Wednesday, December 28, 2016

The Voice

မာတီရယ်လ်ကို အငှား ခေါ်ယူရန် ကမ်းလှမ်းမှု မန်ယူ ငြင်းဆန်ပယ်ချ မန်ချက်စတာ၊ ဒီဇင်ဘာ ၂၇ မန်ယူအသင်းသည် အသင်းတိုက်စစ်မှူး မာတီရယ်လ်ကို အငှား ခေါ်ယူရန် ဆီဗီလာက ကမ်းလှမ်း ဆက်သွယ်လာခဲ့သည်ကို ငြင်းဆန်ပယ်ချထားပြီး အပြီးသတ်ခေါ်ယူရန် ဆွေးနွေးမှုမျိုးကိုသာ ၎င်းတို့ဘက်က လက်ခံပေးသွားမည်ဟု မန်ယူတာဝန်ရှိသူများက အကြောင်း ပြန်ထားကြောင်း မာတီရယ်လ်၏ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောကြားထားသည်ဟု Sportmail က ဖော်ပြထားသည်။ ဆီဗီလာ အားကစား ဒါရိုက်တာ မွန်ချီသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က မာတီရယ်လ်၏ အေးဂျင့်ဖြစ်သူထံသို့ ဆက်သွယ်၍ မာတီရယ်လ်ကို အငှား ခေါ်ယူရန် မန်ယူနှင့် ဆွေးနွေးလိုကြောင်း အသိပေးခဲ့ခြင်းဖြစ်ကာ မန်ယူနည်းပြ မော်ရင်ညိုကမူ မာတီရယ်လ်နှင့် ရတ်ရှ်ဖို့ဒ်တို့၏ အနာဂတ်ကို လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဖွင့်လှစ်ချိန်သို့ ရောက်မှသာ ဆုံးဖြတ်ပေးသွားဖွယ် ရှိနေသည်။ မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် ကစားသမား အပြောင်းအရွှေ့ ဈေးကွက် နှစ်ခုအတွင်း အသင်းကို အပြီး တည်ဆောက်သွားရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကာ အဆိုပါ ဈေးကွက်များအတွင်း အသင်းရှိ ပိုလျှံသမားများကို ရောင်းထုတ်၍ ယင်းမ ှရရှိသောဝင်ငွေများဖြင့် ၎င်းအလိုရှိသော ကစားသမားများကို ခေါ်ယူရန်လည်း မော်ရင်ညိုက စီစဉ်ထားသည်။ အသက် ၂၁ နှစ်အရွယ်ရှိ မာတီရယ်လ်သည် နည်းပြ မော်ရင်ညို လက်အောက်တွင် ပုံမှန် ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရသည်ကို အလွန်အမင်း စိတ်ပျက်နေပြီဖြစ်ကာ ၎င်း၏ ကျောနံပါတ်ကို အီဘရာဟီမိုဗစ်ထံသို့ လွှဲပြောင်းပေးလိုက်ခြင်း အတွက်လည်း မာတီရယ်လ်က နည်းပြ မော်ရင်ညိုကို မကျေနပ်မှုများ ရှိခဲ့ဖူးသည်။ ပြင်သစ် လက်ရွေးစင် အသင်းနည်းြုပ ဒက်စ်ချမ့်သည် မာတီရယ်လ်ကို လက်ရွေးစင် အသင်း၌ နေရာရရန်အတွက် ကလပ်အသင်းတွင် ပုံမှန် ပွဲထွက်ကစားခွင့် ရရှိမှသာ ဖြစ်နိုင်လိမ့်မည်ဟု သတိပေးထားပြီဖြစ်ကာ လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ် လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့် ရနိုင်ရန်အတွက် မာတီရယ်လ်က မန်ယူကို စွန့်ခွာသွားဖွယ် ရှိနေပြီလည်းဖြစ်သည်။ ဝက်စ်ဟမ်း အသင်းသည်လည်း ဆီဗီလာနှင့်အပြိုင် မာတီရယ်လ်ကို ခေါ်ယူရန် စိတ်ဝင်စားမှုများ ရှိနေပြီး လာမည့် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်အတွင်း ဝက်စ်ဟမ်းခေါ်ယူလိုလျက်ရှိသော တိုက်စစ်မှူးများအနက်တွင် ဆန်းဒါးလန်းတိုက်စစ်မှူး ဒီဖိုးလည်း ပါဝင်လျက်ရှိသည်။
Source : https://goo.gl/z98Ay9
via IFTTT

No comments:

Post a Comment