Saturday, December 31, 2016

MOI Webportal Myanmar

အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သည် ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ စုဆောင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးဗဟိုဌာနအဖြစ် တာဝန်ယူဆောင်ရွက်သွားရန်ရှိ နေပြည်တော် ဒီဇင်ဘာ ၃ဝ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ကြာပန်းအဝိုင်းအနီးတွင် ၂ဝ၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ပြီး စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားစာကြည့်တိုက်သည် နိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေထားသော စာပေပစ္စည်းများကို ပြည့်စုံစွာစုဆောင်းထိန်းသိမ်း၍ စာဖတ်သူများအား ဝန်ဆောင်မှုပေးရန် တာဝန်သာမက မြန်မာ့စာပေပစ္စည်းများ ယဉ်ကျေးမှုသမိုင်း ကြောင်းအရ ရေးသားထားခဲ့သည့် ပုံနှိပ်ထုတ်ဝေထားခြင်းမရှိသည့် စာပေ ပစ္စည်းများ၊ ရှေးဟောင်းစာပေအမွေအနှစ်များဖြစ်သည့် ပေ၊ ပုရပိုက်နှင့် လက်ရေးစာများ၊ ကမ္မဝါစာတို့ကိုပါ ကာလကြာရှည်တည်ရှိနေစေရန် ထိန်းသိမ်း စောင့်ရှောက်ရန်လည်း တာဝန်ရှိသည်။ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာနအနေဖြင့်လည်း ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ယခုအခါ ယခင်ဆောင်ရွက်ခဲ့ သော ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေးကော်မရှင် ကို ပြန်လည်အသက်သွင်းရန် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် မြန်မာသမိုင်းအဖွဲ့ ပုံမှန်အစည်းအဝေးတွင်လည်း ''ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ကို မြန်မာသမိုင်း အဖွဲ့၏ ဆပ်ကော်မတီအဖြစ် ဖွဲ့စည်းဆောင်ရွက်သွားရန် ဆုံးဖြတ်အတည် ပြုပြီးလည်းဖြစ်သည်။ အထက်ပါကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အမျိုးသားစာကြည့်တိုက် သည် ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေးဗဟိုဌာန အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာများ လှူဒါန်းလိုလျှင်သော်လည်းကောင်း၊ စုဆောင်း ထိန်းသိမ်းထားသည့် နေရာတွင်ပင် ပြုပြင်ထိန်းသိမ်းခြင်း၊ စာရင်းပြုစုခြင်း၊ စနစ်တကျထားသိုခြင်းလုပ်ငန်းများ ဆောင်ရွက်လိုလျှင်သော်လည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ တယ်လီဖုန်း ဝ၆၇-၄ဝ၈၃၈၄ နှင့် ညွှန်ကြားရေးမှူး အမျိုးသားစာကြည့်တိုက်(နေပြည်တော်) တယ်လီဖုန်း ဝ၆၇-၄၁၈၄၂၆ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သိရသည်။ (သတင်းစဉ်)
Source : http://ift.tt/2hyAAqb
via IFTTT

No comments:

Post a Comment