလန်းတိုက်စစ်မှူး ဒီဖိုးလည်း ပါဝင်လျက်ရှိသည်။
Source : https://goo.gl/z98Ay9
via IFTTT
Source : https://goo.gl/z98Ay9
via IFTTT
Tuesday, December 27, 2016
7Day News Journal
စတုတ္ထတန်းနှင့်ပဥ္စမတန်းကျောင်းသူသုံးဦးကို မူလတန်းလွန်ကျောင်းမှ ကျောင်းဆရာက သားမယားပြုကျင့်ရန်ကြံစည်ကြောင်း မိဘများက သိရှိပြီးနောက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဖုန်းကုန်းကျေးရွာအုပ်စုအင်ပျံကျေးရွာမူလတန်းလွန်ကျောင်းတွင် ဖြစ်ပွားခြင်းဖြစ်သည်။ ကျေးရွာက ငှားရမ်းထားသည့် အသက် (၂၃) နှစ်အရွယ် ဆွဲခန့်ဆရာက ကလေးများအား ယခုကဲ့သို့ ကြံစည်နေခြင်းကိုကျောင်းမသွားချင်ဖြစ်နေသော သမီးများအား မေးကြည့်ရာမှ မိဘများက သိရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ စတုတ္ထတန်းကျောင်းသူက ကျောင်းမတက်လိုကြောင်း မ ကြာခဏ ပြောဆိုနေ၍ မိခင်က မေးမြန်းရာ ယင်းဆရာက ဆရာများ နားနေခန်းသို့ခေါ်ပြီး သားမယားပြုကျင့်ရန် ကြံစည်သဖြင့် ထွက်ပြေးခဲ့ရကြောင်းကလေး ငယ်က ပြန်လည်ပြောပြခဲ့သည်ဟု သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့နယ် ပညာရေးမှူးရုံးက အ ကြောင်းကြားလာခြင်း မရှိသေး ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ပြောကြား သည်။ ‘‘ဒီဇင်ဘာ ၂၆ ရက်အထိ တော့ အကြောင်းကြားလာတာမ ရှိသေးဘူး။ ကျေးရွာက ခန့်ထား တာဖြစ်တဲ့အတွက် ကျွန်တော်တို့ နဲ့တော့မဆိုင်ပါဘူး။ မှုခင်းဆိုင်ရာ အရ ရဲကပဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု မန္တလေးတိုင်းဒေ သကြီး ပညာရေးမှူးရုံး စီမံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဆွဲခန့်ဆရာက ပဥ္စမတန်း ကျောင်းသူနှစ်ဦးကိုလည်း နားနေ ခန်းတွင် သားမယားကျင့်ရန်ကြံ စည်ခဲ့သည်ဆိုကာ မိဘများက အမှုဖွင့်ထားပြီး စွပ်စွဲခံရသူကို လည်း ဖမ်းဆီးစစ်ဆေးလျက်ရှိ သည်။ ပြီးခဲ့သည့် နိုဝင်ဘာကလည်း မိတ္ထီလာမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာတစ်ဦးက တတိယတန်းနှင့် စတုတ္ထတန်း ကျောင်းသူ ၁၂ ဦးကို မဖွယ်မရာပြုလုပ်သည်ဟုဆို ကာ မိဘအုပ်ထိန်းသူများက အမှု၁၂ မှုဖွင့်လှစ်တိုင်တန်းမှု ဖြစ်ပွားခဲ့သည်။
Source : http://ift.tt/2iyPxt8
via IFTTT
Source : http://ift.tt/2iyPxt8
via IFTTT
7Day News Journal
မုံရွာမြို့ ရုံးကြီးရပ်ကွက်အ တွင်း နေထိုင်သော ကလေးငယ် တစ်ဦးကို အသက်(၂၆)နှစ်အ ရွယ် အမျိုးသမီးတစ်ဦးက ဒီဇင် ဘာ ၂၅ ရက် ညနေ ၅ နာရီခန့်က ခိုးယူထွက်ပြေးခဲ့ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေ မြင့်က ပြောသည်။ ‘‘ကလေးငယ်ကို ခိုးယူထွက် ပြေးတဲ့ အမျိုးသမီးကို ဖမ်းမိထား ပါတယ်။ ဘာကြောင့် ကလေးကို ခိုးယူတာလဲဆိုတာ စစ်ဆေးနေဆဲပါ။ ကလေးရဲ့ ဖခင်ဖြစ်သူက တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှု ဖွင့်ထားပါတယ်’’ဟု ဒုရဲမှူးသိန်း ဆွေမြင့်ကပြောသည်။ ‘‘ဒီအမျိုးသမီးက လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကစပြီး ရုံးကြီး ရပ်ကွက် မီးကင်းတဲနားကို ရောက်လာတာပါ။ ညနေ ၅ နာရီလောက် မှာ ရောက်လာတတ်ပြီး ည ၇ နာရီဝန်းကျင်ဆို ပြန်သွားတတ်ပါ တယ်။ မြင်တွေ့ရတဲ့ ၁၅ ရက် အတောအတွင်း အဝတ်အစားလဲလေ့ရှိတဲ့အတွက် ရူးသွပ်တယ်ဆို တာမဖြစ်နိုင်ပါဘူး’’ဟု ခိုးယူခံရ သော ကလေးငယ်၏ ဖခင်ကပြောသည်။ အသက် (၃)နှစ်လေးလအ ရွယ်ရှိ ကလေးငယ်ကို နေအိမ်၌ မတွေ့သဖြင့် ဖခင်က လိုက်လံရှာ ဖွေခဲ့ရာ ရုံးကြီးရပ်ကွက် မီးကင်းတဲဘေးရှိ မုန့်ဆိုင်တွင် ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦးက ခေါ်သွား ကြောင်း မြင်တွေ့သူများက ပြော သဖြင့် မုံရွာမြို့ပေါ်သို့ လိုက်လံရှာ ဖွေခဲ့ရာ ကမ်းနားလမ်း ရွှေနဒီအမြန်ရေယာဉ်ဂိတ်တွင် အဆိုပါ အမျိုးသမီးနှင့်အတူ ပြန်လည်တွေ့ရှိခဲ့သည်။ ကလေးငယ်ကို ပြန်ခေါ်ရာတွင် ဓားဖြင့် ခြိမ်းခြောက်သဖြင့် အဆိုပါ အမျိုးသမီးအား တွန်းလွှတ်၍ ကလေးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အရွယ်မရောက်သေးသော ကလေးကို ခိုးယူထွက်ပြေးသွား သော အမျိုးသမီးအား မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၃ အရ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ သည်။
Source : http://ift.tt/2ic8PYL
via IFTTT
Source : http://ift.tt/2ic8PYL
via IFTTT
7Day News Journal
တစ်ဦးချင်းကားတင်သွင်း မှု ရပ်နားလိုက်ပြီးနောက် ပြင်ပ စျေးကွက်တွင် အမေရိကန်ဒေါ် လာတန်ဖိုး ဆက်တိုက်ကျဆင်း ခဲ့ရာ တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်ခန့်အထိ ရောက်ရှိလာ ကြောင်း ပြင်ပငွေကြေးစျေးကွက် မှ သတင်းရရှိသည်။ အမေရိကန်ဒေါ်လာတန်ဖိုး သည် ဒီဇင်ဘာ ၁၇ ရက်က အမြင့် ဆုံးစံချိန်တင်စျေးအဖြစ် တစ်ဒေါ်လာလျှင် ၁,၄၄၄ ကျပ်ထိ မြင့်တက်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် တစ်ဒေါ်လာလျှင် ၈၀ ကျပ်ခန့် စျေးကျဆင်းလာသည် ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ ပြင်ပငွေကြေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးကျ ဆင်းနေခြင်းကြောင့် အရောင်းအ ဝယ်အေးနေကြောင်း ငွေကြေးဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေ သူတစ်ဦးက ပြောသည်။ ပြင်ပ ငွေကြေးစျေးကွက်၌ အမေရိကန်ဒေါ်လာတန်ဖိုး ကျ ဆင်းလာချိန်တွင် ဗဟိုဘဏ်၏တရားဝင် ရည်ညွှန်းငွေလဲနှုန်းက တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်ဖြစ်သည်။ ‘‘ကျွန်တော်တို့လူမျိုးရဲ့ ယုံ ကြည်မှုကစျေးတက်မယ်ထင်ရင် လှိမ့်ဝယ်တယ်။ ဒါကြောင့် ပိုတက် တယ်။ ကျမယ်ထင်ရင်တော့ ဝိုင်း ရောင်းတော့ ပိုကျတယ်’’ ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းမှု လိုင်စင်လျှောက်ထား ရန် ဘဏ်များတွင် အာမခံအနေဖြင့် လူတစ်ဦး၊ လိုင်စင်တစ်စောင် လျှင် အမေရိကန်ဒေါ်လာ ၅,၀၀၀ငွေစာရင်းဖွင့်လှစ်ပြီး ယင်းငွေစာရင်းကို အစိုးရသို့ တင်ပြရသည်။ လက်ရှိတွင် တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လိုင်စင်ထုတ်ပေးမှုကို ဒီဇင်ဘာ ၂၃ ရက်ကစတင်၍ စီးပွားကူးသန်းဝန်ကြီး ဌာနက ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပါမစ် ၁,၀၀၀ ကျော်ကို လိုင်စင်ချထားပေးမည် မဟုတ်ဟု သိရသည်။ ထိုပါမစ် အစောင် ၁,၀၀၀ ကျော်အတွက် ဘဏ်၌ ငွေ စာရင်းဖွင့်လှစ်ရမည့် အာမခံငွေ ပမာဏသည်အမေရိကန် ဒေါ်လာ ငါးသန်းကျော် ရှိသည်။ ‘‘မိအေးနှစ်ခါနာတာပေါ့။ အကုန်လုံးဒုက္ခရောက်ကုန်တာ။ ပါမစ်မရဘူးဆိုလည်း အစောကြီးတည်း က မပြောဘူး။ ဘဏ်မှာအကောင့် တွေ ဖွင့်၊ နေပူကြီးထဲ တန်းစီနဲ့ လူတွေတော်တော်လေး ဒုက္ခတွေ ရောက်ကုန်တာ’’ဟု အကျိုးဆောင် လုပ်ကိုင်ပေးသူ ဦးဝင်းမျိုးသူက ပြောသည်။ ကားတင်သွင်းသူများသည် အစိုးရထံ ပါမစ်လိုင်စင်လျှောက် ထားရန် ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာကို တန်ဖိုးကြီးပေးဝယ်ခဲ့ရပြီး ယခုအချိန်၌ စျေးနှုန်း ကျဆင်းလာ၍ ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ကားတင်သွင်းသူအချို့က ဆိုသည်။ ကားတင်သွင်းရန် ပြင်ပစျေးကွက်မှ အမေရိကန် ဒေါ် လာအဝယ်များသဖြင့် စံချိန်တင် မြင့်တက်ခဲ့သော်လည်း လက်ရှိ တွင် တန်ဖိုး ကျဆင်းလာသည်။ ဒေါ်လာတန်ဖိုး ကျဆင်းမှုသည် တစ် ဒေါ်လာလျှင် ၁,၃၀၀ ခန့်အထိ ဆက်တိုက်ကျဆင်းမည်ဟု ပို့ကုန် လုပ်ငန်းရှင် အချို့က ခန့်မှန်းနေကြသည်။ ထို့အပြင် အစိုးရကလည်း ဒေါ်လာစျေးစံချိန်တင်မြင့်တက်မှု ကို လျှော့ချနိုင်ရန် ဇိမ်ခံပစ္စည်း သွင်းကုန်များအပေါ်တွင် အခွန်နှုန်းထားများ တိုးမြှင့်ခြင်း၊ အရည်အသွေး သတ်မှတ်ချက်များ တိုးမြှင့်ခြင်းစ သည့် နည်းလမ်းများကို ဆောင်ရွက်ရန် ပြင်ဆင်နေသည်။
Source : http://ift.tt/2hiuUjY
via IFTTT
Source : http://ift.tt/2hiuUjY
via IFTTT
Eleven Media Group
အနူးအညွတ် တောင်းပန်ခြင်း The Daily Eleven သတင်းစာတွင် ဖော်ပြပါရှိခဲ့သော “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်ကို Eleven Media Group နှင့် Eleven Media Group ၏ CEO မှ ANN (အာရှသတင်းကွန်ရက်) အဖွဲ့ဝင် သတင်းဌာနများ၊ The Daily Eleven သတင်းစာနှင့် The Daily Eleven စာမျက်နှာတို့တွင် ရေးသားဖော်ပြမိခဲ့ပါသည်။ Eleven Media Group သည် အာရှနိုင်ငံပေါင်း ၂၁ နိုင်ငံမှ မီဒီယာ ၂၂ ခုဖြင့် ဖွဲ့စည်းထားသော ANN (အာရှသတင်းကွန်ရက်) ၏ အဖွဲ့ဝင်မီဒီယာများမှ အလှည့်ကျရေးသားရသော ကမ္ဘာ့ရေးရာကဏ္ဍအတွက် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်ကို ပေးပို့ခဲ့ရာ ANN အဖွဲ့ဝင်ဖြစ်သည့် စင်ကာပူနိုင်ငံထုတ် The Straits Time သတင်းစာမှ နိုဝင်ဘာ ၅ ရက်တွင် (Myanmar: A year after the Nov 8 Polls) ခေါင်းစဉ်ဖြင့် ဖော်ပြရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံကိုပါ တွဲဖက်အသုံးပြုဖော်ပြ ပါရှိခဲ့ခြင်းကြောင့် အဓိပ္ပာယ်ကောက်ယူရာတွင် လွဲမှားမှုဖြစ်ပေါ်စေနိုင်သည့်အတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ ထို့အပြင် ယင်းအယ်ဒီတာ့အာဘော်တွင် ကိုးကားဖော်ပြခဲ့သည့် အချက်အလက် အချို့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိ ဖော်ပြထားသော လွဲမှားသည့် အချက်အလက်များဖြစ်နေခြင်းအတွက်လည်း များစွာစိတ်မကောင်း ဖြစ်ရပါသည်။ သို့ဖြစ်ရာ ယင်းကဲ့သို့ မှားယွင်းရေးသား ဖော်ပြခဲ့သည့်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဆိုပါ ရေးသားဖော်ပြချက်ကြောင့် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သူအားလုံးကို Eleven Media Group ၏ CEO နှင့် Eleven Media Group တာဝန်ရှိသူများအနေဖြင့် နောက်နောင်တွင် ဤကဲ့သို့ မလုပ်ဆောင်ပါဟု ဝန်ခံချက်နှင့်အတူ အနူးအညွတ်ဝန်ချတောင်းပန်အပ်ပါသည်။ Eleven Media Group
Source : http://ift.tt/2ixDtwm
via IFTTT
Source : http://ift.tt/2ixDtwm
via IFTTT
Monday, December 26, 2016
The Voice
မောင်တောတွင် ဘင်္ဂါလီ စာရေးတစ်ဦး ထပ်မံအသတ်ခံရ မောင်တော၊ ဒီဇင်ဘာ၂၆ မောင်တောမြို့နယ် ရေတွင်းကျွန်း ကျေးရွာတွင် ဒီဇင်ဘာ ၂၅ ရက်က အစိုးရ ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ဘင်္ဂါလီလူမျိုး ကျေးရွာစာရေးတစ်ဦး ထပ်မံ၍ အသတ်ခံခဲ့ရကြောင်း မောင်တောမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ သေဆုံးသူမှာ ရေတွင်းကျွန်းကျေးရွာ အိမ်ထောင်စု အမှတ် (၆၈၅) နေ အသက် ၂၈ နှစ် အရွယ်ရှိ ကျေးရွာမှ ခန့်အပ်ထားသည့် စာရေးရော်ဖီး (ဘ)ဒိလ်ဒါရ်ဟူဆိန် ဖြစ်ကြောင်း မောင်တောမြို့ ရွက်ညိုတောင် ကျေးရွာ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။ သေဆုံးခဲ့သည့် ရော်ဖီသည် ဒီဇင်ဘာ၂၄ ရက် ည ၈ နာရီခန့်တွင် နေအိမ်မှ ထွက်စဉ်လမ်းတွင် အကြမ်းဖက်အုပ်စုက ဆွဲခေါ်သွားခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဦးရှည်းကျကျေးရွာ ချောင်းစပ်ရှိ ပုဇွန်ကန်အတွင်း လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ဓားထိုးဒဏ်ရာ၊ ဝဲဘက်နားရွက်ပြတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ မောင်တောမြို့နယ် ဦးရှည်းကျကျေးရွာတွင် အစွန်းရောက် ဘင်္ဂါလီများ အကြမ်းဖက်ရန် စီစဉ်နေမှုကို သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သည့် ဘင်္ဂါလီနှစ်ဦးမှာလည်း အသတ်ခံခဲ့ရပြီး ဂေါ်ဒူသာရကျေးရွာ အုပ်စုမှ ဘင်္ဂလီ တစ်ဦးမှာလည်း သက်ဆိုင်ရာ အာဏာပိုင်များနှင့် နီးစပ်သည့်အတွက် အသတ်ခံခဲ့ရကြောင်း၊ ငါးခူရကျေးရွာမှ စာကြည့်တိုက်မှူး ရှုနာမျာမှာလည်း မီဒီယာများနှင့် တွေ့ဆုံ ဖြေဆိုခဲ့သည့်အတွက် အစွန်းရောက် ဘင်္ဂါလီများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း မောင်တောမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဒုတိယရဲမှူးကြီးတစ်ဦးက ပြောသည်။ ယင်းအပြင် မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာမှ အလုပ်သမားခေါင်းဆောင် ဟာဘီရော်မာန်ကို ဒီဇင်ဘာ ၁၃ ရက်က ကိုးတန်ကောက်ကျေးရွာမှ မော်လဝီဇူပိုင် ခေါင်းဆောင်သော အကြမ်းဖက်သမားများက ရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ဒီဇင်ဘာ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယခုသေဆုံးသွားသည့် ရော်ဖီ သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုဝင် ဆော်လီမူလာက ငါးခူရ နယ်ခြားစောင့် ရဲစခန်းသို့ သွားရောက်တိုင်တန်းသဖြင့် ရဲစခန်းက (ပ) ၄၆/ ၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ တရားခံ အမြန်ဆုံး ဖမ်းဆီးရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စခန်းထံမှ သိရသည်။ ဓာတ္ပံု - RPL
