Tuesday, December 20, 2016


PNA ပအို၀်းပြည်သူ့စစ် တပ်ဖွဲ့၀င်များထံမှ မူးယစ်ဆေး၀ါးနှင့် လက်နက်ခဲယမ်း ဖမ်းမိ --- --- --- PNA ပအို၀်းပြည်သူ့စစ် တပ်ဖွဲ့၀င်များထံမှ စိတ်ကြွဆေး၀ါးနှင့် လက်နက်ခဲယမ်းအချို့ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာ၀န်ကျ ရဲအရာရှိက The Ladies News သို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က အတည်ပြု ပြောဆိုသည်။ တောင်ကြီး - လွိုင်လင် ကားလမ်းပေါ်ရှိ ဟိုပုံးမြို့နယ် အတွင်းတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “သုံးဦး မိတယ်။ တစ်ယောက်ကတော့ လွတ်နေဆဲပဲ။ ပအို၀်းအဖွဲ့ကပါ” ဟု အဆိုပါ တာ၀န်ကျ ရဲအရာရှိက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် The Ladies News သို့ အတည်ပြုပြောဆိုသည်။ အဆိုပါ ဖြစ်စဉ်တွင် ဆီဆိုင်မြို့တွင် နေထိုင်သည့် နေထွန်း ၊ တမောင်းနှင့် တပေ(ခ) သိန်းတန်တို့မှာ ဖမ်းဆီးခံခဲ့ရသည်ဟု သိရပြီး ပအို၀်းပြည်သူ့စစ် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူမှာ ထွက်ပြေး လွတ်မြောက်နေသဖြင့် ရဲတပ်ဖွဲ့မှ အပူတပြင်း လိုက်လံဖမ်းဆီးနေကြောင်းလည်း ပြည်နယ် ရဲတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ဖြစ်စဉ်အတွင်း WY စိတ်ကြွဆွေးပြား ၆ သောင်းကျော် ၊ ရိုင်ဖယ် သေနတ် နှစ်လက် ၊ ပြောင်းတိုသေနတ် တစ်လက်နှင့် ၉ မမ ပစ္စတိုနှစ်လက် ၊ လုပ်သေနတ် တစ်လက် ၊ လက်ပစ်ဗုံးတစ်လုံး ၊ မိုင်းတစ်လုံးနှင့် ကျည်အိမ်တို့ပါ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အဆိုပါ ဖမ်းဆီးရမိသူများကို ဟိုပုံးရဲစခန်းက မူးယစ်ဆေး၀ါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေး၀ါးများဆိုင်ရာ ဥပဒေပုဒ် ၁၅/၁၉ (က)၊ ၂၀ (က) ၊ ၂၂ (ခ) ၊ ၂၁ တို့ဖြင့် အမှုဖွင့်ထားပြီး လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထပ်မံအရေးယူရန် စုံစမ်းစစ်ဆေးလျက် ရှိနေသည်ဟု ရဲတပ်ဖွဲ့တာ၀န်ရှိသူက ဆိုသည်။ PNA ပအို၀်းပြည်သူ့စစ် အဖွဲ့မှာ စစ်အစိုးရ လက်ထက်က အပစ်ခတ် ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ကာ ၄င်း၏ နိုင်ငံရေးပါတီဖြစ်သည့် ပအို၀်းအမျိုးသားအဖွဲ့ချုပ် ပီအန်အိုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပအို၀်းဒေသ၌ အနိုင်ရရှိထားသည့် ပါတီလည်း ဖြစ်သည်။ The Ladies News http://ift.tt/2iaCvSr
Source : http://ift.tt/2iaCvSr
via IFTTT

No comments:

Post a Comment