သမီးရှင်ဖြစ်သွားတဲ့ သက်မွန်မြင့် သရုပ်ဆောင်သက်မွန် မြင့်သည် ၎င်း၏ ဒုတိယမြောက် ရင်သွေး သမီးငယ်ကို မွေးဖွားရန် သတ်မှတ်ထားသည့်ရက်ထက် နှစ်ပတ်ခန့်စော၍ မွေးဖွားခဲ့ ကြောင်း သတင်းရရှိသည်။ သက်မွန်မြင့်တို့ ဇနီးမောင်နှံ သည် ၎င်းတို့၏ ဒုတိယရင်သွေး လေးကို လာမည့်နှစ် ဇန်နဝါရီ ၁ရက်တွင် မွေးဖွားရန် စီစဉ်ထား သော်လည်း ယင်းရက်ထက် နှစ် ပတ်ခန့်စော၍ မွေးဖွားခဲ့ခြင်းဖြစ် သည်။ ‘‘၁၄.၁၂.၂၀၁၆ ရာဟုသမီး လေး ၉ နာရီ ၄၅ မိနစ်မှာ မွေးချင်တဲ့ရက်ထက်စောပြီး ရောက်လာခဲ့တဲ့ ချစ်စရာသမီးလေး ၆ ပေါင် ၁၀ အောင်စ ပါးဖောင်းဖောင်း၊ အသားဖြူဖြူလေးနဲ့ ရာဇဖွားနော် မချိန်းဘဲ ချစ်တဲ့သူတွေ လူစုံတဲ့ချိန်ရောက်လာတာ ကံကောင်းတာ နော် မေမေမွန်ရော၊ သမီးလေးရော နေကောင်းကျန်းမာ’’ဟု သက်မွန်မြင့်နှင့် ခင်မင်ရင်းနှီး သည့် ဒီဇိုင်နာ မပုံ့က ဒီဇင်ဘာ ၁၄ ရက်ညက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထား သည်။ သတ်မှတ်ထားသည့် အချိန် ထက်စော၍ မွေးဖွားခဲ့သော ကြောင့် ပရိသတ်များက သက်မွန်မြင့်အတွက် စိတ်ပူကြောင်း ရေးသားထားကြသကဲ့သို့ ဆုတောင်း စကားများလည်း ရေးသားပေး ထားကြသည်။ သက်မွန်မြင့်သည် ခင်ပွန်း ကိုစစ်နိုင်နှင့် ၂၀၁၄ က လက်ထပ် ခဲ့ပြီး ၂၀၁၅ ဧပြီတွင် သားတစ်ဦး မွေးဖွားထားပြီးဖြစ်သည်။ သက်မွန်မြင့်က ၎င်း၏ ကိုယ်ပိုင်စီးပွားရေးဖြစ်သည့် Sweet Child အမည်ဖြင့် ကလေးအသုံး အဆောင်ပစ္စည်းဆိုင်ကို ဒီဇင်ဘာ ၉ ရက်က ဆရာစံလမ်းတွင် ဖွင့် လှစ်ခဲ့သည်။
Source : http://ift.tt/2gSxWyn
via IFTTT
No comments:
Post a Comment