Saturday, December 10, 2016

ကျောင်းထိုင်ဆရာတော် မောင်းနှင်လာသည့်ကား ချောက်ထဲကျပြီး သံဃာသုံးပါးပျံလွန်

ပုသိမ်-မုံရွာ ကားလမ်း တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး မောင်းနှင်လာသည့် ဟွန်ဒါဖစ် ကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲကျတိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသည့်သံဃာသုံးပါးစလုံး ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၉ ရက် နံနက်က ပုသိမ်-မုံရွာကားလမ်း၏ မိုင်တိုင်အမှတ် (၃၅/၄)နှင့် (၃၅/၅)ကြား၊ ကျောင်းကုန်းမြို့နယ် ဆိပ်ဖူးနီကျေးရွာအနီးတွင် ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ ‘‘မောင်းလာတဲ့ အရှိန်က ပြင်းတယ်လို့ ယူဆတယ်။ လမ်း ကလည်း အဲဒီနေရာမှာ ခင်းနေ တော့ စလစ်ဖြစ်တာဖြစ်နိုင်တယ်။ ကားက ကျွန်းပင်ကို ဝင်အောင်း၊ ကျောက်ပုံသေးသေးလေးကို ခွ ကျော််ပြီးတော့ ချောင်းကူးတံတားလေးဘေးက မလေးရှား ပိ တောက်ပင်ကို ဖြတ်တိုက်ပြီးမှ ချောက််ထဲကို ကျသွားတာ။ ဒါပေ မဲ့ ချောက်က အနက်ကြီးတော့ မဟုတ်ပါဘူး။ ဖြစ်တဲ့အချိန်က တော့ မနက် ၄ နာရီနဲ့ ၅ နာရီ ကြားဖြစ်မယ်။ ကျွန်တော်တို့ သိ တဲ့အချိန်က မနက် ၆နာရီဝန်းကျင် လောက်ရှိပြီ’’ဟု လှည်းဆိပ်ကျေး ရွာရဲစခန်းမှ ရဲအုပ်ညွန့်အောင်က ပြောသည်။ ယင်းမော်တော်ယာဥ်ကို ရေကြည်မြို့နယ် တောကျွဲအိုင် ကျောင်းတိုက်မှ သက်တော် (၅၄) နှစ်အရွယ် ကျောင်းထိုင်ဆရာ တော် ဥုးဓမ္မသာမိ မောင်းနှင်လာ ပြီး ကျောင်းကုန်းမြိုနယ် ရေတာ ကြီးကျေးရွာ ရတနာသီရိကျောင်း တိုက်မှ သက်တော်(၄ဝ) အရွယ်ကျောင်းထိုင်ဆရာတော် ဥုးတေဇနှင့် ဇီးချောင်ကျေးရွာအုပ်စု စန္ဒာရာမကျောင်းတိုက်မှ သက်တော် (၄ဝ)နှစ်အရွယ် ကျောင်းထိုင် ဆရာတော် ဥုးဣနြေ္ဒာဘာသတို့ လိုက်ပါလာကာ ဆရာတော် သုံးပါးစလုံး နေရာ၌ပင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း လှည်းဆိပ်ကျေးရွာရဲစခန်းမှ ရဲအုပ်ညွန့် အောင်ကပြောသည်။ ဆရာတော်များ၏ ရုပ်ကလာပ်များကို ကျောင်းကုန်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယာဥ်မဆင်မခြင်မောင်းနှင်သူ ဥုးဓမ္မသာမိကို ကျောင်းကုန်းရဲစခန်းက ပုဒ်မ ၃ဝ၄ - (က)၊ ၂၉၅-(က)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2gkIh2q
via IFTTT

No comments:

Post a Comment