Wednesday, December 14, 2016


Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သတ်ဖြတ်ခံရခြင်းမှာ ရက်ရက်စက်စက် ကြိုတင်ကြံစည် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့မ ရဲစခန်းမှ ဒုရဲမှူး ပြောကြား “Eleven Media Group မှ မုံရွာမြို့ သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်။ ဒီအမှုမှာက အဓိက ကျူးလွန်တဲ့သူကို ဖမ်းဆီးရမိဖို့အတွက် ကျွန်တော်တို့ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒီလူသတ်မှုက သေသေချာချာ စနစ်တကျနဲ့ ကြံစည်ပြီးတော့ ကျူးလွန်ထားတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့ အခင်းဖြစ်စဉ်နေရာကို သွားရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ထားပါတယ်။ ဖြစ်စဉ် သိသိချင်း ညပိုင်းမှာပဲ အဲဒီနေရာမှာ ရှာဖွေမှုတွေလုပ်တယ်။ ပုံစံပျက် မသွားစေဖို့ အစောင့်လည်း ချထားပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို လေ့လာလိုက်တဲ့ အခါမှာ အသတ်ခံရသူ ကိုစိုးမိုးထွန်းက မှောက်လျက်အနေအထားပါ . . . ” ဟု မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က ပြောကြားသည်။
Source : http://ift.tt/2huWxYy
via IFTTT

No comments:

Post a Comment