Source : https://goo.gl/kNGntg
via IFTTT
Source : https://goo.gl/kNGntg
via IFTTT
Eleven Broadcasting
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဥ်တိုက်မှုတစ်ခု ဖြစ်ပွားပြီး ခုနှစ်ဦးဒါဏ်ရာရ (ရုပ်သံ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၂၅ရက်နေ့ညက ယာဥ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ၇ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Source : http://ift.tt/2ihHxgH
via IFTTT
Source : http://ift.tt/2ihHxgH
via IFTTT
The Voice
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရန်ကုန်မြို့တော်အတွင်း မောင်းနှင်ပို့ဆောင်နေသည့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်များ၏ စည်းကမ်းဖောက်ခြင်းအပြင် ခိုက်ရန်ဖြစ်ပွားခြင်းများနှင့် ပတ်သက်၍ မထသ(ဗဟို) ကော်မတီ အနေနှင့် ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ “အပြောင်းအလဲကာလဖြစ်တဲ့ အခုချိန်က စည်းကမ်းထိန်းရတာ အရမ်းကို ခက်ခဲတယ်။ မျိုးစုံသော ကိစ္စရပ်တွေနဲ့ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ခရီးသည်တွေအတွက် မထသအနေနဲ့ အကျိုးပြုခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ စနစ်က လျော့နည်းလာတဲ့အတွက် မထိန်းချုပ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု မော်တော်ယာဥ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။ စနစ်သစ်ဖြင့် ပြေးဆွဲမည့် အများပိုင် ကုမ္ပဏီတွင် ပါဝင်ပြေးဆွဲနိုင်ခြင်း မရှိသည့် အချို့ယာဥ်လိုင်းများသည် ပြေးဆွဲမှု ရရှိနေသေးသည့် အခွင့်အရေးကို အသုံးချကာ ပြေးဆွဲမှု အခေါက်ရေ ပိုများရန် အရှိန်လွန် မောင်းနှင်နေကြောင်း ၎င်းက ပြောကြားသည်။ “အများပိုင်မှာ ပါတဲ့သူ၊ မပါတဲ့သူ ရှိတယ်။ မပါမယ့်ယာဥ်က လိုင်းပျက်တော့မယ်ဆိုတဲ့ အတွေးနဲ့ စည်းကမ်းကို မလိုက်နာဘဲ အသည်းအသန် ပြေးဆွဲနေတယ်။ လူမိုက်လို လူက ယာဥ်ပေါ်တက်ပြီး ယာဥ်စီးခကို ကောက်ချင်သလို ကောက်တာတွေလည်း ရှိနေတယ်” ဟု ၎င်းက ဆိုသည်။ ယာဥ်လုပ်သားများ စည်းကမ်းဖောက်မှုတွင် ယာဥ်စီး ခပိုကောက်ခံခြင်း၊ မချေမငံ ဆက်ဆံခြင်းတို့မှာ အများဆုံး ဖြစ်ပြီး အဆိုပါ စည်းကမ်းဖောက်မှုများကို ပိုမိုကြပ်မတ်နေသော်လည်း လူတစ်ဦးချင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်နေသောကြောင့် ကျူးလွန်သူ လျော့ကျလာခြင်း မရှိကြောင်း မော်တော်ယာဥ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။ ယာဥ်ပိုင်ရှင်များအနေနှင့် ယာဥ်လုပ်သားများအတွက် မျှတသည့် လုပ်အားခကို မပေးဆောင်နိုင်ခြင်း၊ လုပ်ငန်းခွင် စိတ်ကျေနပ်မှု ရှိစေရန် ဆောင်ရွက်နိုင်ခြင်း မရှိခြင်းတို့ကြောင့် ယာဥ်လုပ်သားများ စည်းကမ်းဖောက်မှုကို တွန်းအားပေးသလို ဖြစ်စေကြောင်း၊ အရှိန်ပြင်းမောင်းခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းကို ထိရောက်အောင် တားမြစ်သင့်ကြောင်း ခရီးသည်တင် ယာဥ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂ဝ ရက်အထိ ပြည်သူများ တိုင်ကြားမှု ၁၁၈၂ ကြိမ်ရှိပြီး အရေးယူထားပြီး ဖြစ်သည့် အမှုမှာ ၁၁၅ဝ မှု ဖြစ်ကြောင်း၊ တိုင်ကြားမှု ၁ဝဝတွင် ယာဥ်စီးခ ပိုတောင်းခြင်းမှာ ၇ဝ ခန့်ရှိကြောင်း မော်တော်ယာဥ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ခရီးသည်တင် ယာဥ်လိုင်း၏ ယာဥ်လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ၁၆ ကြိမ်၊ ခရီးသည်တင် ယာဥ်နှင့်အခြားယာဥ် ခိုက်ရန်ဖြစ်ပွားမှု ခြောက်ကြိမ်၊ တုတ်၊ ဓား လက်နက် တင်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးမှု ကိုးကြိမ် ရှိပြီး ယာဥ် ၈၈၃ စီးကို စစ်ဆေးရာတွင် လက်နက်သဖွယ် အသုံးပြုနိုင်သည်ဟု ယူဆရသည့် ဝါး၊ သစ်သားများ တင်ဆောင်လာသည့် ယာဥ် ၆၂ စီး စစ်ဆေးတွေ့ရှိ ကြောင်း မော်တော်ယာဥ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။
Source : https://goo.gl/Ps67Cv
via IFTTT
Source : https://goo.gl/Ps67Cv
via IFTTT
BBC Burmese
ဗြိတိန် အဆိုတော် ဂျော့ချ် မိုက်ကယ် ကွယ်လွန် Last Christmas သီချင်းရဲ့ မူရင်း အဆိုတော် ဂျော့ချ် မိုက်ကယ် ဟာ ခရစ္စမတ်နေ့ အသက် ၅၃ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့ကြောင်း အဆိုတော်ရဲ့ မန်နေဂျာ ဖြစ်သူက အတည်ပြု ပြောကြား ပါတယ်။ ဂျော့ချ် မိုက်ကယ် ဟာ ၁၉၈၀ ခုနှစ်တွေ မှာတုန်း က Wham UK လို့ ခေါ်တဲ့ နှစ်ယောက်တွဲ သီချင်း တွေနဲ့ နာမည်ကျော်ကြား ခဲ့တာပါ။ ဗြိတိန် အဆိုတော် ရုတ်တရက် ကွယ်လွန်ခဲ့တာ ဟာ အခုချိန် အထိတော့ မသင်္ကာစရာ အခြေအနေ မရှိဘူးလို့ ရဲ တပ်ဖွဲ့ တာဝန် ရှိသူက ပြောပါတယ်။
Source : http://bbc.in/2ih9qFH
via IFTTT
Source : http://bbc.in/2ih9qFH
via IFTTT
Saturday, December 24, 2016
Eleven Media Group
မလေးရှားနိုင်ငံတွင် စင်ကာပူနှင့် မြန်မာနိုင်ငံသား ခရီးသွားများကို တင်ဆောင်လာသော ခရီးသည်တင်ယာဥ် တစ်စီးသည် ဒီဇင်ဘာ ၂၄ ရက်အစောပိုင်းက အဝေးပြေး လမ်းပေါ်မှ ထိုးဆင်းမှုဖြစ်ပေါ်ခဲ့သည်။ ယင်း မတော်တဆမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ ပြီး ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့သည်ဟု သက်ဆိုင်ရာ အစိုးရအရာရှိများက ပြောကြားခဲ့သည်။ မလေးရှားတောင်ပိုင်း ဂျိုဟော်ပြည်နယ်မှ မြို့တော်ကွာလာလမ်ပူသို့ ဦးတည်မောင်းနှင်နေသည့် ထိုခရီးသည်တင်ဘတ်စ်ကားသည် စိုစွတ်နေသောလမ်းပေါ်တွင် လမ်းချော်ကာ လမ်းနံဘေးရှိ နက်ရှိုင်းသောမြောင်းထဲသို့ ထိုးဆင်းသွားခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။ ဂျိုဟော်ပြည်နယ်ထဲတွင် ထိုယာဥ်မတော်တဆမှုသည် မနက်အစောပိုင်းအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများနှင့် ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများအား မသိရသေးကြောင်း ၎င်းကဆိုသည်။ ဒဏ်ရာရသူများမှာမူ မူအာခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည်ဟု သိရသည်။ “ခရစ္စမတ်မတိုင်မီ ဆိုးရွားတဲ့ အခုဖြစ်စဥ်ဟာ ၂ဝ၁၆ ခုနှစ်အတွင်း ဂျိုဟော်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး မတော်တဆမှုတစ်ခု ဖြစ်လာပါတယ်”ဟု ဂူနိုစ်က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံတွင် စည်းကမ်းမဲ့ယာဥ် မောင်းနှင်မှုများကို နှိမ်နင်းရန် ကြိုးပမ်းနေသော်လည်း အထူးသဖြင့် နေရပ်သို့ပြန်ကြသော ပွဲတော်အား လပ်ရက်ကာလများတွင် လူသေဆုံးမှုများရှိသည့် လမ်းမတော်တဆ ဖြစ်စဥ်များ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။ Ref ; AFP
Source : http://ift.tt/2hTrN5U
via IFTTT
Source : http://ift.tt/2hTrN5U
via IFTTT
BBC Burmese
ဘာလင်မှာ တိုက်ခိုက် ခဲ့သူကို အသေ ဖမ်းဆီး ရမိပြီ ဂျာမနီ နိုင်ငံ ဘာလင်မြို့တော်က စျေးတန်း တစ်ခုမှာ တိုက်ခိုက် မှု ကျုးလွန် ခဲ့သူလို့ သံသယ ရှိရတဲ့ အားနိစ် အမ်မရီကို အီတလီ နိုင်ငံ မီလန် မြို့တော်မှာ အသေ ပစ်ခတ် ဖမ်းဆီး ရရှိ ခဲ့တယ် ဆိုပြီး အီတလီ ပြည်ထဲရေး ရုံးက ကြေညာပါတယ်။ အားနိစ် အမ်မရီ ကို အီတလီ ဒေသ စံတော်ချိန် မနက် ၃ နာရီ အချိန်လောက်က Sesto San Giovanni ဆိုတဲ့ အရပ်မှာ ခြေကျင် လျှောက်သွား နေတာကို ပတ္တရောင် ရဲ တွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက သူ့ကို ရပ်တန့်ခိုင်းပြီး ဘယ်သူဘယ်ဝါ ဆိုတာ မေးမြန်းတာနဲ့ ချက်ခြင်း ဆိုသလို အဲဒီသူက သေနတ် ဆွဲထုတ် လာခဲ့တဲ့ အတွက် အပြန်အလှန် ပစ်ခတ်မှု တွေ ပေါ်ပေါက် ခဲ့တယ် လို့ အီတလီ ပြည်ထဲရေး ဝန်ကြီး မာကို မင်နစ်တီက ပြောပါတယ်။ အားနိစ် အမ်မရီ ကို အသေ ရရှိ ခဲ့ပြီး ခရစ္စရှန် မိုဗီအို ဆိုတဲ့ ရဲ တစ်ဦးလည်း ပခုန်းမှာ ဒဏ်ရာ ရရှိ သွားပေမယ့် မစိုးရိမ် ရဘူးလို့ ဆိုပါတယ်။ ဘာလင် မြို့တော်မှာ တနင်္လာနေ့တုန်းက ခရစ္စမတ်စ် ပွဲစျေးတန်း တစ်ခုကို လော်ရီကား နဲ့ ဝင်တိုက် ခဲ့ပြီး လူ ၁၂ ဦး သေဆုံး ခဲ့တဲ့ အထိ ဖြစ်စေ ခဲ့တဲ့ လက်သည် ဟာ အခု သေဆုံး သွားတဲ့ အားနိစ် အမ်မရီ လို့ ယူဆ ထားကြတာ ဖြစ်ပါတယ်။ အဲဒီ ဘာလင် တိုက်ခိုက်မှုမှာ လူပေါင်း ၄၉ ယောက်လည်း ဒဏ်ရာ ရရှိ ခဲ့ရပါတယ်။ အားနိစ် အမ်မရီ ကို အသေပစ်ခတ် ရရှိခဲ့တဲ့ နောက် အီတလီ ဝန်ကြီးချုပ် Paolo Gentiloni က အီတလီ ရဲ တပ်ဖွဲ့ရဲ့ စွမ်းရည်ကို ချီးကျူး ပြောဆို ခဲ့ပြီး၊ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေးမှာ နိုင်ငံတွေ အားလုံး စုစည်း ညီညွတ်ဖို့ လိုတယ် လို့ လည်း ဆိုပါတယ်။ အီတလီရဲက ပစ်သတ် ဖမ်းဆီး ခဲ့သူဟာ ဘာလင် တိုက်ခိုက်မှုကြောင့် အလိုရှိနေတဲ့ အားနိစ် အမ်မရီ ဟုတ်မဟုတ် သေချာ စေဖို့ လက်ဗွေရာ စစ်ဆေးပြီး အတည်ပြု ခဲ့တယ်လို့ အီတလီ သတင်းဌာန တွေက ပြောပါတယ်။ သူတို့ တိုက်ဆိုက် စစ်ဆေး ကြည့်တဲ့ လက်ဗွေရာကတော့ ဘာလင် တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ လော်ရီကား ပေါ်ကနေ တွေ့ရှိ ထားတဲ့ လက်ဗွေရာ ဖြစ်ပြီး၊ လော်ရီကား ပေါ်က အဲဒီ လက်ဗွေရာ ဟာ အားနိစ် အမ်မရီ ရဲ့ လက်ဗွေရာ ဖြစ်တယ် ဆိုတာကို ဂျာမနီ အာဏာပိုင်တွေ အတည်ပြု ထားပြီး ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် အားနိစ် အမ်မရီ ဟာ တူနီးရှား နိုင်ငံသား ဖြစ်ပြီး၊ အီတလီ နိုင်ငံမှာ ပစ္စည်းတွေကို ဖျက်လိုဖျက်စီး လုပ်မှု၊ သူတပါး အပေါ် ခြိမ်းခြောက်မှု နဲ့ ခိုးမှု တွေ အတွက် ၂ဝ၁၁ တုန်းက ထောင် တစ်နှစ် ကျထားသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ဟာ အီတလီ အာဏာပိုင်တွေရဲ့ လူဆိုး မှတ်တမ်းထဲ ပါထားနှင့်သူ ဖြစ်ပါတယ်။ သူ ထောင်က ထွက်လာတော့ အီတလီ နိုင်ငံကနေ ပြည်နှင်ဒဏ် ပေးလိုက်တဲ့ နောက် ဂျာမနီ ကို ရောက်လာပြီး၊ ဂျာမနီမှာ အခုနှစ် ဧပြီ လ ကပဲ ခိုလှုံခွင့် လျှောက်ထား ခဲ့ပါတယ်။ ဘာလင် တိုက်ခိုက်မှု ကို ကျူးလွန်သူ အဖြစ် သံသယ ရှိရတဲ့ နောက်၊ ဂျာမနီ အာဏာပိုင် တွေက ယူရို တစ်သိန်း အထိ ဆုငွေ ထုတ်ထား ခဲ့ပါတယ်။ အခုလို အားနိစ် အမ်မရီ သေဆုံး သွားပြီ ဆိုတဲ့ သတင်းကြားရတဲ့ အခါ သူ့ကြောင့် ဘယ်လို အန္တရာယ်မျိုးမှ ဆက်မရှိ နိုင်တော့ဘူး ဆိုတဲ့ အသိကြောင့် စိတ်သက်သာရာ ရရတယ် လို့ ဂျာမနီ ပြည်ထဲရေး ဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ အသံဖိုင်ကို အောက်ကလင့်မှာ နားထောင် နိုင်ပါတယ်။
Source : http://bbc.in/2ikgmoV
via IFTTT
Source : http://bbc.in/2ikgmoV
via IFTTT
Friday, December 23, 2016
The Irrawaddy - Burmese Edition
မောင်တောပဋိပက္ခအရေး ဖြေကြားပေးသူ အသတ်ခံရ ဧရာ၀တီ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းဌာနများအား သတင်းဖြေကြားပေးခဲ့သည့် ငါးခူရကျေးရွာ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။ အသတ်ခံရသူ ဒုစ်မာမတ်(ခ) ရှူနာမျာ မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ပြည်တွင်းပြည်ပ မီဒီယာများအပေါ် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကမီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရား ဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာ များတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း ဖြေကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းအနေဖြင့် သတင်းမီဒီယာများသို့ ဖြေကြားပေးပြီးနောက် နေအိမ်မှပြန်လည်ထွက်ခွာသွားရာ ညအချိန်အထိပြန်လည်ရောက်ရှိလာခြင်းမရှိ၍ လူပျောက်ကြေညာခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်လွဲတွင် ဒုစ်မာမတ်၏ အလောင်းအား ဦးခေါင်းမပါရှိပဲ ဓားဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
Source : http://ift.tt/2hPV0OS
via IFTTT
Source : http://ift.tt/2hPV0OS
via IFTTT
The Irrawaddy - Burmese Edition
တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရ ------------------------------------------------ ဒီဇင်ဘာ ၂၃၊ ၂ဝ၁၆ သတင်းမှန်ထုတ်ပြန်နိုင်ရေးအတွက် မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ မြေပြင်ကွင်းဆင်း သတင်းရယူနေသည့် ပြည်တွင်း ပြည်ပမီဒီယာ (၁၃)ဦးပါ အဖွဲ့၏ မေးမြန်းမှုများကို ဖြေကြားခဲ့ရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရကြောင်း သိရသည်။ ဖြစ်စဥ်မှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာဦးစီး သော ပြည်တွင်း ပြည်ပ မီဒီယာများပါဝင်သည့် အဖွဲ့ဝင် (၁၃)ဦးသည် ဒီဇင်ဘာ (၂၁) ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဖြစ်စဥ်များ သတင်းမှန်သိရှိနိုင်ရေး မြေပြင်ကွင်းဆင်းလေ့လာရန် ငါးခူရကျေးရွာသို့ ရောက်ရှိ စဥ် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်နေသည့် ဒုစ်မာမတ် (ခ) ရှူနာမျာအား ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ငါးခူရအလယ်ရွာ လမ်းမပေါ်တွင် သိရှိလိုသည်များကို တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့သည်။ သတင်းထောက်များ၏ မေးမြန်းချက်များအား ဖြေကြားခဲ့သူ ဒုစ်မာမတ် (ခ) ရှူနာမျာသည် ညနေ (၆) နာရီတွင် နေအိမ်သို့ပြန်လည်ရောက်ရှိပြီး အဝတ်အစားလဲ၍ ရွာအတွင်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ရာ ည(၁ဝ)နာရီ (၄၅)မိနစ်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် ဒုစ်မာမတ် (ခ) ရှူနာမျာ၏ အစ်ကိုဖြစ်သူ ဒီလ်မူဟာမတ်မှ ၎င်း၏ညီ ပျောက်ဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင် ထံ သွားရောက်သတင်းပို့ခဲ့ပြီး အုပ်ချုပ်ရေးမှူးမှ တဆင့် ငါးခူရနယ်မြေရဲစခန်းသို့ ဆက်လက်အကြောင်း ကြားခဲ့သည်။ ငါးခူရနယ်မြေရဲစခန်းမှ ည(၁၂)နာရီတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ လူပျောက်ကြေညာမှ (၂/၂ဝ၁၆)ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်၊ ရပ်မိရပ်ဖ ဦးဆန်းဝင်းတို့ သည် လိုက်လံစုံစမ်းလျက်ရှိစဥ် မွန်းလွဲ(၂)နာရီခွဲတွင် ပျောက်ဆုံးသူ၏ အစ်ကိုဖြစ်သူက ဒိုးတန်းကျေးရွာ ကြား လယ်ကွင်းချောင်းစပ်နေရာတွင် မသင်္ကာဖွယ်သွေးကွက်များ တွေ့ရှိကြောင်း အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးခဲ့ရာ စံပယ်ပင်ရင်းချောင်းအနီး လယ်ကွင်းစပ်တွင် သွေးဟုယူဆရသော (၁) ပေပတ် လည်ခန့် နီညိုရောင်သွေးကွက်အား တွေ့ရှိ၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ အခင်းဖြစ် မြေပုံကြမ်းရေး ဆွဲခြင်း၊ သွေးဟုယူဆရသော ပေကျံနေသည့် ကောက်ရိုးစများ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်ရှာဖွေခဲ့ရာ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ၏အလောင်းကို စံပယ်ပင်ရင်းချောင်းထဲတွင် ဦးခေါင်းမပါ၊ ဝဲယားပေါင်းနှစ်ဖက်တွင် ဓားထိုးဒဏ်ရာ ၂ ချက်စီဖြင့် ပြန်လည် တွေ့ရှိခဲ့သည်။ ဒုစ်မာမတ်(ခ) ရှူနာမျာ အသက်ခံရမှုနှင့်ပတ်သတ်၍ အမှုမှန်ပေါ်ပေါက်စေရေး စုံစမ်းဖော်ထုတ် လျက်ရှိပြီး ပြည်တွင်း ပြည်ပသတင်းမီဒီယာသမားများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဤကဲ့သို့ အသတ်ခံရခြင်း ဖြစ်သည်။ ဒုစ်မာမတ်(ခ) ရှူနာမျာသူသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကမီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရား ဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောကြားခဲ့သူဖြစ်သည်။ (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
Source : http://ift.tt/2hPV0OS
via IFTTT
Source : http://ift.tt/2hPV0OS
via IFTTT
The Voice
သွေးကြောထဲတွင် စီးဆင်းစေပြီး ရောဂါထောက်လှမ်း ရှာဖွေနိုင်မည့် ဆင်ဆာစနစ် တီထွင် ကျိုတို၊ ဒီဇင်ဘာ ၂၂ ဂျပန်နိုင်ငံ၊ Kyocera Corporation ကုမ္ပဏီသည် လူသားတို့၏ သွေးကြောအတွင်း ထည့်သွင်းထားနိုင်သည့် အလွန်သေးငယ်သော အာရုံခံ ဆင်ဆာစနစ် တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း Med Gadget သတင်းတွင် ဖော်ပြထားသည်။ ယင်းဆင်ဆာစနစ်ကို လူသားတို့၏ အရေပြားအောက် တစ်သျှူးများထဲတွင် ထည့်သွင်းထားပြီး သွေးလှည့်ပတ် စီးဆင်းမှုများကိုလည်း တိုင်းတာနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။ လူသားတို့၏ အရေပြားထဲတွင် ဆင်ဆာစနစ်ကို ထည့်သွင်းထားခြင်းသည် အရေပြား ခန်းခြောက်ခြင်းအပြင် အခြားနာဖျားမှုဆိုင်ရာ ဝေဒနာများကိုလည်း ထောက်လှမ်းနိုင်မည်ဟု ပညာရှင်များက ပြောကြားသည်။ မကြာမီ လူတိုင်း၏ ကျန်းမာရေး စောင့်ရှောက်မှု အာရုံခံစနစ်တစ်ခု အနေနှင့် ထည့်သွင်းပေးပြီးနောက် သူတို့ ကိုင်ဆောင်သည့် မိုဘိုင်းလ်ပစ္စည်းများက တစ်ဆင့် ဆော့ဖ်ဝဲများကို အသုံးပြုပြီး စောင့်ကြည့်နိုင်ရန် စီစဉ်ပေးတော့မည် ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။ ကျန်းမာရေးအတွက် အာရုံခံဆင်ဆာအဖြစ် အသုံးပြုမည့် ပစ္စည်းလေးသည် 1.6 mm × 3.2 mm အရွယ် အစားခန့်သာ ရှိပြီး ထုမှာ 1 mm ခန့်သာ ရှိသည်။ ထိုအရွယ်အစားပမာဏ ဆင်ဆာစနစ်ကို လူတို့၏ အရေပြားအတွင်း၌ သာမက အခြားစမတ်ဖုန်းများနှင့် လူသားတို့ထံတွင် လျှို့ဝှက်ထည့်ပေးပြီး ထောက်လှမ်းရေး ကိရိယာတစ်ခု အနေနှင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဆင်ဆာထဲတွင် လေဆာစနစ်လည်း ပါသောကြောင့် အရေပြားထဲတွင် ထည့်သွင်းထားပါကလည်း အလင်းရောင် ထွက်နေမည် ဖြစ်ရာ အလွယ်တကူ မြင်တွေ့နိုင်မည် ဖြစ်သည်။ လူသားတို့၏ အရေပြားထဲတွင် ထည့်သွင်းထားလျှင် ကျန်းမာရေးအတွက် စောင့်ကြည့်နိုင်သကဲ့သို့ အခြားသော နေရာများတွင် အသုံးပြုလိုပါကလည်း လမ်းညွှန်ကိရိယာ အနေနှင့်ပါ အသုံးပြုနိုင်သည်။ ဆင်ဆာစနစ်ကို လူ၏ကိုယ်ခန္ဓာ နားရွက်၊ လက်ချောင်း၊ နဖူး စသည့် အစိတ်အပိုင်းများတွင်လည်း ထည့်သွင်းနိုင်ပြီး သွေးတိုးနှင့် နှလုံး စသည့် ဝေဒနာရှင်များ အတွက်ပါ စောင့်ကြည့်နိုင်ရန် အသုံးပြုနိုင်သောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများတွင် ပိုပြီး အကျိုးရှိလာမည်ဟု Kyocera Corporation က ဆိုသည်။
Source : https://goo.gl/jhyW8v
via IFTTT
Source : https://goo.gl/jhyW8v
via IFTTT
KIA နှင့် ဆက်သွယ်ကာ နိုင်ငံတော် ပုန်ကန်ရန် ကြံစည်သည် ဆိုပြီး မွတ်ဆလင် ၄ ဦးကို တစ်သက်တစ်ကျွန
နိုင်ငံတော် ပုန်ကန်ရန် KIA အား ဆက်သွယ်ချဉ်းကပ်ခဲ့သည့် မွတ်ဆလင် ၄ ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချ ---- ---- ----- ကေအိုင်အေ ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် ဆက်သွယ်ကာ နိုင်ငံတော်အား ပုန်ကန်ရန် ကြံစည်သည် ဆိုပြီး မွတ်ဆလင် ၄ ဦးအား ထောင်ဒဏ် တစ်သတ်တစ်ကျွန်းကျခံစေရန် မန္တလေးခရိုင် တရားရုံးက ဒီဇင်ဘာလ ၂၂ ရက်နေ့က အမိန့်ချမှတ်လိုက်သည်။ ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုမှု ခံထားရသူ အစ္စလာမ် ဘာသာ၀င် ၄ ဦးမှာ ၂၀၁၄ ခုနစ်ကတည်းက ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီး အစ္စလာမ် တပ်ထူထောင်ရန် ကြံစည်သည့် အမှုဖြင့် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်ဟု သိရသည်။ “မနေ့က အမှုကို အမိန့်ချတာ၊ သူတို့ကတော့ လုံး၀ မလုပ်ရပါဘူး။ မပတ်သက်ရပါဘူးဆိုပြီး သတင်းထောက်တွေကို ပြောတယ်” ဟု တရားရုံး အမိန့်ချမှတ်မှုကို သွားရောက် သတင်းရယူခဲ့သည့် မန္တလေးအခြေစိုက် သတင်းထောက်တစ်ဦးက ပြောသည်။ မန္တလေးမြို့ခံ ဦးဇော်မင်း ၊ ဗန်းမော်မြို့ခံ ဦးမြင့်သိန်းနှင့် ဦးဗရာမန်း ၊ မိုးညှင်းမြို့ခံ ဦးခင်မောင်ရွှေတို့ လေးဦးမှာ အစ္စလာမ်တပ် ထူထောင်ရန် လုပ်ဆောင်မှုဖြင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။ နို၀င်ဘာလအတွင်းက နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် မတရားအသင်း ဆက်သွယ်မှု နှစ်မှုပေါင်းဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် ထောင်ဒဏ်ချ မှတ်ခြင်း ခံခဲ့ရပြီးနောက် ဒီဇင်ဘာလ ၂၂ ရက်နေ့က ထောင်ဒဏ် တစ်သတ်တစ်ကျွန်း ချမှတ်ခံရခြင်း ဖြစ်သည်။ The ladies news http://ift.tt/2i8FQlQ
Source : http://ift.tt/2i8FQlQ
via IFTTT
Source : http://ift.tt/2i8FQlQ
via IFTTT
The Voice
လူသားနှင့် စက်ရုပ် လက်ထပ်မှုများ ၂၀၅၀ မတိုင်မီ ပေါ်ပေါက်လာမည်ဟုဆို လန်ဒန်၊ ဒီဇင်ဘာ ၂၂ လူသားနှင့် စက်ရုပ်များ လက်ထပ်ခြင်းကို လာမည့် ၃၅ နှစ် အတွင်း လုပ်ဆောင်လာကြဖွယ် ရှိကြောင်း လန်ဒန်မှ စက်ရုပ်ကျွမ်းကျင်ပညာရှင် ဒေါက်တာဒေးဗစ်လဲဗီက Love and Sex with Robots ဆိုသည့် ညီလာခံတွင် ထုတ်ဖော်ပြောကြားချက်ကို AP သတင်းတွင် ဖော်ပြထားသည်။ မကြာသောကာလတွင် စက်ရုပ်များသည် လူသားများထက် ဆွဲဆောင်မှု ရှိလာရုံမက ဉာဏ်ရည်တု (AI) အနေနှင့်လည်း လူသားတို့ လိုက်မမီနိုင်လောက်အောင် ဖြစ်လာနိုင်သောကြောင့် ၂၀၅၀ မတိုင်မီ စက်ရုပ်များနှင့် အိမ်ထောင်ပြုခြင်းများကို ဆောင်ရွက်လာနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။ လန်ဒန်တွင် ကျင်းပလျက်ရှိသော ယင်းညီလာခံတွင် ဒေါက်တာဒေးဗစ်က လူသားနှင့် စက်ရုပ်များ၏ ဆက်ဆံရေးကို ယခုခေတ်အနေနှင့် မဖြစ်နိုင်ဟု လှောင်ပြောင်စရာ ကိစ္စတစ်ခု အနေနှင့် ရှုမြင်ကြမည် ဖြစ်သော်လည်း အနာဂတ်တွင် မဖြစ်နိုင် ဆိုသူများကို တကယ့်လက်တွေ့ လက်ထပ်ပွဲများက ပြန်ပြီး လှောင်ပြောင်ကြလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။ ဒီဇင်ဘာ နောက်ဆုံးအပတ်ထိ ကျင်းပမည့် ထိုညီလာခံကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ စက်ရုပ်ကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြပြီး အနာဂတ်တွင် စက်ရုပ်နှင့် လူသားများ၏ ဆက်ဆံမှုဆိုင်ရာ အနေအထားများကို စာတမ်းများ တင်သွင်းဖတ်ကြားခဲ့ကြသည်။ ၂၀၅၀ ပြည့်နှစ်ခန့် ရောက်လျှင် အမျိုးသား ထက်ဝက်ကျော်သည် စက်ရုပ်များကို ဝယ်ယူပြီး မိမိတို့ ဆန္ဒများကို ဖြေဖျောက်လာဖွယ် ရှိကြောင်း၊ အမျိုးသားများအနေနှင့် စက်ရုပ်များကို အိပ်ဖော်များအဖြစ် အသုံးပြုလာကြမည် ဆိုခြင်းမှာ ကိုယ်ကျင့်တရား စံများအရ ပိုင်းဖြတ်ကြရန် လိုကြောင်း ထိုညီလာခံတွင် ဆွေးနွေးခဲ့ကြသည်။ မကြာသေးမီက လန်ဒန်တက္ကသိုလ်တွင်လည်း Goldsmiths ဆိုသည့် စက်ရုပ်ညီလာခံကို ကျင်းပပြုလုပ်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၆၇ နှစ်အတွင်း အမျိုးသား ၂၆၃ ဦး၏ သဘာဝလွန် ဆက်ဆံမှုဆိုင်ရာ စိတ်ထားများကို လေ့လာပိုင်းဖြတ် သုံးသပ်ခဲ့ကြကြောင်း Reuters သတင်းတွင် ရေးသားထားသည်။ ညီလာခံကို တက်ရောက်လာကြသည့် အမျိုးသားများကို လေ့လာဆန်းစစ်ခဲ့ရာတွင် လာမည့် ငါးနှစ်အတွင်း လူသားကဲ့သို့ ဉာဏ်ရည်မြင့်မားသော စက်ရုပ်များ ပေါ်ပေါက်လာမည် ဆိုပါလျှင် ဝယ်ယူသုံးစွဲရန် အသင့်ရှိကြောင်း ၄၀ ဒသမ ၃ ရာခိုင်နှုန်းခန့်က ဆန္ဒပြုခဲ့ကြသည်။ ဒေါက်တာဒေးဗစ်က “ခင်ဗျားတို့ အန်ဂျလီနာဂျိုလီလို စက်ရုပ်တစ်ရုပ်ကို အဖော်အဖြစ် အလွယ်တကူ ဝယ်လို့ရမယ်ဆိုရင် စိတ်ကူးကြည့်စမ်းပါ” ဟု ပြောကြားသည်။ မကြာသောကာလတွင် ဂျိုလီလို စက်ရုပ်မ တစ်ရုပ်ကို ဒေါ်လာ ၁၂၀၀ မှ ၂၅၀၀ ခန့်ပေးကာ စျေးကွက်တွင် အလွယ်တကူ ရလာနိုင်ကြောင်း ယင်းက ဆိုသည်။
Source : https://goo.gl/Aw84tn
via IFTTT
Source : https://goo.gl/Aw84tn
via IFTTT
မန္တလာမင်း ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျ၍ လူ ၇ ဦး သေဆုံး၊ ၃၇ ဦး ဒဏ်ရာရ တောင်ငူ၊ ဒီဇင်ဘာ ၂၃ အမြန်လမ်းတွင် မန္တလာမင်း ခရီးသည်တင် ယာဉ်တစ်စီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ချောက်ထဲသို့ ထိုးကျခဲ့သဖြင့် ယာဉ်ဝန်ထမ်းလေးဦး အပါအဝင် လူ ၇ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ စုံစမ်းသိရှိရသည်။ နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် အဆိုပါ ခရီးသည်တင်ယာဉ်သည် အမြန်လမ်း မိုင်တိုင် ၉၁ အနီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီကျော်တွင် အရှိန်လွန်ကာ ရှေ့ဘီးပေါက်၍ တံတားနှစ်စင်းကြားက ချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ မန္တလာမင်း ခရီးသည်ယာဉ်လိုင်း၏ ထုန်ပြန်ချက်တွင် ခရီးသည်တင်ယာဉ်ရှေ့သို့ ဖြတ်ဝင်လာသည့် အိမ်စီးကားကို ရှောင်စဉ် လမ်းဘေးဘလောက်တုံးဖြင့် တိုက်မိပြီး ဘီးကွဲကာ တံတားနှစ်စင်းကြားသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ယာဉ်ပေါ်တွင် ယာဉ်ဝန်ထမ်းလေးဦး အပါအဝင် ခရီးသည် ၄၇ ဦး စီးနင်းလိုက်ပါခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Source : https://goo.gl/aWWnPd
