"လွှတ်တော်မှာဆွေးနွေးတဲ့ အပျို၊ လူပျို ထောက်ခံချက် အကြောင်း" ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အပျို၊လူပျိုဖြစ်ကြောင်း ထောက်ခံချက်လိုအပ်တဲ့အခါမှာ ထုတ်မပေး တာနဲ့ ပတ်သက်ပြီး ဒီကနေ့လွှတ်တော်မှာ မေးမြန်းမှုတစ်ခုရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေ နိုင်ငံခြားတိုင်းပြည်မှာ သွားရောက်အလုပ်လုပ်ကိုင်ကြရင်း နိုင်ငံခြား သားနဲ့ ဖြစ်ဖြစ် မြန်မာနိုင်ငံသားချင်းပဲဖြစ်ဖြစ် လက်ထပ်မယ်ဆိုရင် အိမ်ထောင်မရှိ အပျိုလူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာ လိုအပ်ကြတာဖြစ်ပြီး အဲဒီကျမ်းကျိန်လွှာမရရင် တရား၀င်လက်ထပ်ခွင့် မရလို့ နစ်နာမှုတွေ ရှိနေတယ်လို့ မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီကနေ့့ ဒီဇင်ဘာလ ၁၄ ရက် ပြည်သူ့လွှတ်တော် မှာ အပျိုလူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာ (နိုတြီ ) အပေါ်ထောက်ခံချက်ပေးဖို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ငြင်းဆန် နေတာနဲ့ ပါတ်သက်ပြီး ဖျက်သိမ်းပေးဖို့ အစီအစဉ်ရှိမရှိ ဆိုတဲ့ မေးခွန်းကို ပုဇွန်တောင် မဲဆန္ဒနယ်က ဦးမြင့်လွင်က မေးမြန်းခဲ့တာပါ။ ဒီမေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ် ။ အပျိုလူပျို ထောက်ခံချက်လုပ်တဲ့သူတွေက အထူးသဖြင့် မြန်မာအမျိုးသမီးငယ်တွေဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ နိုင်ငံခြားသားတွေ အထူးသဖြင့် တရုတ် ၊ ထိုင်း ၊ မလေးရှားနိုင်ငံသားတွေ နဲ့ လက်ထပ်ဖို့ နိုတြီတောင်းခံကြတာ ဖြစ် တယ်လို့ ဒုတိယ၀န်ကြီးက ပြောပါတယ် ။ ရုပ်သံသတင်းထောက် - စိုးရ
Source : http://ift.tt/2hvJrg6
via IFTTT
No comments:
Post a Comment