Friday, December 16, 2016

The Voice

ပိုင်ဆိုင်မှု အငြင်းပွားကျွန်းတွင် တရုတ်က လက်နက်ကြီးများ တပ်ဆင်ထားကြောင်း ဂြိုဟ်တုမြေပုံများက ဖော်ပြ ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄ တောင်တရုတ်ပင်လယ် အတွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွား စပရက်တ်လီကျွန်းစုတွင် တရုတ်က လေယာဉ်ပစ်နှင့် ဒုံးခွင်းစနစ်များ တပ်ဆင်ထားသည်ဟု ယူဆရကြောင်း အမေရိကန် အကြံပေးအဖွဲ့ တစ်ဖွဲ့က ထုတ်ပြန်ခဲ့သည်ဟု DeutscheWelle သတင်းဌာနက ဖော်ပြသည်။ Asia Maritime; Transparency Initiative (AMTI) သည် ယင်းကျွန်းစု၏ ဂြိုဟ်တုမြေပုံများကို ဇွန်လကတည်းက လေ့လာစောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။ တောင်တရုတ်ပင်လယ် အငြင်းပွား ဧရိယာအတွင်း တရုတ်က မြေဖော်ယူဆယ်တင်ကာ တည်ဆောက်ထားသော ကျွန်းတုခုနစ်ခု စလုံးတွင် လက်နက်စနစ်များ တပ်ဆင်ထားကြောင်း AMTIက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နွေရာသီကာလအတွင်း စပရက်တ်လီ ကျွန်းစုများရှိ သန္တာကျောက်တန်းများပေါ်တွင် ပုံစံတူ တည်ဆောက်ထားသော ဆဋ္ဌဂံပုံ အဆောက်အဦများကို ဂြိုဟ်တုမှ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်ဟု AMTI က ထုတ်ပြန်သည်။ ယင်းကျွန်းစုများ ပိုင်ဆိုင်မှုအတွက် တရုတ်နှင့် အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံများအကြား အငြင်းပွားနေသည်။ အမေရိကန်၏ ပစိဖိတ် စစ်တိုင်းမှူး ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီဟားရစ်က တောင်တရုတ်ပင်လယ်တွင်း ဘေဂျင်းအစိုးရ၏ ယုံကြည်မှု လွန်ကဲသော၊ ရန်လိုသည့် အပြုအမူများကို ဝါရှင်တန် အနေဖြင့် ဆက်လက်စိန်ခေါ် ရင်ဆိုင်ရန် လိုအပ်သည်ဟု သတိပေးခဲ့ခြင်းနှင့် AMTI ၏ အစီရင်ခံစာ ထွက်ရှိမှုမှာ အချိန်ကိုက် ဖြစ်နေခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရသော အဆောက်အဦသစ်များမှာ ကျွန်းငယ်လေးခုတွင် တည်ဆောက်ထားသော ခံတပ်ပုံ တည်ဆောက်မှုများနှင့် ဆင်တူကြောင်း တွေ့ရှိခဲ့သည်ဟု AMTI က ထုတ်ပြန်သည်။ ယင်းအဆောက်အဦများတွင် လေယာဉ်ပစ် အမြောက်များ သို့မဟုတ် ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုများကို ကာကွယ်နိုင်သော အနီးပစ် လက်နက်များ ရှိနေနိုင်သည်ဟု AMTI က ခန့်မှန်းထားသည်။ တရုတ်သည် ယင်းကျွန်းစုများပေါ်တွင် စစ်သုံးလေယာဉ် ဆင်းနိုင်သော ပြေးလမ်းများ တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ ကျွန်းတစ်ကျွန်းပေါ်တွင်မူ တာဝါများတွင် တပ်ဆင်ထားသည်များကို ဖုန်းကွယ်ထားကြောင်း၊ သို့သော်လည်း အခြားကျောက်တန်းများပေါ်ရှိ ကာကွယ်ရေးစနစ်များနှင့် တူညီသော အရွယ်အစား ရသည်ဟု ခန့်မှန်းရကြောင်း AMTI က သုံးသပ်ထားသည်။ “ဒီအမြောက်တွေနဲ့ CIWS (အနီးပစ် လက်နက်စနစ်) တွေ တပ်ဆင်ထားထာကို ကြည့်ရင် တောင်ရုတ်ပင်လယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာရင် ဒီကျွန်းတုတွေကို ကာကွယ်ဖို့ အလေးအနက် ထားနေတယ် ဆိုတာ တွေ့နိုင်ပါတယ်” ဟု အစီရင်ခံစာတွင် သုံးသပ်ထားသည်။ ပေကျင်းအစိုးရကမူ မဟာဗျူဟာမြောက် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကျွန်းများကို စစ်ရေးအတွက် အသုံးပြုရန် ရည်ရွယ်ချက်မရှိဟု ထပ်တလဲလဲ ငြင်းဆိုထားသည်။ ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် AMTI ဒါရိုက်တာ ဂရက်ပိုလင်းက ယင်းအဆောက်အအုံများ တည်ဆောက်မှုနှင့် ပတ်သက်ပြီး အကြံပေးအဖွဲ့က အချိန်ယူ လေ့လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ “လေယာဉ်ဖျက်နဲ့ CIWS စနစ်တွေ တပ်ဆင်ထားတယ်လို့ ဒါပထမဆုံးအကြိမ် အခိုင်အမာ ပြောနိုင်တာပါ။ ဒီစနစ်တွေဟာ ဒီလောက်ကြီးကျယ် အဆင့်မြင့်မယ်လို့ မထင်ထားမိဘူး” ဟု ပိုလင်းက ပြောကြားခဲ့သည်။ “ဒါက စစ်ပုံသွင်း တပ်ဖြန့်တာပါပဲ။ တရုတ်ကတော့ ကာကွယ်ရေး ရည်ရွယ်ချက်နဲ့ လုပ်တယ်ပြောနိုင်ပေမဲ့ ဧရာမ လေယာဉ်ပစ် အမြောက်ကြီးတွေ၊ CIWS တွေ တပ်ဆင်နေတယ်ဆိုရင် ဒါဟာအနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခအတွက် ပြင်ဆင်နေတယ်ဆိုတာ ငြင်းမရပါဘူး” ဟု ပိုလင်းက သုံးသပ်ခဲ့သည်။ တောင်တရုတ်ပင်လယ် မြောက်ဖျားရှိ ကျွန်းတစ်ကျွန်းတွင်လည်း မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များ တပ်ဆင်ရန် တရုတ်က စီစဉ်နေပြီး စပရက်တ်လီကျွန်းမှ တပ်ဆင်မှု အသစ်များမှာ ယင်းစနစ်အတွက် အရန်သာ ဖြစ်နိုင်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။ တရုတ်သည် ရေလမ်းကြောင်းတွင် စစ်ပုံသွင်း တပ်ဖြန့်ထားသည်ဟု ဝါရှင်တန်က စွပ်စွဲထားခဲ့ပြီးြ ဖစ်သည်။ တရုတ်၏ လုပ်ရပ်ကို တုံ့ပြန်သည့် အနေနှင့် အမေရိကန်က ယင်းအဆောက်အအုံများ အနီးတွင် လေကြောင်းနှင့် ရေကြောင်း ကင်းလှည့်မှုများ ပြုလုပ်လေ့ ရှိသည်။ F-03
Source : https://goo.gl/9zpwGl
via IFTTT

No comments:

Post a Comment