via IFTTT
Source : https://goo.gl/aWWnPd
via IFTTT
The Irrawaddy - Burmese Edition
အိမ်အကူ မအေးယုအောင် နှိပ်စက်ခံရမှု ပြည်ထဲရေး ညွှန်ကြားချက်ဖြင့် ပြန်လည်စစ်ဆေး ဧရာဝတီ အိမ်အကူ မအေးယုအောင် နှိပ်စက်ခံရမှု တရားမျှတမှုရရေးအတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ စာပို့ တိုင်ကြားမှု ရှိလာပြီးနောက် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့က ပြန်လည် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း တိုင်ကြားသူနှင့် တရားလို မိသားစုဝင်များကို ခေါ်ယူစစ်ဆေးပြီး၊ စစ်ဆေးချက်များကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံသို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပေးပို့လိုက်ပြီ ဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့ ရဲမှူး မောင်မောင်စိုး က ပြောသည်။ ရဲမှူး မောင်မောင်စိုး က “ကိုကြည်လင်းဆိုတဲ့လူက တိုင်တဲ့ တိုင်စာကြောင့် နေပြည်တော် ပြည်ထဲရေး ရဲချုပ်ရုံးက စစ်ခိုင်းလို့ပါ။ ခုတော့ စစ်ဆေးပြီးလို့ စစ်ဆေးပေါ်ပေါက်ချက်တွေကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ၂၀ ရက်နေ့က တင်လိုက်ပါပြီ။ အဲဒီက တဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကို ဆက်တင်ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဒုတိယ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ၎င်း၏ အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မအေးယုအောင်အား မီးပူ၊ ဓား၊ ပုလင်းများနှင့် လက်ရောက် နှိပ်စက် ကျူးလွန်ထားမှုဖြင့် ၂၀၁၂ ခုနှစ်မတ်လပိုင်းက တရားစွဲခဲ့သည်။ တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်ကို တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ၄ နှစ်ကျော်ကြာသည်အထိ ရဲက ဖမ်းဆီး မပေးနိုင်ခဲ့ဘဲ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ကြားခံလူအချို့မှတဆင့် ကျပ် သိန်း ၂၀ ဖြင့် အမှု ကြေအေးပေးရန် လုပ်ဆောင်သွားခဲ့သည်ဟုဆိုသည်။ ထိုသို့လုပ်ဆောင်မှုသည် တရားဥပဒေကို ဖီလာဆန့်ကျင်နေသည်ဟု ယူဆသဖြင့် အမှုမှန်အတိုင်း တရားမျှတမှု ရရှိရေးအတွက် သမ္မတ ဦးထင်ကျော်ထံ တိုင်ကြားစာ ပေးပို့ခဲ့ရခြင်းဖြစ်ကြောင်း ထိုအမှုကို ပြန်လည်တိုင်ကြားခဲ့သူ ပဲခူးမြို့ခံ ဦးကြည်လင်း က ဧရာဝတီသို့ ပြောသည်။ ဦးကြည်လင်း က “ကျနော်တိုင်လိုက်တဲ့ကိစ္စမှာ တရားခံ၊ တရားလို စုံစုံညီညီ ဥပဒေနဲ့ အညီလုပ်ဖို့ဆိုတာက တရားရုံးရော၊ ရဲစခန်းရော၊ ဥပဒေရုံးရော သုံးခုစလုံးက စိစစ်ပြီးလုပ်ရမယ့် ကိစ္စပေါ့ဗျာ။ အဲဒီသုံးခုလုံးက သိသိကြီးနဲ့ ဥပဒေနဲ့ အညီမလုပ်လို့ တိုင်တဲ့သဘောပေါ့” ဟု ပြောသည်။ သမီးဖြစ်သူ ရိုက်နှက်နှိပ်စက်ခံရမှုများအတွက် တရားမျှတမှုရရှိရေး တရားရုံးတွင် အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့မှာ တရားခံကို အချိန်မီ ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း၊ ၎င်းတို့မိသားစုမှာ ငွေကြေးချို့တဲ့သဖြင့် တရားရုံး ရုံးချိန်းကိုပင် သွားရန် လမ်းစရိတ် မတတ်နိုင်ကြောင်း မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူ က ပြောသည်။ ထိုအမှုနှင့်ပတ်သက်ပြီး ကြားလူအချို့၏ စည်းရုံးမှုမှတဆင့် ကျပ်သိန်း ၂၀ ယူခဲ့ကြောင်း၊ ၎င်းအနေဖြင့် စာမဖတ်တတ်သဖြင့် တဖက်က ခိုင်းသည့်အတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းထိုးခဲ့သောလက်မှတ်များမှာ ကြေအေးမှု၊ အမှုရုပ်သိမ်းခြင်း ဖြစ်၊ မဖြစ်ကိုတော့ မသိကြောင်း ဒေါ်ကြူကြူက ဆိုသည်။ “ပိုက်ဆံ သိန်း ၂၀ ပေးတယ်။ ပွဲစားတယောက်နဲ့ သူတို့ဘာသာ သူတို့ အေးရာအေးကြောင်းလုပ်သွားကြတာပဲ။ ကျမတော့ မသိဘူး။ ကျမကို ပဲခူးရုံးတက်ရမယ်ဆိုပြီး ခေါ်သွားတယ်။ ဟိုရောက်တဲ့ အခါကျတော့ သူတို့အချင်းချင်း ညှိနှိုင်းကြတယ်။ ပြီးတော့ ကျမကို လက်မှတ်ထိုးခိုင်း၊ ကျမ်းကျိန်ခိုင်းတယ်။ သူတို့လက်မှတ်ထိုးခိုင်းတဲ့ အတိုင်း ထိုးပေးလိုက်တယ်။ ကျမက စာမတတ်တော့ မသိဘူးလေ” ဟု ဒေါ်ကြူကြူ က ဧရာဝတီသို့ ပြောသည်။ ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာများရရှိထားပြီး ယင်း မတိုင်ခင် ကလည်း ဦးခေါင်းအား ပုလင်းနှင့် ရိုက်ထားသည့် ဒဏ်ရာများ၊ ရင်ဘတ်ကိုလည်း ဓားဖြင့် ထိခိုက်အောင် ပြုလုပ်ထားသည့် ဒဏ်ရာများ၊ ဆေးစာများနှင့် အတူ တရားလိုဘက်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Source : https://goo.gl/IRMMHh
via IFTTT
Source : https://goo.gl/IRMMHh
via IFTTT
The Voice
MPT ကို အစိုးရ မပါဝင်သည့် ကော်ပိုရိတ်အဖြစ် ပြောင်းရန် ဆွေးနွေး ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကို အစိုးရ မပါဝင်သည့် ပုဂ္ဂလိကလုပ်ငန်းစု (ကော်ပိုရိတ်) အဖြစ် ပြောင်းလဲရန် ဆွေးနွေးနေကြောင်း MPT ၏ ဒုတိယ စီးပွားရေးအရာရှိချုပ် ဦးသိန်းဟုတ်က ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရိတ်အဖြစ် ပြောင်းလဲရန် လုပ်ဆောင်မည် ဖြစ်သော်လည်း အစိုးရ ပါဝင်နေသည့် လုပ်ငန်းဖြစ်ခြင်းကြောင့် ပြောင်းလဲလုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်များ ပြားသဖြင့် အချိန်တစ်ခု လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ လက်ရှိအချိန်တွင် MPT က ဂျပန်အခြေစိုက် KDDI ကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့ လုပ်ငန်းစပ်တူ ပူးပေါင်းရန် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် သဘောတူညီမှု လက်မှတ်ရေးထိုးပြီး ကွန်ရက်တိုးချဲ့ခြင်းနှင့် နည်းပညာသစ်များ အသုံးပြုကာ ဆက်သွယ်ရေးကွန်ရက်များ အရည်အသွေး မြှင့်တင်ခြင်း လုပ်ဆောင်လျက်ရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့်အတူ KDDI နှင့် Sumitomo တို့က မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ယင်းရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်းသို့ ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သည်။ လတ်တလောတွင် MPT ၏ ဆင်းမ်ကတ်သုံးစွဲသူပေါင်း ၂၁ သန်းကျော်အထိ ရှိပြီး ဆက်သွယ်ရေး အော်ပရေတာ သုံးခုတွင် ပြည်တွင်းစျေးကွက်ဝေစု အများ ဆုံးရရှိထားသော အော်ပရေတာလည်း ဖြစ်သည်။
Source : https://goo.gl/UnvdVp
via IFTTT
Source : https://goo.gl/UnvdVp
via IFTTT
Wednesday, December 21, 2016
YESC-CallCenter
အများပြည်သူတို့ အသိပေးပန်ကြားချက် 230kV သာကေတပင်မဓာတ်အားခွဲရုံ၏ 66kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်းနှင့် 66kV သာကေတ-ကျိုက္ကဆံဓာတ်အားလိုင်းတို့၏ဓာတ်အားခွဲရုံ Switch Yard ဝင်းအတွင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းအားဆောင်ရွက်နေစဉ်အတွင်း 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းနှင့် 66kV သာကေတ-ကျိုက္ကဆံ ဓာတ်အားလိုင်းပေါ်ရှိ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ ရန်ကင်း၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဗဟန်း၊ မြို့တို့တွင် (၂၂.၁၂.၁၆)ရက်နေ့ ကြာသပတေးနေ့ (၁၀:၀၀)နာရီမှ (၁၃:၀၀) နာရီအတွင်း လည်းကောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်တန်ဖိုးနည်းအိမ်ရာစီမံကိန်းမြို့နယ်အတွက် 66/11kV (20)MVA ထရန်စဖော်မာမှ 11kV ကျီစုဖီဒါ(၁) ဓာတ်အားလိုင်းအား ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်မြို့နယ်တို့တွင် (၂၂.၁၂.၂၀၁၆)ရက်နေ့ (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအတွင်း လည်းကောင်း ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။ ယခုပန်ကြားလွှာ၌ပါရှိသော မြို့နယ်များ၏ ရပ်ကွက်အချို့၊ နေရာအချို့တို့တွင်သာ အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး မြို့နယ်တစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်မှုမျိုးမဟုတ်ပါကြောင်းနှင့် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အလေးထားဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေးအခက်အခဲများပေါ်ပေါက်နိုင်မှုအပေါ်နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
Source : http://ift.tt/2h22muU
via IFTTT
Source : http://ift.tt/2h22muU
via IFTTT
KUMUDRA JOURNAL | The leading News Journal in Myanmar
ဒါ်လာ 1404 ကျပ် ယူရို 1440 စင်္ကာပူ 965 ထိုင်း 40 ယွမ် 196 ယန်း 11.57 မလေး 310 မြန်မာ့ရွှေ 859000 ကမ္ဘာ့ရွှေ 1134 ဒေါ်လာ Author မိုးသင်္ဂီဇော် www.kumudranews.com Kumudra
Source : http://ift.tt/2fraA3J
via IFTTT
Source : http://ift.tt/2fraA3J
via IFTTT
ရုန်းရင်းဆန်ခတ်ဖြစ်၍ ကားပါမစ် ထုတ်ပေးခြင်း လုံးဝ ရပ်ဆိုင်း ယခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ အဟောင်းဖြင့် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် နောက်ဆုံး လျှောက်ထားရမည့်ရက်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ဟု သတ်မှတ် ထားသော်လည်း အတုအယောင် လျှောက်ထားသူ များပြားခြင်းနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခြင်းတို့ကြောင့် ပါမစ် ထုတ်ပေးခြင်းကို ဒီဇင်ဘာလ ၂ဝ ရက်နေ့၌ လုံးဝ ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။ “အတုအယောင်တွေ အရမ်း များတယ်။ ပြီးတော့ နီးစပ်ရာ ရွာတွေက လူတွေကိုပါ ပိုက်ဆံ ပေးပြီး လာလျှောက်ခိုင်းတာတွေ အရမ်းများပြီး ရုံးရင်းဆန်ခတ်တွေပါ ဖြစ်လို့ ပါမစ် ထုတ်ပေးတာကို ရပ်လိုက်ပြီ”ဟု ၎င်းက ပြောဆိုသည်။ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပို့ကုန်သွင်းကုန်(ရုံး) က ထုတ်ပေးလျက်ရှိသော တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် (Free Permit) များကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှစကာ ထုတ်ပေးမှု ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီး တစ်ရက် အကြာ၌ နေပြည်တော်၌ပါ ရုန်းရင်းဆန်ခတ်မှုများကြောင့် ထပ်မံ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ရန်ကုန်၌လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် ရပ်ဆိုင်းမည့်သတင်းကို ကြိုတင် အသိပေး အကြောင်းကြားခြင်း မရှိသောကြောင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညဘက်က ရန်ကုန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးရှေ့၌ ညအိပ်ကာ ပါမစ် လျှောက်ထားရန် လာရောက် တန်းစီလာသူများ ရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒသစ်တွင် လူကြိုက်များသော မော်ဒယ်လ်နိမ့် ၁၃ဝဝ စီစီအောက် မော်တော်ယာဉ်များကို တစ်ဦးချင်း တင်သွင်းခွင့် (Free Permit) ဖြင့် တင်သွင်းခွင့် မရှိတော့ဘဲ ၂ဝ၁၁ မှ ၂ဝ၁၄ မော်ဒယ်လ် မည်သည့်ယာဉ် အမျိုးအစားမဆို တင်သွင်းပါက ယာဉ်ဟောင်းအပ်စလစ်ပါ လိုအပ်လာတော့မည့်အတွက် ယခု မူဝါဒဟောင်းဖြင့် ခွင့်ပြုနေသော တစ်ဦးချင်း တင်သွင်းခွင့်ပါမစ်ကို နောက်ဆုံးရက် မတိုင်မီ လာရောက်လျှောက်ထားမှု များပြားနေခြင်း ဖြစ်သည်။ အဆိုပါ မူဝါဒ အသစ်ကြောင့် ၂ဝ၁၁ မှ ၂ဝ၁၄ မော်ဒယ်လ် ၁၃ဝဝ စီစီအောက် မော်တော်ယာဉ်များ၏ စျေးနှုန်းများသည် ယခုထက် ပိုမို မြင့်တက်လာမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။ ၂ဝ၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ၌ (မော်ဒယ်လ်နှစ် သတ်မှတ်ချက်) ၂ဝ၁၁ မှ ၂ဝ၁၄ ခုနှစ် မော်ဒယ်လ် အထိကို စလစ်ကပ်အဖြစ် လည်းကောင်း၊ ၂ဝ၁၅ မှ ၂ဝ၁၇ မော်ဒယ်လ်အထိကို ဘယ်မောင်းများအဖြစ် တစ်ဦးချင်း တင်သွင်းခွင့် (Free Permit) ဖြင့် လည်းကောင်း၊ ကုန်တင်ယာဉ်များကို ၂ဝဝ၇ နှင့်အထက် မော်ဒယ်လ်များကို တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
Source : https://goo.gl/JtH4Rk
via IFTTT
Source : https://goo.gl/JtH4Rk
via IFTTT
Tuesday, December 20, 2016
