ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့အား လက်ခံတွေ့ဆုံ စစ်တွေ ဒီဇင်ဘာ ၉ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယမန်နေ့နံနက် ၉ နာရီတွင် WFP ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ တာဝန်ခံ Mr. Itaru Furuta အား ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်ပွားခဲ့ရာ မောင်တောဒေသသို့ စားနပ်ရိက္ခာ များပေးပို့ခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမှုများကို ပိတ်ပင်ထားမှုမရှိကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပဋိပက္ခ ဖြစ်ပွားခဲ့ရာဒေသများသို့ ပြည့်ပြည့်ဝဝဖြစ်ရန် အမြန်ဆုံး လုပ်ဆောင်ပေးသွားရေး ရခိုင်ပြည်နယ် အစိုးရအား ညွှန်ကြား ထားကြောင်း ပြောကြားသည်။ WFP အဖွဲ့သည် ယနေ့တွင် မောင်တောဒေသ၌ စားနပ်ရိက္ခာများ ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်နယ်(ပြန်/ဆက်)
Source : http://ift.tt/2h7K0fD
via IFTTT
No comments:
Post a Comment