မုံရွာမြို့ ရုံးကြီးရပ်ကွက်အ တွင်း နေထိုင်သော ကလေးငယ် တစ်ဦးကို အသက်(၂၆)နှစ်အ ရွယ် အမျိုးသမီးတစ်ဦးက ဒီဇင် ဘာ ၂၅ ရက် ညနေ ၅ နာရီခန့်က ခိုးယူထွက်ပြေးခဲ့ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေ မြင့်က ပြောသည်။ ‘‘ကလေးငယ်ကို ခိုးယူထွက် ပြေးတဲ့ အမျိုးသမီးကို ဖမ်းမိထား ပါတယ်။ ဘာကြောင့် ကလေးကို ခိုးယူတာလဲဆိုတာ စစ်ဆေးနေဆဲပါ။ ကလေးရဲ့ ဖခင်ဖြစ်သူက တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှု ဖွင့်ထားပါတယ်’’ဟု ဒုရဲမှူးသိန်း ဆွေမြင့်ကပြောသည်။ ‘‘ဒီအမျိုးသမီးက လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကစပြီး ရုံးကြီး ရပ်ကွက် မီးကင်းတဲနားကို ရောက်လာတာပါ။ ညနေ ၅ နာရီလောက် မှာ ရောက်လာတတ်ပြီး ည ၇ နာရီဝန်းကျင်ဆို ပြန်သွားတတ်ပါ တယ်။ မြင်တွေ့ရတဲ့ ၁၅ ရက် အတောအတွင်း အဝတ်အစားလဲလေ့ရှိတဲ့အတွက် ရူးသွပ်တယ်ဆို တာမဖြစ်နိုင်ပါဘူး’’ဟု ခိုးယူခံရ သော ကလေးငယ်၏ ဖခင်ကပြောသည်။ အသက် (၃)နှစ်လေးလအ ရွယ်ရှိ ကလေးငယ်ကို နေအိမ်၌ မတွေ့သဖြင့် ဖခင်က လိုက်လံရှာ ဖွေခဲ့ရာ ရုံးကြီးရပ်ကွက် မီးကင်းတဲဘေးရှိ မုန့်ဆိုင်တွင် ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦးက ခေါ်သွား ကြောင်း မြင်တွေ့သူများက ပြော သဖြင့် မုံရွာမြို့ပေါ်သို့ လိုက်လံရှာ ဖွေခဲ့ရာ ကမ်းနားလမ်း ရွှေနဒီအမြန်ရေယာဉ်ဂိတ်တွင် အဆိုပါ အမျိုးသမီးနှင့်အတူ ပြန်လည်တွေ့ရှိခဲ့သည်။ ကလေးငယ်ကို ပြန်ခေါ်ရာတွင် ဓားဖြင့် ခြိမ်းခြောက်သဖြင့် အဆိုပါ အမျိုးသမီးအား တွန်းလွှတ်၍ ကလေးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အရွယ်မရောက်သေးသော ကလေးကို ခိုးယူထွက်ပြေးသွား သော အမျိုးသမီးအား မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၃ အရ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ သည်။
Source : http://ift.tt/2ic8PYL
via IFTTT
No comments:
Post a Comment