သတင်းထောက် ကိုစိုးမိုးထွန်းအား သတ်သည်ဟု သံသယရှိသူ နှစ်ဦးအား ရမန်ယူ စစ်ဆေးနေကြောင်း မုံရွာမြို့မစခန်းမှူးကပြော ---- ----- ---- Eleven သတင်းဌာန၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သတ်သည့်ဟု သံသယရှိသူ နှစ်ဦးအား စစ်ဆေးနေကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က The Ladies News သတင်းဌာနသို့ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်း က ပြောသည်။ ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁ နာရီ၀န်းကျင်ခန့်တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စု လမ်းဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာ နှစ်ချက်၊ ၀ဲမျက်ခုံး ကွဲပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက် သေ ဆုံးခဲ့ခြင်းဖြစ်သည်။ ၄င်းအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး (ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ သံသယရှိသူနှစ်ဦးအား စစ်ဆေးခြင်း ကိစ္စပတ်သက်ပြီး “ဟုတ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ သူတို့ကို ရမန်ယူထားပြီး စစ်ဆေးနေပါတယ်” ဟု ဒုရဲမှူး သိန်းဆွေမြင့် ကဆိုသည်။ မုံရွာသတင်းထောက် အသက်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူနှစ်ဦးအား ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ရမန်ယူ ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။ အဆိုပါ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ CID ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပါ၀င်ဖွဲ့စည်းထားပြီး အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားခံ ဖမ်းဆီးရမိရေးများအတွက် အမှုနှင့် သက်ဆိုင် သူများကို မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ် ခဲ့ခြင်းများရှိပြီး ယခုအခါတွင် သံသယဖြစ်ဖွယ် နှစ်ဦးက ရမန်ယူ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။ Eleven Media Group ၏ မုံရွာ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုအား ရဲတပ်ဖွဲ့မှ ၇ ရက် အတွင်း တရားခံများကို ဖော်ထုတ် ဖမ်းဆီးပေးနိုင်ပါက မြို့ခံများမှ ဂုဏ်ပြု ချီးမြှင့်သွားရန် အစီအစဉ်ရှိကြောင်း မုံရွာမြို့ခံ သတင်းထောက်များ၏ ပြောပြချက်အရ သိရသည်။ ကိုစိုးမိုးထွန်း သေဆုံးသွားသည့်အတွက် ကျန်ရှိခဲ့သည့် အသက် ၈ နှစ်အရွယ် သားငယ် ပညာရေးအတွက် ဧရာ၀တီဖော်ဒေးရှင်းမှာ ထောက်ပံ့ပေးသွားရန် ရှိကြောင်း သတင်းများအရ သိရသည်။ The Ladies News http://ift.tt/2hDy6KQ
Source : http://ift.tt/2hDy6KQ
via IFTTT
Source : http://ift.tt/2hDy6KQ
via IFTTT
PNA ပအို၀်းပြည်သူ့စစ် တပ်ဖွဲ့၀င်များထံမှ မူးယစ်ဆေး၀ါးနှင့် လက်နက်ခဲယမ်း ဖမ်းမိ --- --- --- PNA ပအို၀်းပြည်သူ့စစ် တပ်ဖွဲ့၀င်များထံမှ စိတ်ကြွဆေး၀ါးနှင့် လက်နက်ခဲယမ်းအချို့ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာ၀န်ကျ ရဲအရာရှိက The Ladies News သို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က အတည်ပြု ပြောဆိုသည်။ တောင်ကြီး - လွိုင်လင် ကားလမ်းပေါ်ရှိ ဟိုပုံးမြို့နယ် အတွင်းတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “သုံးဦး မိတယ်။ တစ်ယောက်ကတော့ လွတ်နေဆဲပဲ။ ပအို၀်းအဖွဲ့ကပါ” ဟု အဆိုပါ တာ၀န်ကျ ရဲအရာရှိက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် The Ladies News သို့ အတည်ပြုပြောဆိုသည်။ အဆိုပါ ဖြစ်စဉ်တွင် ဆီဆိုင်မြို့တွင် နေထိုင်သည့် နေထွန်း ၊ တမောင်းနှင့် တပေ(ခ) သိန်းတန်တို့မှာ ဖမ်းဆီးခံခဲ့ရသည်ဟု သိရပြီး ပအို၀်းပြည်သူ့စစ် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူမှာ ထွက်ပြေး လွတ်မြောက်နေသဖြင့် ရဲတပ်ဖွဲ့မှ အပူတပြင်း လိုက်လံဖမ်းဆီးနေကြောင်းလည်း ပြည်နယ် ရဲတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ဖြစ်စဉ်အတွင်း WY စိတ်ကြွဆွေးပြား ၆ သောင်းကျော် ၊ ရိုင်ဖယ် သေနတ် နှစ်လက် ၊ ပြောင်းတိုသေနတ် တစ်လက်နှင့် ၉ မမ ပစ္စတိုနှစ်လက် ၊ လုပ်သေနတ် တစ်လက် ၊ လက်ပစ်ဗုံးတစ်လုံး ၊ မိုင်းတစ်လုံးနှင့် ကျည်အိမ်တို့ပါ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အဆိုပါ ဖမ်းဆီးရမိသူများကို ဟိုပုံးရဲစခန်းက မူးယစ်ဆေး၀ါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေး၀ါးများဆိုင်ရာ ဥပဒေပုဒ် ၁၅/၁၉ (က)၊ ၂၀ (က) ၊ ၂၂ (ခ) ၊ ၂၁ တို့ဖြင့် အမှုဖွင့်ထားပြီး လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထပ်မံအရေးယူရန် စုံစမ်းစစ်ဆေးလျက် ရှိနေသည်ဟု ရဲတပ်ဖွဲ့တာ၀န်ရှိသူက ဆိုသည်။ PNA ပအို၀်းပြည်သူ့စစ် အဖွဲ့မှာ စစ်အစိုးရ လက်ထက်က အပစ်ခတ် ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ကာ ၄င်း၏ နိုင်ငံရေးပါတီဖြစ်သည့် ပအို၀်းအမျိုးသားအဖွဲ့ချုပ် ပီအန်အိုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပအို၀်းဒေသ၌ အနိုင်ရရှိထားသည့် ပါတီလည်း ဖြစ်သည်။ The Ladies News http://ift.tt/2iaCvSr
Source : http://ift.tt/2iaCvSr
via IFTTT
Source : http://ift.tt/2iaCvSr
via IFTTT
The Voice
မာတင်အက်ကင်ဆန်ကို ဂရေဟမ်ပူးလ် ထောက်ခံ၊ အာစင်ဝင်းဂါးက အာဆင်နယ်မျက်မှန်ကို တပ်၍ ကြည့်ခြင်းဟု တုံ့ပြန် လန်ဒန်၊ ဒီဇင်ဘာ ၁၉ ပရီးမီးယားလိဂ် ထိပ်တန်းဒိုင်လူကြီးများ အနက်တွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ဖူးသည့် ဒိုင်လူကြီးဟောင်း ဂရေဟမ်ပူးလ်သည် မန်စီးတီးက အာဆင်နယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီး၏ သွင်းဂိုးများကို ခွင့်ပြုလိုက်သည့် ကွင်းလယ်ဒိုင်လူကြီး မာတင်အက်ကင်ဆန်ကို အပြည့်အဝ ထောက်ခံသွားခဲ့ကာ အာစင်ဝင်းဂါးမှာ အာဆင်နယ်မျက်မှန်ကို တပ်၍ အာဆင်နယ်ဘက်က ကြည့်နေသည့်အတွက် ဆုံးဖြတ်ချက်များကို လက်မခံနိုင် ဖြစ်နေခြင်း ဖြစ်ကြောင်း ဂရေဟမ်ပူးလ်က တုံ့ပြန်သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။ အာစင်ဝင်းဂါးသည် မန်စီးတီးအသင်း သွင်းယူသွားခဲ့သည့် ဂိုးနှစ်ဂိုးလုံးမှာ လူကျွံဘောများ ဖြစ်သည်ဟု ထောက်ပြသွားခဲ့ပြီး ဂရေဟမ်ပူးလ်ကမူ အဆိုပါ လူကျွံဘောဖြစ်စဉ် နှစ်ခုလုံးတွင် ဂိုးအဖြစ် သတ်မှတ်ပေးနိုင်သော အခြေအနေများ ရှိနေကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် ဂရေဟမ်ပူးလ်က “အာစင်ဝင်းဂါးက အာဆင်နယ်ဆိုတဲ့ မျက်မှန်ကြီးကို တပ်ပြီး သူ့ဘက်ကနေ သူရပ်ပြောနေတာပါ။ ဒိုင်လူကြီး မာတင်အက်ကင်ဆန်ဘက်ကနေ ကြည့်လိုက်ရင် မန်စီးတီး သွင်းယူသွားတဲ့ ဂိုးနှစ်ဂိုးလုံးက ဂိုးအဖြစ် သတ်မှတ်ပေးရမယ့် ဂိုးတွေပါပဲ။ ပထမဂိုးကို ကြည့်ကြရအောင်။ လီရွိုင်းဆိန်း လူကျွံနေပါတယ် ဆိုတာကို အနှေးပြကွက် အကြိမ်ကြိမ်ကြည့်ပြီးမှ သဘောပေါက်နိုင်မယ့် အနေအထားပါ။ လီရွိုင်းဆိန်းဟာ အာဆင်နယ် ကစားသမားတွေနဲ့ မျဉ်းဖြောင့်တစ်တန်းတည်း အနေအထားမျိုးကနေ ပြေးထွက်သွားခဲ့တာပါ။ ခြေတစ်လှမ်းစာ လူကျွံတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ ဥပဒေမှာကိုက ဒီလိုဖြစ်စဉ်တွေမှာ သံသယအကျိုးကို ခံစားခွင့် ရှိတယ်လို့ ပါရှိပြီးသားပါ။ ဒါဟာ ဂိုးအဖြစ် ခွင့်ပြုပေးရမယ့် အခြေအနေပါပဲ” ဟု မှတ်ချက်ပေးသွားခဲ့သည်။ ဒိုင်လူကြီး ဂရေဟမ်ပူးလ်သည် မန်စီးတီးအသင်း ဒုတိယဂိုး သွင်းယူသွားခဲ့သည့် ဖြစ်စဉ်တွင်လည်း ဂိုးရှေ့တွင် ဒေးဗစ်ဆေးလ်ဗား ရှိနေသည့် အခြေအနေက အာဆင်နယ်ဂိုးသမား ပီတာချက်ကို တစ်စုံတရာ သက်ရောက်မှု မဖြစ်စေနိုင်ဟု ထောက်ပြသွားခဲ့ပြီး ယင်းဂိုးမှာလည်း ပေးသင့်ပေးအပ်သည့်ဂိုးဟု ဂရေဟမ်ပူးလ်က ရှင်းပြသွားခဲ့သည်။ မန်စီးတီးအသင်း သွင်းယူသွင်းခဲ့သည့် ဒုတိယဂိုးနှင့် စပ်လျဉ်း၍ ဂရေဟမ်ပူးလ်က “ဒေးဗစ်ဆေးလ်ဗားက ထင်သာမြင်သာ လူကျွံနေတယ် ဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ဒေးဗစ်ဆေးလ်ဗား ရှိနေခြင်းက ဂိုးသမား ပီတာချက်ကို အာရုံထွေပြားသွားလောက်စရာ အကြောင်းမရှိပါဘူး။။ သူဟာ စတာလင်းကန်တဲ့ ကန်ချက်ကိုပဲ အာရုံစိုက်ပြီး ကာကွယ်ခဲ့ရတာပါ။ ဒေးဗစ်ဆေးလ်ဗား ရှိနေခြင်းက ပီတာချက်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတရာ ဖြစ်နိုင်လောက်စေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒီဂိုးကလည်း ပေးသင့်ပေးထိုက်တဲ့ဂိုးပါ” ဟု အသိပေးထားသည်။ သို့သော် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီက လက်ရှိဘောလုံးရာသီ မစတင်မီတွင် ထုတ်ပြန်ခဲ့သော စည်းမျဉ်းသစ်များအရမူ စတာလင်း သွင်းယူသွားခဲ့သောဂိုးမှာ လူကျွံဘော သတ်မှတ်ပေးရမည့် အခြေအနေဖြစ်ပြီး စည်းမျဉ်းသစ်တွင် ဖော်ပြပါရှိသည်မှာ ဂိုးသွင်းယူလိုက်ချိန်တွင် ဂိုးသွင်းယူသည့် အသင်းဘက်က မည်သူတစ်ဦးတစ်ယောက် ဖြစ်စေ လူကျွံအနေအထားတွင ရှိနေပါက ယင်းဂိုးကို ပယ်ဖျက်၍ လူကျွံဘောအဖြစ် သတ်မှတ်ပေးရမည်ဟူ၍ ဖြစ်သည်။
Source : https://goo.gl/lvsyFx
via IFTTT
Source : https://goo.gl/lvsyFx
via IFTTT
The Voice
နှစ်ချို့ဝိုင်နီကဲ့သို့ သက်တမ်းရင့်လေ ပိုကောင်းလေဖြစ်ကြောင်း အီဘရာဟီမိုဗစ် ဝင့်ကြွား မန်ချက်စတာ၊ ဒီဇင်ဘာ ၁၉ မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ၎င်းမှာ နှစ်ချို့ဝိုင်နီနှင့် အလားသဏ္ဌာန် တူညီကြောင်း တင်စားပြောကြားလိုက်ပြီး ၎င်း၏ ခြေစွမ်းမှာ အသက်ကြီးသည်နှင့်အမျှ ပိုမိုတိုးတက်ကောင်းမွန်လာကြောင်းလည်း အီဘရာဟီမိုဗစ်က ဝင့်ကြွားသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။ အီဘရာဟီမိုဗစ်သည် လက်ရှိဘောလုံးရာသီတွင် မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်၌ သွင်းဂိုး ၁၆ ဂိုးအထိ ရယူပေးထားပြီ ဖြစ်ကာ မန်ယူက ဝက်စ်ဘရွန်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင်လည်း အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးလုံးကို ၎င်းကပင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အီဘရာဟီမိုဗစ်သည် ပရီးမီးယားလိဂ်တွင် အခြေကျရန်အတွက် ၎င်းအချိန်ယူရလိမ့်မည် ဟူသော ဝေဖန်ချက်များကို သွင်းဂိုးများနှင့်အတူ ချေဖျက်ပြလိုက်နိုင်ပြီ ဖြစ်ကြောင်းလည်း အသိပေးထားကာ လက်ရှိအချိန်တွင် အသက် ၃၅ နှစ်အရွယ် ရှိနေပြီ ဖြစ်သော်လည်း အသက် ၂၀ အရွယ် လူငယ်ကစားတစ်ဦးဟုသာ မှတ်ထင်နေမိသည်ဟု အီဘရာဟီမိုဗစ်က ပြောကြားထားသေးသည်။ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် အီဘရာဟီမိုဗစ်က “ကျွန်တော်က အသက်ကြီးလေ ပိုကောင်းလာလေပါပဲ။ ပြောရမယ်ဆိုရင် သက်တမ်းရင့် နှစ်ချို့ဝိုင်နီလိုပေါ့ဗျာ။ ကစားရတာလည်း ပိုပြီးကျေနပ်မှု ရှိလာသလို ခြေစွမ်းကလည်း စိတ်ကြိုက်ဖြစ်စရာ ကောင်းလာပါတယ်။ အခု အင်္ဂလန်မှာ ကျွန်တော် အခြေကျနေပါပြီ။ အသက် ၃၅ နှစ်အရွယ် ရှိလာခဲ့ပြီ ဖြစ်ပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ အသက် ၂၀ အရွယ်လို့ ထင်မှတ်နေဆဲပါပဲ။ အသက် ၅၀ လောက်အထိ ကျွန်တော် ကစားသွားနိုင်လိမ့်မယ်လို့တောင် မျှော်လင့်နေမိပါတယ်” ဟု အသိပေးသွားခဲ့သည်။ အီဘရာဟီမိုဗစ်သည် မန်ယူက ဝက်စ်ဘရွန်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ဖြစ်သူထံသို့ တံတောင်ထုတ်၍ ခုန်ဝင်ခဲ့သည့်အတွက် အဝါကတ် ပြသသတိပေးခြင်း ခံခဲ့ရပြီး ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်လူကြီးဟောင်းတစ်ဦး ဖြစ်သည့် ဂရေဟမ်ပူးလ်ကမူ ယင်းပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာ အနေနှင့် အီဘရာဟီမိုဗစ်ကို တိုက်ရိုက်အနီကတ် ပြသထုတ်ပယ်ခဲ့သင့်သည်ဟု ဝေဖန်ထားသည်။ ဂရေဟမ်ပူးလ်သည် ဝက်စ်ဘရွန်းနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်ရိုက်အနီကတ် ပြသသင့်သည့်ဖြစ်စဉ် သုံးခု ရှိခဲ့ကြောင်း ထောက်ပြထားပြီး ယင်းဖြစ်စဉ်များမှာ အီဘရာဟီမိုဗစ်က ခရိတ်ဂျ်ဒေါ်ဆန်ထံသို့ တံတောင်ထုတ်၍ ခုန်ဝင်ခဲ့ခြင်း၊ မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို ဝက်စ်ဘရွန်း ကွင်းလယ်လူ ခရစ္စဘရန့်က ကြမ်းတမ်းစွာ လူချကစားခြင်းနှင့် ဝက်စ်ဘရွန်း တိုက်စစ်မှူး ရွန်ဒွန်က မန်ယူနောက်ခံလူ ရိုဂျိုကို ရင်ဘတ်ဆောင့်တွန်း၍ မျက်နှာကို လက်ဖြင့် လှမ်းရိုက်ခဲ့ခြင်းတို့ ဖြစ်ကြောင်း ဂရေဟမ်ပူးလ်က အသိပေးထားသည်။ အီဘရာဟီမိုဗစ်သည် တိုက်ကွမ်ဒို အားကစားနည်းတွင် ခါးပတ်နက်အဆင့် ရရှိထားသူဖြစ်ကာ ဘောလုံးအပြင် ၎င်းစိတ်ဝင်စားသည့် အခြားသော အားကစားနည်းမှာ ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး (MMA) ဖြစ်သည်။ အီဘရာဟီမိုဗစ်သည် အားလပ်ချိန်များတွင်မူ ရက်ဂေးသီချင်းများ နားထောင်၍ အပန်းဖြေလေ့ ရှိသည်။
