ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နိုင်ပါက ချယ်လ်ဆီး ဗိုလ်စွဲလေ့ရှိ လန်ဒန်၊ ဒီဇင်ဘာ ၁၅ ချယ်လ်ဆီးအသင်းသည် ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်လေ့ ရှိပါက ပရီးမီးယားလိဂ် ဆုဖလားကို အမြဲတစေ ဆွတ်ခူးရရှိလေ့ရှိကာ လက်ရှိ ဘောလုံးရာသီတွင်လည်း ချယ်လ်ဆီးက ခရစ္စမတ်နေ့၌ အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ရှိနေရန် သေချာသွားခဲ့ပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။ ချယ်လ်ဆီးသည် ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆန်းဒါးလန်းကို ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပြီး အဆိုပါနိုင်ပွဲမှာ နည်းပြကွန်တီ လက်အောက်တွင် လိဂ်ပွဲစဉ် ၁၀ ပွဲဆက်တိုက် အနိုင်ရရှိခြင်း အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။ ချယ်လ်ဆီးသည် လက်ရှိတွင် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသည့် အာဆင်နယ်ကို ရမှတ်ခြောက်မှတ်အထိ ဖြတ်လိုက်နိုင်ပြီ ဖြစ်ကာ ယင်းအတွက် လာမည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်နေ့၌ ချယ်လ်ဆီးမှာ အမှတ်ပေးဇယားထိပ်၌ ရှိနေရန် သေချာသွားခဲ့ပြီလည်း ဖြစ်သည်။ ချယ်လ်ဆီးသည် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၉ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ခရစ္စမတ်နေ့၌ ပရီးမီးယားလိဂ် အမှတ်ဇယား ထိပ်ဆုံးတွင် ရှိနေခဲ့ပြီး ယင်းဘောလုံးရာသီများ အားလုံး၌ ချယ်လ်ဆီးက အမှတ်ပေး ချန်ပီယံအသင်းအဖြစ် အောင်ပွဲခံနိုင်ခဲ့သည်ချည်း ဖြစ်သည်။ ချယ်လ်ဆီးသည် လာမည့် စနေနေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ နိုင်ပွဲ ထပ်မံရယူနိုင်ခဲ့ပါက ၂၀၀၈-၀၉ နှင့် ၂၀၀၉-၁၀ ဘောလုံးရာသီတို့တွင် တင်ရှိခဲ့သည့် နိုင်ပွဲဆက်မှုစံချိန်ကို လိုက်မီသွားတော့မည် ဖြစ်ကာ အဆိုပါ ဘောလုံးရာသီနှစ်ခုတွင် ချယ်လ်ဆီးမှာ အသင်းသမိုင်းကြောင်းတစ်လျှောက် နိုင်ပွဲဆက်မှု အရှည်ကြာဆုံးအဖြစ် ၁၁ ပွဲဆက် နိုင်ပွဲရရှိမှု စံချိန်ကို တင်ရှိခဲ့ဖူးသည်။
Source : https://goo.gl/VaE2u5
via IFTTT
No comments:
Post a Comment