Friday, December 23, 2016

The Voice

MPT ကို အစိုးရ မပါဝင်သည့် ကော်ပိုရိတ်အဖြစ် ပြောင်းရန် ဆွေးနွေး ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကို အစိုးရ မပါဝင်သည့် ပုဂ္ဂလိကလုပ်ငန်းစု (ကော်ပိုရိတ်) အဖြစ် ပြောင်းလဲရန် ဆွေးနွေးနေကြောင်း MPT ၏ ဒုတိယ စီးပွားရေးအရာရှိချုပ် ဦးသိန်းဟုတ်က ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရိတ်အဖြစ် ပြောင်းလဲရန် လုပ်ဆောင်မည် ဖြစ်သော်လည်း အစိုးရ ပါဝင်နေသည့် လုပ်ငန်းဖြစ်ခြင်းကြောင့် ပြောင်းလဲလုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်များ ပြားသဖြင့် အချိန်တစ်ခု လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ လက်ရှိအချိန်တွင် MPT က ဂျပန်အခြေစိုက် KDDI ကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့ လုပ်ငန်းစပ်တူ ပူးပေါင်းရန် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် သဘောတူညီမှု လက်မှတ်ရေးထိုးပြီး ကွန်ရက်တိုးချဲ့ခြင်းနှင့် နည်းပညာသစ်များ အသုံးပြုကာ ဆက်သွယ်ရေးကွန်ရက်များ အရည်အသွေး မြှင့်တင်ခြင်း လုပ်ဆောင်လျက်ရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့်အတူ KDDI နှင့် Sumitomo တို့က မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ယင်းရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်းသို့ ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သည်။ လတ်တလောတွင် MPT ၏ ဆင်းမ်ကတ်သုံးစွဲသူပေါင်း ၂၁ သန်းကျော်အထိ ရှိပြီး ဆက်သွယ်ရေး အော်ပရေတာ သုံးခုတွင် ပြည်တွင်းစျေးကွက်ဝေစု အများ ဆုံးရရှိထားသော အော်ပရေတာလည်း ဖြစ်သည်။
Source : https://goo.gl/UnvdVp
via IFTTT

No comments:

Post a Comment