Source : https://goo.gl/tm4ZCx
via IFTTT
Source : https://goo.gl/tm4ZCx
via IFTTT
Daily Mail
ဘာလင်မြို့မှာ ရှိတဲ့ ခရစ်စမစ် စျေးပွဲတော် တစ်ခုကို အကြမ်းဖက်သမားတွေက ထရပ်ကား အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၁၂ ဦး သေဆုံးခဲ့
Source : http://ift.tt/2hBlaF8
via IFTTT
Source : http://ift.tt/2hBlaF8
via IFTTT
Eleven Broadcasting
KIA ဘက်က UAV များဖြင့် လာရောက်သတင်းထောက်လှမ်းမှုကို တပ်မတော်ဘက်မှ လက်နက်ငယ်ဖြင့်ပစ်ချ ဖျက်စီး (ရုပ်သံ) KIA တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှ တပ်မတော်စစ်ကြောင်းအေြခပြုရာနေရာကို UAV များနဲ့ လာရောက်သတင်းထောက်လှမ်းမှုကိုတပ်မတော်ဘက်ကလက်နက်ငယ်နဲ့ ပစ်ချဖျက်စီးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
Source : http://ift.tt/2i9D27e
via IFTTT
Source : http://ift.tt/2i9D27e
via IFTTT
Eleven Media Group
ATM စက်မှ ငွေစက္ကူများ ခိုးထုတ်ခဲ့သည့် ဘူဂေးရီးယားနိုင်ငံသားအား ပုဒ်မလေးခုဖြင့် စုစုပေါင်းထောင်ဒဏ် ငါးနှစ်ခြောက်လ ကျခံစေရန် အမိန့်ချ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အတွင်းရှိ ATM ငွေထုတ်စက်များရှိ ငွေများအား ကတ်အတုဖြင့် ခိုးထုတ်မှုကြောင့် တရားစွဲခံထားရသည့် ဘူဂေးရီးယားနိုင်ငံသားကို ဒီဇင်ဘာ ၁၉ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ ယင်းနေ့တွင် တရားစွဲခံထားရသူ ဘူဂေးရီးယားနိုင်ငံသား Mr.MILENATANASOV (TASEV) အား ပုဒ်မ ၃၈၀ ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၄၆၅ ဖြင့် ထောင်ဒဏ်တစ်နှစ်၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁ (၁) ဖြင့် ထောင်ဒဏ်ခြောက်လ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (က) ဖြင့် ငွေဒဏ်ကျပ်သိန်း ၅၀ သို့မဟုတ် ထောင်ဒဏ်တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ငါးနှစ်ခြောက်လအား ကျခံရမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။
Source : http://ift.tt/2h67OS5
via IFTTT
Source : http://ift.tt/2h67OS5
via IFTTT
ရခိုင်အရေး မြန်မာကို ကူညီရန် နည်းလမ်းရှာမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီ မွတ်ဆလင်များ အရေးကိစ္စအတွက် ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၉ ရက်၌ ကျင်းပ ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအား အသိပေး ပြောကြားခဲ့သည်။ ဘင်္ဂါလီ ပြဿနာသည် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် သက်ဆိုင်သော အရေးကိစ္စ တစ်ခုဖြစ်သည်ဟု မလေးရှားနိုင်ငံက ဆိုပြီး အဖွဲ့ဝင်နိုင်ငံများ အနေနှင့် ဘင်္ဂါလီ လူမျိုးများအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပူးပေါင်း ပေးအပ်ရန်နှင့် ဘင်္ဂါလီတို့ ညှဉ်းပန်း နှိပ်စက်ခံနေရသည်ဟူသော စွပ်စွဲချက်များအတွက် စုံစမ်း ဖော်ထုတ်ရန် တိုက်တွန်းလိုက်ကြောင်း ယင်းဆွေးနွေးပွဲသို့ သွားရောက် သတင်း ရယူခဲ့သည့် Channel News Asia သတင်းဌာနက ရေးသား ဖော်ပြသည်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများ၊ အခြေအနေ အရပ်ရပ်တို့နှင့် ပတ်သက်၍ အလွတ်တန်း သဘောမျိုး တွေ့ဆုံမှုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားမှုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ အာဆီယံ မီဒီယာများသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အနီးကပ် စောင့်ကြည့်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက “ရှုပ်ထွေး နက်နဲလှသည့် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးနှင့် အပြုသဘောဆောင်စွာ ဆွေးနွေးဖြစ်ခဲ့ပါသည်။ (ရခိုင်ပြည်နယ်အတွက်) လူသားချင်း စာနာ ထောက်ထားမှုများ အတူတကွ ခွဲဝေ ပေးအပ်သွားရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်”ဟု သတင်း ထုတ်ပြန်သည်။ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်နန်က ယင်းဆွေးနွေးပွဲပြီးနောက် Facebook စာမျက်နှာတွင် “ကာလကြာရှည်စွာ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် အရေးကိစ္စ (ပြဿနာ) သည် အချိန်ယူ ဖြေရှင်းရန် လိုအပ်သလို အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်လည်း လိုအပ်သည်။ စိတ်ဆန္ဒကောင်းထားရှိပြီး ဆုံးဖြတ်ချက် ခိုင်မာမှုဖြင့် ဖြေရှင်းရမည် ဖြစ်သည်”ဟု ဖော်ပြပြီး မြန်မာနိုင်ငံအတွက် မည်ကဲ့သို့ အကောင်းဆုံး ဖြစ်အောင် ကူညီ ပံ့ပိုးပေးရမည် ဟူသော အချက်ကိုလည်း အာဆီယံ ဝန်ကြီးများ ဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အကျိုးအမြတ် ဖြစ်ထွန်းအောင် ရေရှည် ကူညီ ထောက်ပံ့မှု ပြုနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။ ရခိုင်ပြည်နယ် အရေးကိစ္စ၊ အထူးသဖြင့် ဘင်္ဂါလီ မွတ်ဆလင်များ အခွင့်အရေးနှင့် ပတ်သက်၍ သံတမန် ဆက်ဆံရေး ထိခိုက်လုနီးပါးဖြစ်အောင် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ်ဆရီအနီ ဖာအာမန်က ဘင်္ဂါလီ (၎င်း၏အခေါ် ရိုဟင်ဂျာ) လူမျိုးများအတွက် လူ့အခွင့်အရေး တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှု အခြေအနေတို့မှာ နှေးကွေးကြန့်ကြာလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ၎င်းက ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် ပြဿနာသည် အာဆီယံ ဒေသတွင်း နိုင်ငံများ စိုးရိမ် ပူပန်ရမည့် အရေးကိစ္စ တစ်ခုဖြစ်နေပြီဟု ယုံကြည်ကြောင်း၊ ပြဿနာကို အတူတကွ ဖြေရှင်းရန် လိုအပ်ကြောင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို အသိပေး ပြောကြားသည်ဟု CNA က ဖော်ပြသည်။ The Voice သတင်းစာမှ အွန်လိုင်းအဖွဲ့၏ လေ့လာ စောင့်ကြည့်မှုများအရ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေသည့် ဒီဇင်ဘာ ၁၉ ရက်တွင် ပြည်ပမီဒီယာ အချို့နှင့် လူ့အခွင့်အရေးအဖွဲ့ အချို့က ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ လွန်စွာ အနုတ်လက္ခဏာ ဆောင်သည့် သတင်းများနှင့် ဘက်လိုက်သော စစ်တမ်းအချို့ ဖော်ပြခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က မြန်မာစစ်တပ် (တပ်မတော်) သည် ဘင်္ဂါလီ လူမျိုးများကို ညှဉ်းပန်း နှိပ်စက်မှုများ၊ အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ Asia Corresponden အွန်လိုင်း သတင်းစာကလည်း “ဘင်္ဂါလီတွေ မြန်မာစစ်တပ်၏ အကြမ်းဖက် ခံရခြင်းသည် အမှန်တကယ် ဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်” ဟူသော ခေါင်းစဉ်ဖြင့် စွပ်စွဲ ရေးသားခဲ့သည်ကို တွေ့ရသည်။ အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်နှင့် အစိုးရအဖွဲ့တို့က လူ့အခွင့်အရေး အုပ်စုများ၏ စွပ်စွဲချက်များ အားလုံးကို ပယ်ချကြောင်း၊ အရပ်သားများ သတ်ဖြတ်ခံရခြင်း၊ အုပ်စုဖွဲ့ မုဒိမ်း ကျင့်ခံရခြင်း၊ နေအိမ်များ မီးရှို့ ဖျက်ဆီးခံရခြင်းစသည့် စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း တုံ့ပြန်ဖြေရှင်းသည်။ CAN သတင်းဌာနနှင့် ယခု လဆန်းပိုင်းက ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများ၊ ပြဿနာများကို ပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်သွားရန် ၎င်းအနေနှင့် ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် နားလည်မှု ပေးရန်လိုအပ်ကြောင်း တိုက်တွန်း ပြောဆိုခဲ့သည်။
Source : http://ift.tt/2hOqCoK
via IFTTT
Source : http://ift.tt/2hOqCoK
via IFTTT
Monday, December 19, 2016
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial
မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း ဆို ----- ----- ----- မြောက်ပိုင်း မဟာမိတ် အဖွဲ့၀င်များဖြစ်သည့် KIO/ KIA ၊ TNLA ၊ MNDAA ၊ AA တို့နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့များ တရုတ်နိုင်ငံတွင် တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော်က The Ladies News သို့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ပြောသည်။ ယင်းက “အဲ့ဒါက ညှိနှိုင်းနေဆဲပါပဲ။ ဘယ်နေ့ တွေ့့မယ်ဆိုတာ မသိရသေး ဘူး။ ဟုတ်ကဲ့ ညိုနှိုင်းနေဆဲပါပဲ” ဟု ပြောသည်။ တပ်မတော် အဆင့်မြင့်အရာရှိများ ပါ၀င်သည့် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် လက်နက်ကိုင် ပူးပေါင်းအဖွဲ့ တို့သည့် ဒီဇင်ဘာ ပထမပတ်အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံရန် တရုတ်အစိုးရ နှင့် “၀” UWSA အဖွဲ့က ကြား၀င် ဆောင်ရွက်ပေးသော်လည်း တွေ့ဆုံမှု မအောင်မြင်ခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။ သို့သော်လည်း ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “အဲ့ဒါတော့ ပေါ်လစီကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ သွားနိုင်ဖို့ Formal (ပုံမှန်)ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့အတွက် Informal (အလွတ် သဘော) ဆွေးနွေးပွဲစဖို့ ပြင်ဆင်နေတာဖြစ်တယ်” ဟု ဆိုသည်။ တွေ့ဆုံမှုအချိန်နှင့် ပတ်သက်ပြီး “အဲ့ဒါကတော့ ညှိလို့ အဆင်ပြေ ရင် တွေ့မှာပေါ့။ အခုကတော့ အလွတ်သဘော တွေ့တာ ဖြစ်တယ်။ အဲ့ဒီမှာ အဆင်ပြေရင် ထပ်တွေ့တာပေါ့”ဟု ပြောသည်။ ဩဂုတ်လအတွင်းက ကျင်းပခဲ့သည့် ပထမအကြိမ် ၂၁ ရာစု ပင်လုံတွင် NCA လက်မှတ်မရေး ထိုးရသေးသည့် “ဝ”လက်နက်ကိုင် အဖွဲ့ (UWSA)၊ မိုင်းလားလက် နက်ကိုင်အဖွဲ့(NDAA)နှင့် KIA အပါအဝင် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက TNLA၊ MNDAA နှင့် AA စသည့် လက်နက်ကိုင် သုံးဖွဲ့တို့ ပါဝင်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် ယင်း လက်နက်ကိုင် သုံးဖွဲ့အကြား ညှိနှိုင်းမှုမပြေလည်၍ လက်နက်ကိုင် သုံးဖွဲ့သည် ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း သတင်းများအရ သိရသည်။ စိုင်းဟန် The Ladies News http://ift.tt/2hYLTfU
Source : http://ift.tt/2hYLTfU
via IFTTT
Source : http://ift.tt/2hYLTfU
via IFTTT
The Voice
ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ်သည် လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် လီဗာပူးနှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်၌ ခရိတ်ဂ်ျပေါဆန်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ပေးရန် စီစဉ်ထားခြင်းကို ပယ်ဖျက်သင့်ကြောင်း အကြံပြု တိုက်တွန်းလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။ ဟောင်းဝပ်ဝက်ဘ်သည် စတုတ်စီးတီးနှင့် လက်စတာတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒိုင်လူကြီးပေါဆန်၏ ဆုံးဖြတ်ချက် ချမှတ်မှုများ၌ အားနည်းချက်များစွာ ရှိခဲ့သည်ဟု ထောက်ပြထားပြီး လီဗာပူးနှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်တွင် ယင်းသို့ ဆုံးဖြတ်ခဲ့မည် ဆိုပါက နှစ်ဖက်အသင်းအကြားတွင် မလိုလားအပ်သည့် နောက်ဆက်တွဲ အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဟောင်းဝပ်ဝက်ဘ်က မှတ်ချက်ပြုထားသည်။ ဟောင်းဝပ်ဝက်ဘ်သည် ပေါဆန်ကို စတုတ်စီးတီးနှင့် လက်စတာတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ချင့်ချိန်မှု ကင်းမဲ့လွန်းခဲ့ကြောင်းလည်း အပြစ်တင်သွားခဲ့ပြီး ဗာဒီကို အနီကတ်ပြခြင်း၊ စတုတ်စီးတီးကို ပင်နယ်တီကန်ခွင့်ပေးခြင်း၊ လက်စတာ ကစားသမား ခြောက်ဦးကို အချိန်တိုအတွင်း အဝါကတ် ပြသခဲ့ခြင်းများမှာ ပွဲအခြေအနေကို ရှုပ်ထွေးသွားစေနိုင်သည့် ဆုံးဖြတ်ချက်များ ဖြစ်ကြောင်း ဟောင်းဝပ်ဝက်ဘ်က ပြောကြားထားသည်။ အသက် ၃၇ နှစ် အရွယ်ရှိ ဒိုင်လူကြီး ပေါဆန်သည် မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနောက်ခံလူ ရိုဂျိုက လက်စတာ တိုက်စစ်တောင်ပံကစားသမား ဇာဟာကို ခြေစုံဝင် ဖျက်ထုတ်ခဲ့ခြင်း၌ ရိုဂျိုကို တိုက်ရိုက်အနီကတ် ပြသထုတ်ပယ်ရန် ပျက်ကွက်ခဲ့သည့်အတွက် ပြစ်တင်ဝေဖန်ခံလိုက်ရ အပြီးတွင် ဖိအားများ ဝင်သွားခဲ့ကာ ယင်းအတွက် စတုတ်စီးတီးနှင့် လက်စတာတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်ကို တာဝန်ယူရာတွင် ပေါဆန်က ပြင်းထန်သည့် ဆုံးဖြတ်ချက်များကို အသုံးပြုလိုက်ခြင်းဖြစ်ဖွယ် ရှိကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်
