Friday, December 23, 2016

The Voice

သွေးကြောထဲတွင် စီးဆင်းစေပြီး ရောဂါထောက်လှမ်း ရှာဖွေနိုင်မည့် ဆင်ဆာစနစ် တီထွင် ကျိုတို၊ ဒီဇင်ဘာ ၂၂ ဂျပန်နိုင်ငံ၊ Kyocera Corporation ကုမ္ပဏီသည် လူသားတို့၏ သွေးကြောအတွင်း ထည့်သွင်းထားနိုင်သည့် အလွန်သေးငယ်သော အာရုံခံ ဆင်ဆာစနစ် တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း Med Gadget သတင်းတွင် ဖော်ပြထားသည်။ ယင်းဆင်ဆာစနစ်ကို လူသားတို့၏ အရေပြားအောက် တစ်သျှူးများထဲတွင် ထည့်သွင်းထားပြီး သွေးလှည့်ပတ် စီးဆင်းမှုများကိုလည်း တိုင်းတာနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။ လူသားတို့၏ အရေပြားထဲတွင် ဆင်ဆာစနစ်ကို ထည့်သွင်းထားခြင်းသည် အရေပြား ခန်းခြောက်ခြင်းအပြင် အခြားနာဖျားမှုဆိုင်ရာ ဝေဒနာများကိုလည်း ထောက်လှမ်းနိုင်မည်ဟု ပညာရှင်များက ပြောကြားသည်။ မကြာမီ လူတိုင်း၏ ကျန်းမာရေး စောင့်ရှောက်မှု အာရုံခံစနစ်တစ်ခု အနေနှင့် ထည့်သွင်းပေးပြီးနောက် သူတို့ ကိုင်ဆောင်သည့် မိုဘိုင်းလ်ပစ္စည်းများက တစ်ဆင့် ဆော့ဖ်ဝဲများကို အသုံးပြုပြီး စောင့်ကြည့်နိုင်ရန် စီစဉ်ပေးတော့မည် ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။ ကျန်းမာရေးအတွက် အာရုံခံဆင်ဆာအဖြစ် အသုံးပြုမည့် ပစ္စည်းလေးသည် 1.6 mm × 3.2 mm အရွယ် အစားခန့်သာ ရှိပြီး ထုမှာ 1 mm ခန့်သာ ရှိသည်။ ထိုအရွယ်အစားပမာဏ ဆင်ဆာစနစ်ကို လူတို့၏ အရေပြားအတွင်း၌ သာမက အခြားစမတ်ဖုန်းများနှင့် လူသားတို့ထံတွင် လျှို့ဝှက်ထည့်ပေးပြီး ထောက်လှမ်းရေး ကိရိယာတစ်ခု အနေနှင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဆင်ဆာထဲတွင် လေဆာစနစ်လည်း ပါသောကြောင့် အရေပြားထဲတွင် ထည့်သွင်းထားပါကလည်း အလင်းရောင် ထွက်နေမည် ဖြစ်ရာ အလွယ်တကူ မြင်တွေ့နိုင်မည် ဖြစ်သည်။ လူသားတို့၏ အရေပြားထဲတွင် ထည့်သွင်းထားလျှင် ကျန်းမာရေးအတွက် စောင့်ကြည့်နိုင်သကဲ့သို့ အခြားသော နေရာများတွင် အသုံးပြုလိုပါကလည်း လမ်းညွှန်ကိရိယာ အနေနှင့်ပါ အသုံးပြုနိုင်သည်။ ဆင်ဆာစနစ်ကို လူ၏ကိုယ်ခန္ဓာ နားရွက်၊ လက်ချောင်း၊ နဖူး စသည့် အစိတ်အပိုင်းများတွင်လည်း ထည့်သွင်းနိုင်ပြီး သွေးတိုးနှင့် နှလုံး စသည့် ဝေဒနာရှင်များ အတွက်ပါ စောင့်ကြည့်နိုင်ရန် အသုံးပြုနိုင်သောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများတွင် ပိုပြီး အကျိုးရှိလာမည်ဟု Kyocera Corporation က ဆိုသည်။
Source : https://goo.gl/jhyW8v
via IFTTT

No comments:

Post a Comment