Monday, December 26, 2016

The Voice

မောင်တောတွင် ဘင်္ဂါလီ စာရေးတစ်ဦး ထပ်မံအသတ်ခံရ မောင်တော၊ ဒီဇင်ဘာ၂၆ မောင်တောမြို့နယ် ရေတွင်းကျွန်း ကျေးရွာတွင် ဒီဇင်ဘာ ၂၅ ရက်က အစိုးရ ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ဘင်္ဂါလီလူမျိုး ကျေးရွာစာရေးတစ်ဦး ထပ်မံ၍ အသတ်ခံခဲ့ရကြောင်း မောင်တောမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ သေဆုံးသူမှာ ရေတွင်းကျွန်းကျေးရွာ အိမ်ထောင်စု အမှတ် (၆၈၅) နေ အသက် ၂၈ နှစ် အရွယ်ရှိ ကျေးရွာမှ ခန့်အပ်ထားသည့် စာရေးရော်ဖီး (ဘ)ဒိလ်ဒါရ်ဟူဆိန် ဖြစ်ကြောင်း မောင်တောမြို့ ရွက်ညိုတောင် ကျေးရွာ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။ သေဆုံးခဲ့သည့် ရော်ဖီသည် ဒီဇင်ဘာ၂၄ ရက် ည ၈ နာရီခန့်တွင် နေအိမ်မှ ထွက်စဉ်လမ်းတွင် အကြမ်းဖက်အုပ်စုက ဆွဲခေါ်သွားခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဦးရှည်းကျကျေးရွာ ချောင်းစပ်ရှိ ပုဇွန်ကန်အတွင်း လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ဓားထိုးဒဏ်ရာ၊ ဝဲဘက်နားရွက်ပြတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ မောင်တောမြို့နယ် ဦးရှည်းကျကျေးရွာတွင် အစွန်းရောက် ဘင်္ဂါလီများ အကြမ်းဖက်ရန် စီစဉ်နေမှုကို သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သည့် ဘင်္ဂါလီနှစ်ဦးမှာလည်း အသတ်ခံခဲ့ရပြီး ဂေါ်ဒူသာရကျေးရွာ အုပ်စုမှ ဘင်္ဂလီ တစ်ဦးမှာလည်း သက်ဆိုင်ရာ အာဏာပိုင်များနှင့် နီးစပ်သည့်အတွက် အသတ်ခံခဲ့ရကြောင်း၊ ငါးခူရကျေးရွာမှ စာကြည့်တိုက်မှူး ရှုနာမျာမှာလည်း မီဒီယာများနှင့် တွေ့ဆုံ ဖြေဆိုခဲ့သည့်အတွက် အစွန်းရောက် ဘင်္ဂါလီများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း မောင်တောမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဒုတိယရဲမှူးကြီးတစ်ဦးက ပြောသည်။ ယင်းအပြင် မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာမှ အလုပ်သမားခေါင်းဆောင် ဟာဘီရော်မာန်ကို ဒီဇင်ဘာ ၁၃ ရက်က ကိုးတန်ကောက်ကျေးရွာမှ မော်လဝီဇူပိုင် ခေါင်းဆောင်သော အကြမ်းဖက်သမားများက ရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ဒီဇင်ဘာ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယခုသေဆုံးသွားသည့် ရော်ဖီ သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုဝင် ဆော်လီမူလာက ငါးခူရ နယ်ခြားစောင့် ရဲစခန်းသို့ သွားရောက်တိုင်တန်းသဖြင့် ရဲစခန်းက (ပ) ၄၆/ ၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ တရားခံ အမြန်ဆုံး ဖမ်းဆီးရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စခန်းထံမှ သိရသည်။ ဓာတ္ပံု - RPL
Source : https://goo.gl/kNGntg
via IFTTT

No comments:

Post a Comment