Wednesday, December 21, 2016


ရုန်းရင်းဆန်ခတ်ဖြစ်၍ ကားပါမစ် ထုတ်ပေးခြင်း လုံးဝ ရပ်ဆိုင်း ယခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ အဟောင်းဖြင့် တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် နောက်ဆုံး လျှောက်ထားရမည့်ရက်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ဟု သတ်မှတ် ထားသော်လည်း အတုအယောင် လျှောက်ထားသူ များပြားခြင်းနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခြင်းတို့ကြောင့် ပါမစ် ထုတ်ပေးခြင်းကို ဒီဇင်ဘာလ ၂ဝ ရက်နေ့၌ လုံးဝ ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။ “အတုအယောင်တွေ အရမ်း များတယ်။ ပြီးတော့ နီးစပ်ရာ ရွာတွေက လူတွေကိုပါ ပိုက်ဆံ ပေးပြီး လာလျှောက်ခိုင်းတာတွေ အရမ်းများပြီး ရုံးရင်းဆန်ခတ်တွေပါ ဖြစ်လို့ ပါမစ် ထုတ်ပေးတာကို ရပ်လိုက်ပြီ”ဟု ၎င်းက ပြောဆိုသည်။ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပို့ကုန်သွင်းကုန်(ရုံး) က ထုတ်ပေးလျက်ရှိသော တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် (Free Permit) များကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှစကာ ထုတ်ပေးမှု ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီး တစ်ရက် အကြာ၌ နေပြည်တော်၌ပါ ရုန်းရင်းဆန်ခတ်မှုများကြောင့် ထပ်မံ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ရန်ကုန်၌လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် ရပ်ဆိုင်းမည့်သတင်းကို ကြိုတင် အသိပေး အကြောင်းကြားခြင်း မရှိသောကြောင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညဘက်က ရန်ကုန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးရှေ့၌ ညအိပ်ကာ ပါမစ် လျှောက်ထားရန် လာရောက် တန်းစီလာသူများ ရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒသစ်တွင် လူကြိုက်များသော မော်ဒယ်လ်နိမ့် ၁၃ဝဝ စီစီအောက် မော်တော်ယာဉ်များကို တစ်ဦးချင်း တင်သွင်းခွင့် (Free Permit) ဖြင့် တင်သွင်းခွင့် မရှိတော့ဘဲ ၂ဝ၁၁ မှ ၂ဝ၁၄ မော်ဒယ်လ် မည်သည့်ယာဉ် အမျိုးအစားမဆို တင်သွင်းပါက ယာဉ်ဟောင်းအပ်စလစ်ပါ လိုအပ်လာတော့မည့်အတွက် ယခု မူဝါဒဟောင်းဖြင့် ခွင့်ပြုနေသော တစ်ဦးချင်း တင်သွင်းခွင့်ပါမစ်ကို နောက်ဆုံးရက် မတိုင်မီ လာရောက်လျှောက်ထားမှု များပြားနေခြင်း ဖြစ်သည်။ အဆိုပါ မူဝါဒ အသစ်ကြောင့် ၂ဝ၁၁ မှ ၂ဝ၁၄ မော်ဒယ်လ် ၁၃ဝဝ စီစီအောက် မော်တော်ယာဉ်များ၏ စျေးနှုန်းများသည် ယခုထက် ပိုမို မြင့်တက်လာမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။ ၂ဝ၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ၌ (မော်ဒယ်လ်နှစ် သတ်မှတ်ချက်) ၂ဝ၁၁ မှ ၂ဝ၁၄ ခုနှစ် မော်ဒယ်လ် အထိကို စလစ်ကပ်အဖြစ် လည်းကောင်း၊ ၂ဝ၁၅ မှ ၂ဝ၁၇ မော်ဒယ်လ်အထိကို ဘယ်မောင်းများအဖြစ် တစ်ဦးချင်း တင်သွင်းခွင့် (Free Permit) ဖြင့် လည်းကောင်း၊ ကုန်တင်ယာဉ်များကို ၂ဝဝ၇ နှင့်အထက် မော်ဒယ်လ်များကို တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
Source : https://goo.gl/JtH4Rk
via IFTTT

No comments:

Post a Comment