Tuesday, December 27, 2016

7Day News Journal

တစ်ဦးချင်းကားတင်သွင်း မှု ရပ်နားလိုက်ပြီးနောက် ပြင်ပ စျေးကွက်တွင် အမေရိကန်ဒေါ် လာတန်ဖိုး ဆက်တိုက်ကျဆင်း ခဲ့ရာ တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်ခန့်အထိ ရောက်ရှိလာ ကြောင်း ပြင်ပငွေကြေးစျေးကွက် မှ သတင်းရရှိသည်။ အမေရိကန်ဒေါ်လာတန်ဖိုး သည် ဒီဇင်ဘာ ၁၇ ရက်က အမြင့် ဆုံးစံချိန်တင်စျေးအဖြစ် တစ်ဒေါ်လာလျှင် ၁,၄၄၄ ကျပ်ထိ မြင့်တက်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် တစ်ဒေါ်လာလျှင် ၈၀ ကျပ်ခန့် စျေးကျဆင်းလာသည် ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။ ပြင်ပငွေကြေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးကျ ဆင်းနေခြင်းကြောင့် အရောင်းအ ဝယ်အေးနေကြောင်း ငွေကြေးဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေ သူတစ်ဦးက ပြောသည်။ ပြင်ပ ငွေကြေးစျေးကွက်၌ အမေရိကန်ဒေါ်လာတန်ဖိုး ကျ ဆင်းလာချိန်တွင် ဗဟိုဘဏ်၏တရားဝင် ရည်ညွှန်းငွေလဲနှုန်းက တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်ဖြစ်သည်။ ‘‘ကျွန်တော်တို့လူမျိုးရဲ့ ယုံ ကြည်မှုကစျေးတက်မယ်ထင်ရင် လှိမ့်ဝယ်တယ်။ ဒါကြောင့် ပိုတက် တယ်။ ကျမယ်ထင်ရင်တော့ ဝိုင်း ရောင်းတော့ ပိုကျတယ်’’ ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းမှု လိုင်စင်လျှောက်ထား ရန် ဘဏ်များတွင် အာမခံအနေဖြင့် လူတစ်ဦး၊ လိုင်စင်တစ်စောင် လျှင် အမေရိကန်ဒေါ်လာ ၅,၀၀၀ငွေစာရင်းဖွင့်လှစ်ပြီး ယင်းငွေစာရင်းကို အစိုးရသို့ တင်ပြရသည်။ လက်ရှိတွင် တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လိုင်စင်ထုတ်ပေးမှုကို ဒီဇင်ဘာ ၂၃ ရက်ကစတင်၍ စီးပွားကူးသန်းဝန်ကြီး ဌာနက ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပါမစ် ၁,၀၀၀ ကျော်ကို လိုင်စင်ချထားပေးမည် မဟုတ်ဟု သိရသည်။ ထိုပါမစ် အစောင် ၁,၀၀၀ ကျော်အတွက် ဘဏ်၌ ငွေ စာရင်းဖွင့်လှစ်ရမည့် အာမခံငွေ ပမာဏသည်အမေရိကန် ဒေါ်လာ ငါးသန်းကျော် ရှိသည်။ ‘‘မိအေးနှစ်ခါနာတာပေါ့။ အကုန်လုံးဒုက္ခရောက်ကုန်တာ။ ပါမစ်မရဘူးဆိုလည်း အစောကြီးတည်း က မပြောဘူး။ ဘဏ်မှာအကောင့် တွေ ဖွင့်၊ နေပူကြီးထဲ တန်းစီနဲ့ လူတွေတော်တော်လေး ဒုက္ခတွေ ရောက်ကုန်တာ’’ဟု အကျိုးဆောင် လုပ်ကိုင်ပေးသူ ဦးဝင်းမျိုးသူက ပြောသည်။ ကားတင်သွင်းသူများသည် အစိုးရထံ ပါမစ်လိုင်စင်လျှောက် ထားရန် ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာကို တန်ဖိုးကြီးပေးဝယ်ခဲ့ရပြီး ယခုအချိန်၌ စျေးနှုန်း ကျဆင်းလာ၍ ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ကားတင်သွင်းသူအချို့က ဆိုသည်။ ကားတင်သွင်းရန် ပြင်ပစျေးကွက်မှ အမေရိကန် ဒေါ် လာအဝယ်များသဖြင့် စံချိန်တင် မြင့်တက်ခဲ့သော်လည်း လက်ရှိ တွင် တန်ဖိုး ကျဆင်းလာသည်။ ဒေါ်လာတန်ဖိုး ကျဆင်းမှုသည် တစ် ဒေါ်လာလျှင် ၁,၃၀၀ ခန့်အထိ ဆက်တိုက်ကျဆင်းမည်ဟု ပို့ကုန် လုပ်ငန်းရှင် အချို့က ခန့်မှန်းနေကြသည်။ ထို့အပြင် အစိုးရကလည်း ဒေါ်လာစျေးစံချိန်တင်မြင့်တက်မှု ကို လျှော့ချနိုင်ရန် ဇိမ်ခံပစ္စည်း သွင်းကုန်များအပေါ်တွင် အခွန်နှုန်းထားများ တိုးမြှင့်ခြင်း၊ အရည်အသွေး သတ်မှတ်ချက်များ တိုးမြှင့်ခြင်းစ သည့် နည်းလမ်းများကို ဆောင်ရွက်ရန် ပြင်ဆင်နေသည်။
Source : http://ift.tt/2hiuUjY
via IFTTT

No comments:

Post a Comment