Friday, December 30, 2016

The Ladies News

ရွှေမိပလတ်စတစ် ဓာတုပစ္စည်း သုံးစွဲမှုကြောင့် အလုပ်သမားများနှင့် ပတ်၀န်းကျင် ထိခိုက်မှုစစ်ဆေးရန် စက်ရုံအား ယာယီပိတ်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ် --- --- --- လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စု စက်မှုဇုန်(၁) မြတောင်၀န်ကြီး ဦးမှိုလမ်း အမှတ်-၄၉ ရှိ “ရွှေမိ” ပလတ်စတစ် စက်ရုံတွင် ဓာတုပစ္စည်း သုံးစွဲမှုကြောင့် အလုပ်သမားများနှင့် ပတ်၀န်းကျင် ထိခိုက်မှု စစ်ဆေးရန် စက်ရုံအား ယာယီ ပိတ်ထားရမည့်အကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွန်ကြားထားကြောင်း သိရသည်။ အဆိုပါစက်ရုံတွင် မကြာသေးခင်က အလုပ်ရှင်/ အလုပ်သမား အငြင်းပွား မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အလုပ်သမားများက အခြေခံလစာ ၁၅၀,၀၀၀ တိုးပေးရန်၊ ဓာတုဓာတ်ပစ္စည်းများ သုံးစွဲရသည့်အတွက် လုပ်သက်အလိုက် တစ်နှစ်လျှင် တစ်လစာပေးရန်၊ အ၀ေးသင် ပြန်တက်သည့် ကျောင်းသားများအား လစာမဲ့ခွင့်ပေးရန် နှင့် စုပေါင်းညှိနှိုင်း တောင်းဆိုမှုစာချုပ် ချုပ်ဆိုပေး ရန် တောင်းဆိုခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ၀န်ကြီး ဦးဆောင်သည့် အဖွဲ့က စစ်ဆေးခဲ့ပြီးနောက် ယာယီပိတ်ရန် တောင်း ဆိုခြင်းဖြစ်ကြောင်း သိရသည်။ စက်ရုံသို့ ရခိုင်တိုင်းရင်းသား၀န်ကြီး ဦးဇော်အေးမောင် ဦးဆောင်သည့် အဖွဲ့က ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက သွားရောက် စစ်ဆေးရာတွင် စက်ရုံ၀င်းအ တွင်း ပလတ်စတစ်လောင်းသည့် စက်ဌာနတွင် တင်ဒါအနံ့ နှင့် ကော်နံ့ အနည်းငယ်ရရှိခြင်း၊ ဆေးဖော်စပ်သည့် ဌာနနှင့် ဆေးသိုလှောင်ခန်း အနီးတွင် ရှိသည့် အလုပ်နေရာတွင် ဆေးတင်ဒါနံ့များ ရရှိနေပြီး စက်ရုံ လေ ၀င်/ လေ ထွက်ပေါက်များ နည်းနေကြောင်းနှင့် အလင်းရောင် ရရှိစေရန် ထပ်မံပြုလုပ်သင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းအတွက် ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစည်းအ၀ေး ဆုံးဖြတ်ချက်အရ ရွှေမိ ပလတ်စတစ်စက်ရုံတွင် စက်ရုံအလုပ်သမားများ ရင်ဆိုင် တွေ့ကြုံနေရသည့် အခက်အခဲများ ဖြေ ရှင်း ဆောင်ရွက်နိုင်ရေး EIA/SIA စစ်ဆေးဆောင်ရွက်ရန်နှင့် စစ်ဆေးဆောင် ရွက်နေစဉ် ကာလအတွင်း စက်ရုံအား ယာယီပိတ်သိမ်းဆောင်ရန် ညွန်ကြားထားခြင်း ဖြစ်သည်။ EIA/SIA လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ယာယီပိတ်သိမ်းရန် ဒီဇင်ဘာ ၂၇ ရက်ညနေပိုင်းက အကြောင်းကြားသည့် အတွက် ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီမှ စတင်ကာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းကာ ညွန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ပြီးကြောင်း ဒီဇင်ဘာ ၂၈ ရက်က အဆိုပါရွှေမိစက်ရုံမှ မြို့နယ် အုပ်ချူပ်ရေးမှူးထံသို့ အသိပေးထားကြောင်း သိရသည်။ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း က “စီးပွားရေးဘက်မှာ အနည်းငယ် ကျဆင်းနိုင်ပါတယ်။ stability ကို ဦးစားပေး ဆောင် ရွက်နေလို ့ growth ကို ထိခိုက်စေနိုင်မယ့် အလုပ်တွေ ရှောင်နိုင်ရပါမယ်။ ဒီလိုမူဝါဒတွေနဲ့ သွားနေတဲ့ အချိန်မှာ ပြည် တွင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေ ပုံမှန်ကနေ ပိုမိုစွမ်းအားမြှင့် လည်ပတ်နိုင်အောင် ရင်းနှီးမြှုုပ်နှံမယ့် သူတွေ ယုံကြည်မှုရှိလာအောင် တိုင်းအစိုးရကြီးတွေ အနေနဲ့ စွဲဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အလုပ်လက်မဲ့ ပြသ၁နာ တစ်ဖက်က ရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သဘာဝမကျတဲ့ တောင်းဆိုမှုတွေ ဖြစ်တဲ့ အခြေခံ လုပ်ခလစာမှာ ကျပ် ၁၅၀,၀၀၀ တောင်းဆိုမှုကြောင့် ဆန္ဒပြကြတယ်။ ဒါကို တာဝန်ရှိသူတွေက စက်ရုံကို ပိတ်စေချင်တော့ တင်နာအနံ့၊ ကော်အနံ့ အနည်းငယ်ရရှိ ပြီး ဆေးသိုလှောင်ခန်း အနီးတွင် ရှိသော အလုပ်နေရာ တွင် ဆေးတင်ဒါနံ့ရရှိသည်ဟု ဆိုကာ စက်ရုံအား ယာယီပိတ်ရန် ညွှန်ကြားချက် ထုတ်လိုက်သော တာဝန်ရှိသူတွေကို အံ့သြမိပါတယ်” ဟု ၎င်း၏ ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာတွင် သုံးသပ်ထားသည်။ The Ladies News
Source : http://ift.tt/2iMCwA9
via IFTTT

No comments:

Post a Comment