Friday, December 16, 2016

The Voice

သတ်မှတ်ချက် မပြည့်မီသော အာဖဂန်မှ ခိုလှုံလာသူများကို နေရပ်သို့ ဂျာမနီ ပြန်ပို့ ဖရန့်ဖတ်၊ ဒီဇင်ဘာ ၁၅ ယခုနှစ်တွင် အာဖဂန်နစ္စတန် အစိုးရနှင့် သဘောတူညီထားမှုအရ ဒုက္ခသည်အဖြစ် သတ်မှတ်ချက်များ မပြည့်မီသော အာဖဂန်ရွှေ့ပြောင်း ၅၀ ပါ ပထမအသုတ်ကို ဂျာမနီက စတင်ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။ ဂျာမနီနိုင်ငံ ဖရန်ဖတ်မြို့မှ အာဖဂန် ၅၀ ဦး ပါဝင်သော လေယာဉ် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ယင်းသတင်းက ဆိုထားသည်။ မြို့တော် ကဘူးလ်သို့ ကြာသပတေးနေ့တွင် ရောက်ရှိလာမည် ဖြစ်သည်ဟု အာဖဂန်နစ္စတန် ဒုက္ခသည်ရေးရာ ဝန်ကြီးဌာနမှ ပြောခွင့်ရအရာရှိက ထုတ်ပြန်ပြောကြားထားသည်။ ပြန်ပို့ခံရသူများ သက်ဆိုင်ရာ ပြည်နယ်များသို့ သွားရာတွင် အခက်အခဲများ ရှိပါက ဝန်ကြီးဌာနက ကူညီသွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသေးသည်။ ယခုနှစ်အတွင်း ဥရောပသို့ ရောက်ရှိနေသော အာဖဂန်လူဦးရေ တစ်သောင်းခန့် နေရပ်သို့ ပြန်လာကြရကြောင်း ဖော်ပြထားသည်။ ၂၀၁၅ နှစ်စပိုင်းတွင် အရှေ့အလယ်ပိုင်း၊ အာဖရိကတို့မှ ဒုက္ခသည် စုစုပေါင်း သန်းဝက်ခန့် ဂျာမနီသို့ ရောက်ရှိလာခဲ့ပြီး လုံခြုံရေးနှင့် တစ်သားတည်း ဖြစ်အောင် နေထိုင်နိုင်မှုဆိုင်ရာ စိုးရိမ်မှုများ ဂျာမနီ လူ့အဖွဲ့အစည်းတွင် မြင့်တက်ခဲ့သည်။ ယင်းသို့ ဒုက္ခသည်များ လာရောက်ခြင်းကို မလိုလားသော အစုအဖွဲ့များလည်း အားကောင်းလာခဲ့ကာ နိုင်ငံရေးအာဏာကို ရယူနိုင်မည့် လမ်းကြောင်းပေါ်အထိ ခရီးရောက်လာခဲ့သည်။ ဂျာမနီနိုင်ငံတွင် ဆီးရီးယားများပြီးလျှင် အာဖဂန်များသည် ဒုတိယအများဆုံး ခိုလှုံသူ အစုအဖွဲ့များ ဖြစ်ကြသည်။ ဇန်နဝါရီလ အတွင်းတွင် ဒုတိယအသုတ်အဖြစ် နောက်ထပ် လေယာဉ်တစ်စင်းစာ ထပ်မံပြန်ပို့ဦးမည် ဖြစ်ကြောင်း ဂျာမန် ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။ ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသူများကို ပြန်လည်ပို့ဆောင်နေသည့် ဂျာမနီ၏ လုပ်ဆောင်မှုများကို ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး နေရပ်ပြန်ရသူများသည် အမှန်တကယ် မလုံခြုံသည့် နေရာများသို့ ပြန် ရောက်သွားပါက အတိဒုက္ခများ ခံစားရဖွယ် ရှိသည်ကို ထောက်ပြထားကြသည်။
Source : https://goo.gl/qFE046
via IFTTT

No comments:

Post a Comment