Source : https://goo.gl/AaSTJ6
via IFTTT
Source : https://goo.gl/AaSTJ6
via IFTTT
7Day News Journal
ဘုတ်ပြင်းမြို့နယ်အနီး ပင်လယ်အတွင်း စက်လှေတစ်စီးပေါ်မှ ကျပ်သိန်းသောင်းချီတန်သည့် မူးယစ်ဆေးများဖမ်းမိ ပုံ- ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ လှေလုပ်သားများ (Ye Lin Aung FB) ဧရာဝတီတိုင်းဒေသကြီး မှ သယ်ဆောင်လာသော သိန်း ပေါင်း တစ်သောင်းရှစ်ထောင် ကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ဘုတ်ပြင်းမြို့နယ် ပင်လယ်ရေပြင်ပိုင်နက်အတွင်း စက်လှေတစ်စီးပေါ်မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ သတင်းရရှိသည်။ ဘုတ်ပြင်းမြို့နယ် ပင်လယ် ရေပြင်ပိုင်နက်တွင် တပ်မတော် ကင်းလှည့်ရေယာဉ်က လုံခြုံရေး ကင်းလှည့်နေစဉ် ဒီဇင်ဘာ ၁၆ ရက် ညနေက ဖမ်းဆီးနိုင်ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ ဒေသ အခေါ် အနောက်စူလာကျွန်းအနီး ခုတ်မောင်းသွားသော စက်လှေ တစ်စီးကို တပ်မတော်ကင်းလှည့် ရေယာဉ်က တားဆီးစစ်ဆေးရာမှ အဆိုပါမူးယစ်ဆေးများ ဖမ်းဆီး နိုင်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးကပြောသည်။ ‘‘ဖျာပုံဘက်ကနေ သယ်လာ တာလို့သိရတယ်။ တရားခံက ၁၁ ယောက်။ နိုင်ငံတကာရေပြင်ပိုင် နက်ထဲရောက်သွားရင် ထိုင်းကို လည်း ပို့နိုင်သလို တခြားနိုင်ငံ တွေကိုလည်း ရောက်နိုင်တယ်။ ရေတပ်က လှည့်ကင်းလှည့်ရင်း ရပ်ဖို့အချက်ပြတာ မရပ်ဘဲ ထွက် ပြေးတော့ လိုက်ဖမ်းတာပေါ့။ ကွင်းဆက်တွေ ဆက်ဖော်ထုတ် နေတာကြောင့် ဒီလောက်ပဲ ပြော နိုင်သေးတယ်’’ဟု ရဲမှူးကြီးနေမျိုး ကပြောသည်။ ဖမ်းဆီးထိန်းသိမ်းထားသူ များ၏ ထွက်ဆိုချက်အရ မူးယစ် ဆေးများ တင်ဆောင်ကာ ဧရာဝ တီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဆိပ်ကမ်းမှ ဒီဇင်ဘာ ၆ ရက်၌ စတင်ထွက်ခွာလာပြီး နိုင်ငံတ ကာ ရေပိုင်နက်တွင် အခြား စက် လှေတစ်စီးသို့ လွှဲပြောင်းရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ စက်လှေပေါ်တွင် ကာလ တန်ဖိုး ကျပ်သိန်းတစ်သောင်းရှစ်ထောင့်ရှစ်ရာခန့် တန်ဖိုးရှိ တစ် ထုပ်လျှင် တစ်ကီလိုဂရမ်အလေး ချိန်ရှိ ဘိန်းဖြူအမှုန့် ၉၄၀ ထုပ်ပါ လာပြီး သယ်ဆောင်လာသူများကို မြိတ်မြို့နယ် ရဲစခန်း၌ ထိန်း သိမ်းကာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/ ၂၀(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
Source : http://ift.tt/2hYdDBq
via IFTTT
Source : http://ift.tt/2hYdDBq
via IFTTT
MOI Webportal Myanmar
မြန်မာယူ - ၂၁ အသင်းနှင့် Thanh Nien သတင်းစာအသင်း သရေကျ ရန်ကုန် ဒီဇင်ဘာ ၁၈ ဗီယက်နမ်ယူ-၂၁ ဖိတ်ခေါ် ပြိုင်ပွဲအုပ်စုပထမနေ့ကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ၌ကျင်းပရာ မြန်မာယူ-၂၁ အသင်းနှင့် Thanh Nienသတင်းစာအသင်း တို့ တစ်ဂိုးစီသရေကျခဲ့သည်။ လက်ရွေးစင်ကစားသမားအချို့ပါဝင်လာသော်လည်း ရတနာပုံအသင်းမှ ကစား သမားများပါဝင်လာခြင်းမရှိသည့် မြန်မာယူ-၂၁ အသင်းသည် အကောင်းဆုံးခြေစွမ်း ပြနိုင်ခြင်းမရှိဘဲ ပွဲပြီးခါနီးတွင် သွင်းယူခဲ့သည့် ချေပဂိုးကြောင့် သရေတစ်မှတ်ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။ မြန်မာယူ-၂၁ အသင်းသည်မလေးရှားဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့်ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာယူ-၂၁ အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ လက်ရွေးစင်ကစားသမားများဖြစ်သော နန္ဒကျော်၊ မောင်မောင်လွင်၊ သန်းပိုင်၊ ရန်နိုင်ဦး၊ ဇင်ဖြိုးအောင်တို့အပါအဝင် ဘုန်းသစ္စာမင်း(ဂိုး)၊ ထိုက်ထိုက်အောင်၊ သောင်လပ်ထျန်၊ စွမ်းထက်အောင်၊ သီဟထက်အောင်၊ သန်းဇော်ဟိန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ ဗီယက်နမ်လူငယ်လက်ရွေးစင်များပါဝင်သည့် Thanh Nien သတင်းစာအသင်းသည် ပွဲစကတည်းက မြန်မာအသင်းဘက်သို့ ဖိကစားနိုင်ခဲ့သော် လည်း မြန်မာခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းသည် ပထမ ပိုင်းတွင် ကစားကွက်တည် မရဖြစ်ခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် စွမ်းထက်အောင်ဖန်တီး ပေးမှုမှတစ်ဆင့်သန်းပိုင် ကန်သွင်းမှုဂိုးဝင်ခဲ့သော်လည်း လူကျွံဘောအဖြစ် သတ်မှတ် ခံခဲ့ရ၍ နစ်နာခဲ့ရသည်။ ဒုတိယပိုင်းအစတွင် Thanh Nien သတင်းစာအသင်းကဂိုးရရန် တိုက်စစ်ပို ဖွင့်ကစားလာခဲ့ပြီး ၅၈ မိနစ်တွင်ဖန်မင်ကျန်၏ ကန်ချက် ဘားထိထွက်ခဲ့သည်။ မြန်မာ ယူ-၂၁ အသင်းသည် သန်းပိုင်အစားရွှေကို၊ သန်းဇော်ဟိန်းအစား ဟိန်းသီဟဇော်၊ မောင်မောင်လွင်အစား မောင်မောင်စိုးတို့ကိုထည့်ကာ တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့သည်။ ၈၂ မိနစ်တွင် ဗူဗန်ဟွာက Thanh Nienသတင်းစာအသင်းအတွက် ဂိုးစတင်သွင်းယူခဲ့ပြီး မြန်မာအသင်းသည် ပွဲပြီးခါနီးတွင်သွင်းယူခဲ့သည့် ဂိုးကြောင့် ချေပဂိုးရခဲ့ခြင်းဖြစ်သည်။ ယင်းဂိုးကိုရန်နိုင်ဦးက ပွဲပြီးခါနီးစက္ကန့်ပိုင်းအလိုတွင် သွင်းယူ ခဲ့သည်။ မြန်မာယူ-၂၁ အသင်းသည်အုပ်စုဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၂၀ ရက်တွင် ဂျပန်ကလပ်ယိုကိုဟားမားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Source : http://ift.tt/2hKTzlj
via IFTTT
Source : http://ift.tt/2hKTzlj
via IFTTT
MOI Webportal Myanmar
မြန်မာ့ရိုးရာအိုးကြီးချက်ပြိုင်ပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပမည် ရန်ကုန် ဒီဇင်ဘာ ၁၈ အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက်အလွတ်တန်း ပြိုင်ပွဲကြီးကို လာမည့်ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ မိုင်ဒါကွင်း၌ ငါးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''မြန်မာ့ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ဖော်ထုတ်တဲ့အနေနဲ့ တိမ်မြုပ်ကွယ်ပျောက်လုနီးပါး ဖြစ်လာ တဲ့ အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲကြီးကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီပွဲကြီးမှာ မြန်မာ့ရိုးရာနဲ့ပတ်သက်တဲ့ အိုးစည်၊ ဒိုးပတ်၊ အကအခုန်တွေ၊ လက်ဝှေ့လိုရိုးရာအားကစားပြိုင်ပွဲတွေပါ ထည့်သွင်းကျင်းပမှာ ဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကြီးဟာ မြန်မာခရီးသွားလုပ်ငန်းမြှင့်တင် ရေးအတွက် အရေးပါတဲ့ ပြိုင်ပွဲကြီးလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကြီးကနေ က္ဘာလှည့်ခရီးသွားဧည့်သည်တွေဟာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို မြင်တွေ့ ရှုစားရမှာဖြစ်ပါတယ်'' ဟု ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားတွင် မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါ်တင်မာမြင့်က ပြောကြားသည်။ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းပြိုင်ပွဲ ကျင်းပရေးကော်မတီသို့ ဒီဇင်ဘာ လကုန်နောက်ဆုံး လျှောက်ထားကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲ ကို ၂၅-၁-၂ဝ၁၇ ရက်မှ ၂၉-၁-၂ဝ၁၇ ရက်အထိ မိုင်ဒါကွင်း၌ နံနက် ၁ဝ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံမှာ ပထမရက်နှင့် ဒုတိယရက်များ တွင် အုပ်စုအဆင့်ပွဲစဉ််များ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အုပ်စု အဆင့်မှအနိုင်ရသူများသည် တတိယရက်တွင် ကွာတားဖိုင်နယ် သို့ တစ်ဖွဲ့ချင်းရှုံး/ထွက်ပုံစံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ကွာတား ဖိုင်နယ်မှစ၍ နှစ်သင်းထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကွာတားဖိုင်နယ်အနိုင်ရသူသည် ဆီမီးဖိုင်နယ်သို့ တက်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် နောက်ဆုံးပွဲစဉ်တွင် အနိုင်ရရှိသူသည် အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီး၏ ပထမဆုရွှေတံဆိပ်နှင့် ဆုကြေးငွေ ကျပ်သိန်း ၅ဝ၊ ဒုတိယဆုအတွက် ငွေတံဆိပ်နှင့် ဆုကြေး ငွေကျပ်သိန်း ၃ဝ၊ တတိယဆုအတွက် ကြေးတံဆိပ်နှင့်ငွေကျပ် သိန်း ၂ဝ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အကဲဖြတ်မည့်ပုံစံမှာ မြန်မာ့ရိုးရာအိုးကြီးချက်ပညာရပ် များနှင့်အညီချက်ပြုတ်ရန်စီစဉ်ဆောင်ရွက်မှု၊ ချက်ပြုတ်ထား သည့် ထမင်းဟင်းများ၏အရသာ၊သန့်ရှင်းသပ်ရပ်မှုတို့အပေါ် အကဲဖြတ်ဒိုင်များက အမှတ်ပေးရွေးချယ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပသည့် ပြိုင်ပွဲကြီးဖြစ်ကြောင်း၊ မြန်မာ့ရိုးရာအလှူအတန်းများတွင် အထူးသဖြင့် ကျေးလက်အလှူအတန်းများတွင် စီမံချက်ပြုတ် ပေးရသော မြန်မာ့ရိုးရာအိုးကြီးချက်ပညာရပ်ကို တိမ်မြုပ်မသွား စေရေးဖော်ထုတ်သည့်အနေဖြင့် ပြိုင်ပွဲအဖြစ်ကျင်းပရခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲကျင်းပစဉ်ရက်များအတွင်း ချက်ပြုတ်ထားသော အစားအသောက်များကို စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။ မြင့်မောင်စိုး
Source : http://ift.tt/2h1UU7X
via IFTTT
Source : http://ift.tt/2h1UU7X
via IFTTT
The Voice
လမ်းဘေးစျေးသည်များ ဖယ်ရှားအပြီး ရန်ကုန်မြို့လယ် ယာဉ်ကြောအခြေအနေ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြို့လယ် အဓိက လမ်းမကြီးများဘေးမှ လမ်းဘေးစျေးသည်များကို ဖယ်ရှားပြီး ကမ်းနားလမ်း၌ ညစျေးတန်း ဖွင့်ပေးလိုက်ခြင်းကြောင့် ယာဉ်ကြောသွားလာမှု အခြေအနေအပေါ် အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။ “တရုတ်တန်းဆို သိသိသာသာ ပြောင်းလဲလာတယ်” ဦးငါးမန်း (ခရီးသည်တင် ယာဉ်မောင်း) လမ်းဘေးစျေးသည်တွေ မရှိတော့တဲ့အတွက် ကားမောင်းရတာ အတော်လေးတော့ အဆင်ပြေလာပါတယ်။ တရုတ်တန်းဆို သိသိသာသာ ပြောင်းလဲလာတယ်။ အတော်လေး ရှင်းသွားတယ်ပေါ့နော်။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့နော်။ လက်ရှိမှာ အရင်ကထက်စာရင် မြန်ဆန်မှုလည်း ပိုရှိလာတယ်။ အန္တရာယ်လည်း ပိုကင်းလာတယ်ပေါ့နော်။ အရင်က ကားလမ်းပေါ်မှာ စျေးပိတ်ရောင်းနေတဲ့အတွက် လမ်းသွားလမ်းလာတွေက လမ်းမပေါ် တက်လျှောက်တော့ ကားမောင်းတဲ့အခါ သတိထားရတယ်။ အန္တရာယ် များတယ်ပေါ့နော်။ လမ်းလျှောက်တဲ့ သူတွေလည်း သူ့နေရာလေးနဲ့သူ လမ်းလေးလျှောက်လို့ ရတော့ သူတို့အတွက်လည်း ကောင်းတာပေါ့နော်။ အရင်က ကားမောင်းတဲ့အခါ လမ်းကြောင်းတစ်ခုကို တစ်ခါပတ်ရင် သုံးနာရီလောက် ကြာတာကနေ အခုဆို နှစ်နာရီခွဲလောက်ပဲ ကြာတော့တယ်။ ဒါပေမဲ့ ယာဉ်လမ်းကြောတွေ ချောင်စေချင်တယ် ဆိုရင် တစ်နေရာတည်းကွက်ပြီး အရေးယူတာမျိုးထက် တစ်မြို့လုံးက ယာဉ်လမ်းကြောမှာ ရှိနေတဲ့ စျေးနားတစ်ဝိုက်က လမ်းဘေးစျေးသည်တွေကို အရေးယူသင့်ပါတယ်။ ဒါက သူတို့ကို တရားဝင် ရောင်းချခွင့် ပေးထားတာ မဟုတ်တဲ့အတွက် အစိုးရကဖယ်ဆို ဖယ်ကို ဖယ်ပေးရမှာပါ။ နောက် သူတို့ကိုဖယ်ပြီး လုပ်စားကိုင်စား မရအောင် လုပ်လိုက်တာမျိုး မဟုတ်ဘဲ တစ်နေရာတည်းမှာ တစုတစည်းတည်း ထားပေးထားတဲ့အပေါ်မှာ မကျေနပ်တာကတော့ ကျွန်တော်လည်း နားမလည်ဘူး။ မပြေလည်ဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ ဘယ်အလုပ်မဆို အစပိုင်းမှာတော့ သူ့အခက်အခဲလေးတွေနဲ့ သူတော့ ရှိတတ်တာပဲလေ။ “ဥပဒေတစ်ခု၊ စည်းကမ်းတစ်ခု၊ ပြောင်းလဲမှုတစ်ခုကို တိတိကျကျ ဖော်ဆောင်စေချင်ပါတယ်” မဟေသီကျော် (ခရီးသည်) အခုအထိတော့ လမ်းတွေမချောင်ဘူး။ မချောင်ဘူးဆိုတာက လမ်းဘေးစျေးသည်တွေ နေရာရွှေ့တယ်ဆိုတာ နေရာတစ်ခုတည်းကို ကွက်ရွှေ့တာကြောင့်လည်း ပါမယ်။ ပြီးတော့ လမ်းဘေးစျေးသည်တွေကို နေရာပြောင်းရွှေ့တာ လုပ်သင့်တယ်။ လုပ်ရမယ်လို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ လိုင်းကားအရေအတွက်ကို လျှော့ချသင့်တယ်။ မလိုအပ်တဲ့ လိုင်းကားနံပါတ်တွေ မြို့ထဲကို ပြေးဆွဲနေတဲ့ လိုင်းကားအမျိုးအစားကို လျှော့ချပြီး ကားအစီးရေ ပြန်တိုးတာမျိုးပဲ လုပ်သင့်တယ်။ ပြီးတော့ အမှိုက်ကန်တို့၊ အမှိုက်ကားတို့ကိုလည်း Bus Stop မှာ ထားတာမျိုး လုံးဝမဖြစ်သင့်ပါဘူး။ အစိုးရ အနေနဲ့ ယာဉ်လမ်းကြောင်းပိတ်တာနဲ့ ပတ်သက်ပြီး ဥပဒေတစ်ခု၊ စည်းကမ်းတစ်ခု၊ ပြောင်းလဲမှုတစ်ခုကို တိတိကျကျ ဖော်ဆောင်စေချင်ပါတယ်။ ကွန်တိန်နာ ကားကိစ္စလို ကျွန်တော်တို့ ပြန်စီစဉ်ပါမယ်လို့ ရှုံ့ချီ နှပ်ချီ မလုပ်သင့်ပါဘူး။ ဥပဒေတစ်ခုကို တင်းတင်းကျပ်ကျပ် ချမှတ်ပြီး ကိုင်တွယ်သင့်တယ်။ မဟုတ်ရင် မြို့ထဲတစ်နေရာတည်း ကွက်ချောင်ပြီး ကျန်တဲ့နေရာတွေ ကားပိတ်တာ ညီမတို့အတွက် အသုံးမဝင်ပါဘူး။ အထောက်အပံ့မဖြစ်ဘူး။ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ်။ ဥပဒေ ဖော်ဆောင်မယ့် ဝန်ထမ်းတွေ အနေနဲ့လည်း သမာသမတ်ကျကျ ထမ်းဆောင်မယ်ဆို အောင်မြင်မှာပါ။ တစ်ခုပါပဲ။ အရေးယူမယ်ပြောတဲ့ ဥပဒေကို ကန့်ကွက်ကြရင်လည်း အမျိုးအမျိုး မဖြစ်သင့်ပါဘူး။ “အခုဆို လသာကနေ ဆူးလေအထိက အတော်လေးကို အဆင်ပြေသွားတယ်” ဦးတင်မောင်မြင့် (အငှားယာဉ်မောင်း) အရင်ကထက်စာရင် ကားမောင်းရတာ ပိုကောင်းလာတယ်။ တရုတ်တန်းဆို အရင်ကထက် အများကြီး ပိုကောင်းလာတယ်။ အရင်တုန်းက သုံးနာရီ၊ လေးနာရီလောက်ဆို မဟာဗန္ဓုလလမ်းပေါ်ကို လုံးဝတက်မရဘူး။ တက်မရဘူးဆိုတာ တော်တော်ကျပ်တာပေါ့။ အခုကျ သွားလို့လာလို့ အတော်အဆင်ပြေသွားတယ်။ တစ်နေ့ကတောင် သူများတွေ ပြောနေတာ ကြားလိုက်သေးတယ်။ အရင်တုန်းကဆို အရေးပေါ်လူနာသာ ဒီလမ်းက ဖြတ်ရမယ်ဆို မျှော်လင့်ချက် မရှိနိုင်ဘူးပေါ့နော်။ အခုတော့ မျှော်လင့်ချက်လေးထားလို့ ရတယ်ဆိုပြီး ပြောနေတာ ကြားလိုက်ရသေးတယ်။ အရင်ထက်စာရင် အများကြီး ပိုကောင်းလာတယ်။ အခုဆို လသာကနေ ဆူးလေအထိက အတော်လေးကို အဆင်ပြေသွားတယ်။ အရင်က အဲဒီလမ်းတွေက အကျပ်ဆုံးလေ။ ဒီဘက်အတက်ဘက်ကတော့ ပိတ်နေတုန်းပဲ။ အဲဒါကျ ကားတွေကြောင့် ပိတ်တာပါ။ စျေးသည်တွေတော့ မရှိတော့ဘူး။ အရင်ကဆို လမ်းဘေး ကားယာယီရပ်ဖို့ ပေးထားတဲ့ နေရာတွေမှာ လမ်းဘေးစျေးသည်တွေက ပိတ်ရောင်းနေတဲ့အတွက် ကားရပ်ချင်ရင် လမ်းမပေါ်မှာပဲ ရပ်ရတော့ လမ်းတစ်လမ်းက အလိုလိုပိတ်သွားပြီး ယာဉ်ကြောတွေ ကျပ်လာတာပေါ့နော်။ ခုတော့ အတော်လေးကို အဆင်ပြေလာတယ်လို့ ပြောချင်ပါတယ်။ ခိုင်ချယ်ရီထွန်း
Source : https://goo.gl/WPGh6G
via IFTTT
Source : https://goo.gl/WPGh6G
via IFTTT
7Day News Journal
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရလက်ထက်တွင် နိုင်ငံရေးပြဿနာများဖြေရှင်းရန်လိုကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော ပုံ - ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအိုင်အိုဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဦးဆောင်သော UNFC မှ ကိုယ်စားလှယ်များ ယခုနှစ်ဇူလိုင်လက တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသော အစိုး ရလက်ထက်တွင် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအပါ အဝင် နိုင်ငံရေးပြဿနာများကို ဆွေးနွေး ဖြေရှင်းရမည်ဖြစ် ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ကချင်ပြည်နယ်တွင်လတ် တလောဖြစ်ပွားနေသည့် တိုက်ပွဲ များနှင့်ပတ်သက်၍ အစိုးရ၏ သ ဘောထားအပေါ် မေးမြန်းစဉ် သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခြင်းဖြစ်သည်။ လတ်တလောကချင်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ ဦး ဇော်ဌေးက ‘‘အစိုးရရဲ့ သဘော ထားကတော့ နှစ်ဦးနှစ်ဖက်ရဲ့ ကြားမှာ စေ့စပ်ညှိနှိုင်းပေးရမယ်။ ဒါအစိုးရရဲ့ မူဝါဒ။ အစိုးရက အ ခုလုပ်ဆောင်နေတာ အဲဒီအတိုင်း ပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်မှာ သူ့ရဲ့ အစိုးရရဲ့ မူဝါဒကိုရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ NCA ထိုးပါ။ ၂၁ ရာစု ပင်လုံညီလာခံတက်ပါ။နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးညှိနှိုင်း လုပ်ပါ’’ဟု ပြောကြားသည်။ မြန်မာနိုင်ငံတွင် လွတ်လပ် ရေးရပြီးကတည်းက စစ်ပွဲများ ဖြစ်ပွားနေခဲ့ကြောင်း၊ ယခင် ခေတ်အဆက်ဆက်က နိုင်ငံရေး ပြဿနာများကို အကြောင်းအမျိုး မျိုးကြောင့် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ ကြောင်း ၎င်းကဆိုသည်။ ‘‘၂၀၁၅ ရွေးကောက်ပွဲပြီး တော့ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ NLD ဒီဘက်မှာ ဖြစ် လာတယ်။ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ၂၁ ရာစုပင်လုံဆို ပြီးတော့ လုပ်တော့ တိုင်းရင်းသား တွေ တောက်လျှောက်တောင်းဆို လာခဲ့တဲ့ တပ်မတော်အစိုးရ လက်ထက်တစ်လျှောက်လုံးမှာ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ရေးဆိုတဲ့ မူကိုပြောလာတာဖြစ် ပါတယ်။ နိုင်ငံရေးပြဿနာဖြစ် တယ်။ ဒါသည် လက်နက်ကိုင် ပဋိပက္ခသည်နိုင်ငံရေးပြဿနာ သာဖြစ်တယ်။ တိုင်းရင်းသားအ ရေးကိစ္စဖြစ်တယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းရ မယ်။ တောင်းဆိုချက် တောက် လျှောက်ရှိခဲ့တယ်။ အခြေအနေ အရ မဆွေးနွေးနိုင်ခဲ့ဘူး။ ဆွေး နွေးဖို့လည်း အချိန်အခါမသင့်ဘူး ပေါ့နော်’’ဟု ဦးဇော်ဌေးကပြော ကြားသည်။ ဆက်လက်၍၎င်းက ‘‘အခု လူထုကရွေးချယ်တဲ့ရွေးချယ်ခံ အစိုးရပေါ့။ နိုင်ငံရေးအရ လူထု ရဲ့ထောက်ခံမှုရှိတဲ့ အစိုးရ လက် ထက်မှာ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရမယ်။ အဲဒီတော့ဒီလက် ထက်မှာ မဖြေရှင်းချင်ရင် ဘယ် လက်ထက်မှာ ဖြေရှင်းမလဲ။ ဒါ စဉ်းစားစရာရှိတယ်’’ ဟုပြော သည်။ အစိုးရသစ်တက်လာပြီး နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ၂၁ ရာစုပင်လုံညီ လာခံကျင်းပကာ နိုင်ငံရေးပြဿ နာများ ဖြေရှင်းရန်ကြိုးပမ်းနေ သည်ဟု ဦးဇော်ဌေးကပြော သည်။ ‘‘အခု သူတို့နဲ့ဆွေးနွေးရ မယ့် ဒီဘက်က နိုင်ငံရေးခေါင်း ဆောင်က ဒေါ်အောင်ဆန်းစု ကြည်ဖြစ်တယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြည်တွင်း၊ပြည်ပ ထောက်ခံမှုပေါ့နော်။ သူ့ရဲ့ တရားဝင်မှုက ကျွန်တော်တို့က မေး ခွန်းထုတ်စရာမလိုဘူး။ အဲဒီလို ခေါင်းဆောင်မှုမျိုးနဲ့မှ ကျွန်တော် တို့က နိုင်ငံရေးဆွေးနွေးပွဲမသွား ဘူးဆိုရင် နိုင်ငံရေးဘယ်အချိန် ဆွေးနွေးမလဲ။ ကျွန်တော်တို့က မေးစရာရှိတယ်။ ဘယ်လိုခေါင်း ဆောင်မျိုးနဲ့မှ သမာသမတ်ကျ မယ်ထင်သလဲ။ ဘယ်လိုခေါင်း ဆောင်မျိုးနဲ့ ဆွေးနွေးမှ သူတို့ ခေတ်အဆက်ဆက် တောင်းဆို နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရနိုင်မယ်လို့ ထင်သလဲပေါ့။ ဘယ်လိုခေါင်းဆောင်မျိုး လက် ထက်ရောက်မှ ဆွေးနွေးတော့မှ တန်းတူရည်တူရှိမှု၊ အပြန်အလှန် လေးစားယုံကြည်မှု ဒါမျိုးတွေရှိ တဲ့ဆွေးနွေးပွဲ အဖြေတွေ ရလာ မယ်လို့ ထင်သလဲပေါ့’’ဟု ၎င်းက ပြောသည်။ ဆက်လက်၍ ဦးဇော်ဌေးက ‘‘ဒေါ်အောင်ဆန်းစုကြည်လိုလူ မျိုး နောက်မရတော့ဘူး။ သူ့လက် ထက်မှာ မဆွေးနွေးဘူးဆိုရင် နောက်ဘယ်သူနဲ့ဆွေးနွေးချင် လဲ။အခုနောက်လာမယ့် လူတွေ မှန်းကြည့်လိုက်ဗျာ။ အခုလက်ရှိ မျိုးဆက်သစ်ထဲမှာပဲ ကြည့်ကြည့်၊အလယ်အလတ်ထဲမှာပဲ ကြည့် ကြည့် ဘယ်လိုခေါင်းဆောင်မျိုး နဲ့ ဆွေးနွေးချင်တာလဲ။ ဒီခေါင်း ဆောင်နဲ့မှ ဖက်ဒရယ်မရဘူးလို့ ယုံကြည်ထားရင် ဘယ်သူနဲ့ ရ မယ်လို့ ယုံကြည်ထားလဲ’’ဟု ပြောသည်။ စစ်မှန်သည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းဘက်သို့ ဦးတည် ခြင်းမရှိပါက ပြည်တွင်းစစ်သည် ဆက်ရှိနေမည်ဟု လတ်တလော ကချင်ဒေသစစ်ရေး အခြေအနေ များနှင့်ပတ်သက်၍ KIO အလုပ် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင် ခါးကဆိုသည်။ ‘‘လူထုရဲ့ အယုံအကြည် ရှိ လာအောင်၊ တော်လှန်ရေးအဖွဲ့ အစည်းတွေရဲ့ အယုံအကြည်ရှိ လာအောင်၊ ဥပဒေကြောင်းအရ အယုံအကြည်ရှိလာအောင်၊ သ ဘောတူညီချက်တွေအရ ယုံ ကြည်မှုရှိလာအောင် ဘယ်လို လုပ်ဆောင်မလဲဆိုတဲ့ဟာပဲ အဓိ ကပါ။ အဲဒီအပိုင်းမရှိတော့ဘူးဆို ရင် ညှိနှိုင်းဆွေးနွေးရေးက အလ ကားပဲလေ’’ဟု ဦးဒေါင်ခါးကဆို သည်။ လတ်တလောတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားသော်လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှု များကို တစ်နိုင်ငံလုံးအပစ်ရပ်စဲ ရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များဖြင့်စုဖွဲ့ထားသော UNFC အဖွဲ့၏ ဆွေးနွေးရေးလမ်းကြောင်း များအတိုင်း ဆက်လက်လုပ် ဆောင်မည်ဟု ဦးဒေါင်ခါးကဆို သည်။ ‘‘အခု KIO အနေနဲ့ကတော့ UNFC လမ်းကြောင်းပဲ သွားမှာပဲ။ တပ်မတော်ကို အဓိကပေးချင်တဲ့ သတင်းစကားက စစ်တိုက်ပြီး တော့၊ စစ်ရေးအရ ဖိအားပေးပြီး တော့ နိုင်ငံရေးအရ အဖြေရှာမှုကို မလုပ်စေချင်ဘူး’’ဟု ၎င်းကဆို သည်။ အစိုးရ၏ ကိုယ်စားလှယ်အ ဖွဲ့နှင့် UNFCကိုယ်စားလှယ်အဖွဲ့ တို့အကြား UNFC အဖွဲ့ဝင် အဖွဲ့ အစည်းများ၊ NCA လက်မှတ်ရေး ထိုးနိုင်ရေး ညှိနှိုင်းနေရာပြေလည် မှုမရသေးပေ။ နှစ်ဖက်ကိုယ်စား လှယ်အဖွဲ့များအကြား ထပ်မံ တွေ့ဆုံနိုင်ရေး ညှိနှိုင်းနေသော် လည်း လတ်တလောတိုက်ပွဲဖြစ် ပွားမှုများကြောင့် နှောင့်နှေးလျက် ရှိသည်။ ကချင်ဒေသ တိုက်ပွဲများ သည် လက်ရှိဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အကျိုး သက်ရောက်မှုရှိပြီး ဆွေးနွေးရေး လုပ်ငန်းစဉ်ကို အနည်းနှင့်အများ ဆိုသလို ထိခိုက်မှုရှိကြောင်း UNFC တွဲဖက်အတွင်းရေးမှူး(၁) ဦးထွန်းဇော်ကပြောသည်။ ‘‘သတင်းစကားကတော့အဲဒီ ခေါင်းဆောင်တွေဆုံးဖြတ်ပေါ့။ ကိုယ့်အကျိုးထက် ကိုယ့်ဒေသ ပေါ့နော်။ အဲဒီဒေသမှာရှိတဲ့ အ ရွယ်မရောက်သေးတဲ့ ကလေးသူ ငယ်တွေ သူတို့ရဲ့အနာဂတ်ကို မျှော်မှန်းပြီးတော့ ထည့်သွင်းစဉ်း စားဖို့လိုတယ်လို့ ကျွန်တော်တို့က မေတ္တာရပ်ခံချင်တယ်’’ဟု သမ္မတ ရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ပြောသည်။ အစိုးရနှင့် တပ်မတော်က စိတ်ရှည်ရှည်ထားပြီး ငြိမ်းချမ်း ရေးကို ပုံဖော်ရန်လိုအပ်သည်ဟု NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး (၂) ဖဒို မန်းမန်းကလည်း ‘‘တစ်ဖက်က ဘယ်လိုအနေအထားမှာပဲဖြစ် ဖြစ် တွေ့ဆုံဆွေးနွေးရေးကို သွား ရမှာပဲ။ ဒါကြောင့် စစ်ရေးနည်းနဲ့ ဖြေရှင်းလည်း ပြီးမြောက်မှာမ ဟုတ်ဘူး။ လိုင်ဇာကိုပဲ ဖြစ်ဖြစ်၊ တခြားတိုင်းရင်းသား တပ်စခန်း တွေကိုပဲဖြစ်ဖြစ် ဘယ်လိုပဲ ထိုး စစ်ပဲဆင်ဆင်ပေါ့။ အခုမဆွေး နွေးလည်း နောက်ဆွေးနွေးရမယ့် ကိစ္စ။ ဒါကြောင့် ကျွန်တော်တို့က စစ်ရေးနည်းနဲ့ အဖြေရှာတဲ့နည်း ကို မလုပ်ဘဲ တွေ့ဆုံဆွေးနွေး နည်းကို အမြန်ဆုံးလုပ်ဖို့လိုအပ် ပါတယ်’’ဟု ဆက်လက်ပြောကြား သည်။ တပ်မတော်နှင့် KIA တို့ သည် ကချင်ပြည်နယ် လိုင်ဇာ ဒေသတစ်ဝိုက်တွင်လည်း တိုက်ပွဲ များပြင်းထန်စွာဖြစ်ပွားခဲ့သည်။ KIA တပ်စခန်း ဂီဒွန်တစ်ဝိုက်တွင် ပြီးခဲ့သည့် သြဂုတ်လလယ်ကစ၍ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ သည်။ တပ်မတော်၏ ထိုးစစ်ဆင်မှု ကို တုံ့ပြန်သည်ဆိုကာ ကချင် လက်နက်ကိုင်အဖွဲ့ (KIA) ၊ တ အာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA) နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) တို့ပါဝင် သော ပူးပေါင်းလက်နက်ကိုင်အဖွဲ့ သည် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အပါအဝင် အစိုးရလုံခြုံရေးတပ်စခန်းများကို နိုဝင်ဘာ ၂၀ ရက်တွင် တိုက်ခိုက်ရာ တပ်မတော်နှင့်ယင်းပူးပေါင်းအဖွဲ့တို့အကြား လက်ရှိ အချိန်အထိ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်တပ် ဖွဲ့ဝင်များအပြင် အရပ်သားသေဆုံးမှု၊ ထိခိုက်မှုအများအပြားရှိပြီး ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တပ်မတော်က လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးပစ်ကူများ ဖြင့် KIA တပ်စခန်း ဂီဒွန်ကို ထိုး စစ်အသွင်တိုက်ခိုက်ခဲ့ရာ ဒီဇင် ဘာ ၁၆ ရက်တွင် ဂီဒွန်စခန်းကို သိမ်းပိုက်နိုင်ကြောင်း တပ်မတော် က သတင်းထုတ်ပြန်ခဲ့သည်။ ကချင်ဒေသတွင်လက်ရှိဖြစ် ပွားနေသည့်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးကိုပိုမိုဝေးကွာသွား စေနိုင်၍ တိုက်ပွဲများရပ်ဆိုင်းပြီး အမြန်ဆုံး ဆွေးနွေးဖြေရှင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံရေးပါတီများက တိုက်တွန်းပြောကြားသည်။
Source : http://ift.tt/2gQtNHH
via IFTTT
Source : http://ift.tt/2gQtNHH
via IFTTT
Subscribe to:
Posts (Atom)