လဝက ဝန်ထမ်း ၄၀ဦးကို အရေးယူ =================== =================== လာဘ်ပေး၊ လာဘ်ယူမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကချင်၊ ရှမ်း၊ မန္တလေး၊ ရန်ကုန် စသည့် မြို့များရှိ လဝက ဝန်ထမ်း ၄၀ဦးအား အရေးယူထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်သည်။ “အရင်က Mind Set(စိတ်နေစိတ်ထား)တွေ မပြောင်းချင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် အားနည်းတဲ့အနေအထားတွေကို ဥပဒေနဲ့အညီ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးသိန်းဆွေက ဒီဇင်ဘာ ၁၄ရက်တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ၄၀ဦးကို အစိုးရသစ်သက်တမ်း ၇လအတွင်း အရေးယူထားခြင်းဖြစ်ပြီး အရေးယူမှုအနေဖြင့် သတိပေးခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ ထုတ်ပယ်ခြင်းနှင့် ထောင်ချခြင်းအဆင့်အထိ အရေးယူထားကြောင်း ဦးသိန်းဆွေက ပြောသည်။ “အဲ့ဒီအထဲမှာ ပိုက်ဆံတောင်းတာတွေ၊ မသင့်မလျော် ဆောင်ရွက်တာတွေ၊ လုပ်ပေးသင့်တာတွေ မလုပ်ပေးတာတွေ ဒါလည်း ပါပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ ဝန်ထမ်း ၄၀ဦးကို ပြည်သူများ၏ တိုင်ကြားမှုများ၊ လွှတ်တော်အမတ်များ၏ ပြောကြားချက်များပေါ် မူတည်ကာ ဌာနတွင်း စုံစမ်းစစ်ဆေးမှုပြုလုပ်ကာ အရေးယူလိုက်ခြင်းလည်း ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် အချိန်ကြန့်ကြာမှုများရှိနေခြင်းနှင့် ဝန်ထမ်းအချို့၏ လာဘ်စားမှုများရှိနေခြင်းအပေါ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ဒေါက်တာခင်မောင်မောင်က လွှတ်တော်တွင် ဝေဖန်ထားသည်။ “ပြည်သူတွေက လဝကရုံးကို ကြောက်နေပြီ။ ရွံကြောက်တွေ ဖြစ်နေပြီ။ မသွားရင်လည်း မဖြစ်ဘူး။ သွားရင်လည်း ပိုက်ဆံပေးရတယ်” ဟု ဒေါက်တာခင်မောင်မောင်က စက်တင်ဘာ ၂၁ရက်တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ============ Mizzima - News in Burmese http://ift.tt/2gAQQXf
Source : http://ift.tt/2gAQQXf
via IFTTT
No comments:
Post a Comment