Sunday, December 11, 2016


ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင်ရအောင် ရုရှားစွက်ဖက်ခဲ့ဟု စီအိုင်အေ ပြော ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင်ရအောင် ရုရှားဟက်ကာတွေက ဝင်ရောက် စွက်ဖက်ခဲ့တယ်လို့ စီအိုင်အေက ပြောကြားလိုက်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့ပါတယ်။ အမေရိကန် ရွေးကောက်ပွဲ ကာလအတွင်း အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ရုရှားရှိနေကြောင်း အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက ခိုင်ခိုင်မာမာ ယုံကြည်နေတယ်လို့ နယူးယောက်တိုင်းမ်မှာ ဖော်ပြထားပါတယ်။ စီအိုင်အေရဲ့ ယခု ပြောကြားချက်ကို မစ္စတာထရမ့်ရဲ့ ကိုယ်စားလှယ်တွေကတော့ ငြင်းဆန်ထားပြီး ဆက်ဒမ်ဟူစိန်မှာ လူတွေ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိတယ်လို့ပြောတာလည်း အဲဒီ ထောက်လှမ်းရေး အေဂျင်စီတွေ ပဲလို့ တုံ့ပြန်ထားပါတယ်။ အဲဒီလိုပဲ စီအိုင်အေရဲ့ စွပ်စွဲမှုကို ရုရှားအာဏာပိုင်တွေကလည်း ငြင်းဆန်ထားပါတယ်။ အမေရိကန် ရွေးကောက်ပွဲ ကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု တစ်ခု စတင်ဖို့ ပြီးခဲ့တဲ့သောကြာနေ့က သမ္မတ အိုဘားမားက ညွှန်ကြားခဲ့ပါတယ်။ ယင်းဆိုက်ဘာ တိုက်ခိုက်မှုတွေ အတွင်းမှာ ဒီမိုကရက်တစ် ပါတီရဲ့ အီးမေးလ်တွေ ဖောက်ထွင်းခံခဲ့ရပြီး သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ အီးမေးလ်တွေ အဓိက ရည်ရွယ် ဖောက်ထွင်းခံခဲ့ရတာပါ။ အဲဒီဆိုက်ဘာ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ရုရှားနိုင်ငံရှိနေကြောင်း အမေရိကန် အာဏာပိုင်တွေက အောက်တိုဘာလထဲတုန်းကတည်းက စွပ်စွဲ ပြောကြားခဲ့တာပါ။ အခုအခါမှာတော့ အမေရိကန် ထောက်လှမ်းရေးရဲ့ အမည် မဖော်လိုသူ အကြီးတန်းအရာရှိ တစ်ဦးက နယူးယောက်တိုင်းမ် သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ရုရှားဟက်ကာတွေဟာ ရီပတ်ဗလစ်ကန်ပါတီရဲ့ အီးမေးလ်တွေကိုလည်း ဖောက်ထွင်းခဲ့သေးကြောင်းနဲ့ ယင်းအီးမေးလ်တွေကို ထုတ်ဖော်ဖွင့်ချခြင်း မရှိခဲ့ဘူးလို့ ထုတ်ဖော် ပြောကြားလာပါတယ်။ ရုရှားဟက်ကာတွေဟာ ဒီမိုကရက်တစ် ပါတီရဲ့ အီးမေးလ်တွေကိုတော့ ဝီကီလိခ်ထံ ပေးပို့ခဲ့ပြီး ဖွင့်ချခဲ့တာတယ်လို့လည်း ယင်းအရာရှိက ပြောကြားခဲ့ပါတယ်။ မစ္စတာထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ် ကာလတုန်းက ရုရှားဟက်ကာတွေ အနေနဲ့ မစ္စဟီလာရီကလင်တန်ရဲ့ အီးမေးလ်တွေကို ဖောက်ထွင်းသင့်တယ်လို့ တစ်ကြိမ် ပြောကြားခဲ့ဖူးပြီး နောက်ပိုင်းမှာ သူ့အနေနဲ့ နောက်ပြောင်ပြီး ပြောခြင်းသာ ဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက အရေးတယူ ရှိလျက်ရှိပြီး မစ္စတာထရမ့်ကို ဇန်နဝါရီမှာ အာဏာ မလွှဲပြောင်းပေးရမီ စုံစမ်းဖော်ထုတ်စေချင်နေတယ်လို့ အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောကြားပါတယ်။ Ref : BBC
Source : https://goo.gl/IeSWh3
via IFTTT

No comments:

Post a Comment