ရှနိုက်ဒါလင်နှင့် ဒီပေး အပြောင်းအရွှေ့အတွက် မန်ယူနှင့် အဲဗာတန် ဆွေးနွေး မန်ချက်စတာ၊ ဒီဇင်ဘာ ၁၅ အဲဗာတန်အသင်းသည် မန်ယူကွင်းလယ်ကစားသမား ရှနိုက်ဒါလင်နှင့် တိုက်စစ်တောင်ပံကစားသမား ဒီပေးတို့ကို ခေါ်ယူရန်အတွက် မန်ယူအသင်း တာဝန်ရှိသူများနှင့် စတင်ဆွေးနွေးနေပြီ ဖြစ်ကာ ရှနိုက်ဒါလင်အတွက် ပြောင်းရွှေ့ကြေးကို မန်ယူက ပေါင် ၂၄ သန်း တောင်းဆိုနေကြောင်း Daily Mail က ဖော်ပြထားသည်။ မန်ယူနည်းပြ မော်ရင်ညိုသည် ရှနိုက်ဒါလင်နှင့် ဒီပေးတို့ကို လာမည့် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းနိုင်ကြောင်း ခွင့်ပြုချက် ပေးအပ်လိုက်အပြီးတွင် အဆိုပါ ကစားသမားနှစ်ဦးကို ခေါ်ယူရန် အဲဗာတန်က တရားဝင် ဆက်သွယ်လာခဲ့ခြင်း ဖြစ်ပြီး အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်းမှာ ၎င်း၏ အသင်းကွင်းလယ်ကို အားဖြည့်ရန်အတွက် ဆောက်သမ်တန်တွင် အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးသည့် ရှနိုက်ဒါလင်ကို လွန်စွာ အလိုရှိနေသည်။ အဲဗာတန်သည် ရှနိုက်ဒါလင်ကို အပြီးသတ် ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး ဒီပေးကိုမူ အငှားခေါ်ယူခွင့် ရနိုင်ရန် ညှိနှိုင်းနေခြင်းဖြစ်ကာ မန်ယူနည်းပြ မော်ရင်ညိုကမူ အရောင်းဈေးကွက် တင်လိုက်သည့် ကစားသမားများ ဖြစ်သော်လည်း ထိုက်တန်သည့် ပြောင်းရွှေ့ကြေး ပမာဏကို ရရှိမှသာလျှင် ၎င်း၏ ကစားသမားများကို လက်လွှတ်ပေးသွားမည် ဖြစ်ကြောင်း သတိပေး ပြောကြားထားသည်။ အဲဗာတန်သည် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်းများအရ ကလပ်အသင်း တစ်သင်းတည်းတွင် ပါဝင်ကစားနေသည့် ကစားသမားနှစ်ဦးကို တစ်ပြိုင်နက်တည်း အငှားခေါ်ယူခွင့် မရှိသည့်အတွက် ရှနိုက်ဒါလင်ကို အပြီးသတ် ဝယ်ယူကာ ဒီပေးကို အငှားခေါ်ရန် စီစဉ်လိုက်ရခြင်း ဖြစ်ပြီး အငှားကာလအတွင်း အသင်းနည်းဗျူများနှင့် အံဝင်ခဲ့ပါက ဒီပေးကိုလည်း အပြီးသတ်ဝယ်ယူရန် ဆက်လက်စီစဉ်သွားမည် ဖြစ်ကြောင်း အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်းက ဖွင့်ဟပြောကြားထားသည်။ ရှနိုက်ဒါလင်နှင့် ဒီပေးတို့သည် လက်ရှိ ဘောလုံးရာသီတွင် နည်းပြ မော်ရင်ညို လက်အောက်၌ ပရီးမီးယားလိဂ်ပွဲစဉ်များကို ပွဲထွက်ကစားသမားများ အဖြစ် လုံးဝကစားခွင့် မရရှိသေးသည့် အခြေအနေဆိုးတစ်ရပ်ကို ရင်ဆိုင်နေကြရကာ ၎င်း၏ ကစားသမားများအတွက် သင့်တော်မှန်ကန်သည့် ပြောင်းရွှေ့ကြေးကို ရရှိမည် ဆိုပါကမူ ပြိုင်ဘက်အသင်းထံသို့လည်း ရောင်းချဝံ့ကြောင်း မော်ရင်ညိုက ပြောကြားထားသေးသည်။
Source : https://goo.gl/A6GcUY
via IFTTT
No comments:
Post a Comment