ကမ္ဘာ့အမြင့်ဆုံး တံတား တရုတ်ပြည်မှာ ဖွင့်လှစ် တရုတ်ပြည် အနောက်တောင်ဘက် ယူနန်ပြည်နယ်နှင့် Guizhou ပြည်နယ်တို့ရှိ တောင် ၂လုံးကို ဆက်သွယ်ပေးထားသည့် ကမ္ဘာ့အမြင်ဆုံးတံတားကို ယနေ့ဖွင့်လှစ်လိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။ Beipanjiang တံတားဟု အမည်ပေးထားသည့် တံတားမှာ ၁၈၅၄ ပေမြင့်ပြီး၊ ပေ ၄၄၀၀ခန့် ရှည်ကာ မြစ်တစင်းပေါ်မှ ကျော်ဖြတ်ကာ အဆိုပါတောင် ၂လုံးကို ဆက်သွယ်ပေးထားကြောင်းသိရပါတယ်။ ၄လမ်းသွားတံတားကြီးကို တည်ဆောက်လိုက်တဲ့အတွက် ယူနန်ပြည်နယ်ရှိ Xuanwei မြို့နှင့် Guizhou ပြည်နယ် Shuicheng မြို့တို့အကြား သွားလာရေးမှာ ၄နာရီကျော်ကြာ အချိန်ကုန် သက်သာသွားကြောင်း သိရပါတယ်။ တံတား၏ ကုန်ကျစရိတ်မှာ တရုတ်ယွမ် ၁ဘီလျံ(အမေရိကန်ဒေါ်လာ ၁၄၄သန်း) ရှိတယ်လို့ သိရပါတယ်။ တရုတ်ပြည်မှာ ကမ္ဘာ့အမြင့်ဆုံးတံတား အများအပြားရှိရာ မူလက ဟူဘေးပြည်နယ်ရှိ ဆီဒူမြစ်ကို ဖြတ်ကူးထားသည့်တံတားမှာ ကမ္ဘာအမြင့်ဆုံးဖြစ်သော်လည်း ယခုဖွင့်လှစ်သည့် တံတားအသစ်မှာ အဆိုပါတံတားကို ကျော်ဖြတ်ကာ ကမ္ဘာအမြင့်ဆုံးတံတားဖြစ်လာ ခဲ့ပါတယ်။
Source : https://goo.gl/0RwlM2
via IFTTT
No comments:
Post a Comment