Tuesday, December 20, 2016


သတင်းထောက် ကိုစိုးမိုးထွန်းအား သတ်သည်ဟု သံသယရှိသူ နှစ်ဦးအား ရမန်ယူ စစ်ဆေးနေကြောင်း မုံရွာမြို့မစခန်းမှူးကပြော ---- ----- ---- Eleven သတင်းဌာန၏ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သတ်သည့်ဟု သံသယရှိသူ နှစ်ဦးအား စစ်ဆေးနေကြောင်း မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က The Ladies News သတင်းဌာနသို့ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်း က ပြောသည်။ ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁ နာရီ၀န်းကျင်ခန့်တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စု လမ်းဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာ နှစ်ချက်၊ ၀ဲမျက်ခုံး ကွဲပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက် သေ ဆုံးခဲ့ခြင်းဖြစ်သည်။ ၄င်းအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး (ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ သံသယရှိသူနှစ်ဦးအား စစ်ဆေးခြင်း ကိစ္စပတ်သက်ပြီး “ဟုတ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ သူတို့ကို ရမန်ယူထားပြီး စစ်ဆေးနေပါတယ်” ဟု ဒုရဲမှူး သိန်းဆွေမြင့် ကဆိုသည်။ မုံရွာသတင်းထောက် အသက်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူနှစ်ဦးအား ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ရမန်ယူ ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။ အဆိုပါ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ CID ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပါ၀င်ဖွဲ့စည်းထားပြီး အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားခံ ဖမ်းဆီးရမိရေးများအတွက် အမှုနှင့် သက်ဆိုင် သူများကို မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ် ခဲ့ခြင်းများရှိပြီး ယခုအခါတွင် သံသယဖြစ်ဖွယ် နှစ်ဦးက ရမန်ယူ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။ Eleven Media Group ၏ မုံရွာ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုအား ရဲတပ်ဖွဲ့မှ ၇ ရက် အတွင်း တရားခံများကို ဖော်ထုတ် ဖမ်းဆီးပေးနိုင်ပါက မြို့ခံများမှ ဂုဏ်ပြု ချီးမြှင့်သွားရန် အစီအစဉ်ရှိကြောင်း မုံရွာမြို့ခံ သတင်းထောက်များ၏ ပြောပြချက်အရ သိရသည်။ ကိုစိုးမိုးထွန်း သေဆုံးသွားသည့်အတွက် ကျန်ရှိခဲ့သည့် အသက် ၈ နှစ်အရွယ် သားငယ် ပညာရေးအတွက် ဧရာ၀တီဖော်ဒေးရှင်းမှာ ထောက်ပံ့ပေးသွားရန် ရှိကြောင်း သတင်းများအရ သိရသည်။ The Ladies News http://ift.tt/2hDy6KQ
Source : http://ift.tt/2hDy6KQ
via IFTTT

No comments:

Post a Comment