Friday, December 23, 2016

The Irrawaddy - Burmese Edition

တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရ ------------------------------------------------ ဒီဇင်ဘာ ၂၃၊ ၂ဝ၁၆ သတင်းမှန်ထုတ်ပြန်နိုင်ရေးအတွက် မောင်တောမြို့နယ် ငါးခူရကျေးရွာသို့ မြေပြင်ကွင်းဆင်း သတင်းရယူနေသည့် ပြည်တွင်း ပြည်ပမီဒီယာ (၁၃)ဦးပါ အဖွဲ့၏ မေးမြန်းမှုများကို ဖြေကြားခဲ့ရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရားဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည့် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး အသတ်ခံရကြောင်း သိရသည်။ ဖြစ်စဥ်မှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာဦးစီး သော ပြည်တွင်း ပြည်ပ မီဒီယာများပါဝင်သည့် အဖွဲ့ဝင် (၁၃)ဦးသည် ဒီဇင်ဘာ (၂၁) ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဖြစ်စဥ်များ သတင်းမှန်သိရှိနိုင်ရေး မြေပြင်ကွင်းဆင်းလေ့လာရန် ငါးခူရကျေးရွာသို့ ရောက်ရှိ စဥ် ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်နေသည့် ဒုစ်မာမတ် (ခ) ရှူနာမျာအား ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ငါးခူရအလယ်ရွာ လမ်းမပေါ်တွင် သိရှိလိုသည်များကို တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့သည်။ သတင်းထောက်များ၏ မေးမြန်းချက်များအား ဖြေကြားခဲ့သူ ဒုစ်မာမတ် (ခ) ရှူနာမျာသည် ညနေ (၆) နာရီတွင် နေအိမ်သို့ပြန်လည်ရောက်ရှိပြီး အဝတ်အစားလဲ၍ ရွာအတွင်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ရာ ည(၁ဝ)နာရီ (၄၅)မိနစ်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် ဒုစ်မာမတ် (ခ) ရှူနာမျာ၏ အစ်ကိုဖြစ်သူ ဒီလ်မူဟာမတ်မှ ၎င်း၏ညီ ပျောက်ဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင် ထံ သွားရောက်သတင်းပို့ခဲ့ပြီး အုပ်ချုပ်ရေးမှူးမှ တဆင့် ငါးခူရနယ်မြေရဲစခန်းသို့ ဆက်လက်အကြောင်း ကြားခဲ့သည်။ ငါးခူရနယ်မြေရဲစခန်းမှ ည(၁၂)နာရီတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ လူပျောက်ကြေညာမှ (၂/၂ဝ၁၆)ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျော်ဂျီအောင်၊ ရပ်မိရပ်ဖ ဦးဆန်းဝင်းတို့ သည် လိုက်လံစုံစမ်းလျက်ရှိစဥ် မွန်းလွဲ(၂)နာရီခွဲတွင် ပျောက်ဆုံးသူ၏ အစ်ကိုဖြစ်သူက ဒိုးတန်းကျေးရွာ ကြား လယ်ကွင်းချောင်းစပ်နေရာတွင် မသင်္ကာဖွယ်သွေးကွက်များ တွေ့ရှိကြောင်း အကြောင်းကြားချက်အရ သွားရောက် စစ်ဆေးခဲ့ရာ စံပယ်ပင်ရင်းချောင်းအနီး လယ်ကွင်းစပ်တွင် သွေးဟုယူဆရသော (၁) ပေပတ် လည်ခန့် နီညိုရောင်သွေးကွက်အား တွေ့ရှိ၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ အခင်းဖြစ် မြေပုံကြမ်းရေး ဆွဲခြင်း၊ သွေးဟုယူဆရသော ပေကျံနေသည့် ကောက်ရိုးစများ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်ရှာဖွေခဲ့ရာ ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းတွင် ဒုစ်မာမတ်(ခ) ရှူနာမျာ၏အလောင်းကို စံပယ်ပင်ရင်းချောင်းထဲတွင် ဦးခေါင်းမပါ၊ ဝဲယားပေါင်းနှစ်ဖက်တွင် ဓားထိုးဒဏ်ရာ ၂ ချက်စီဖြင့် ပြန်လည် တွေ့ရှိခဲ့သည်။ ဒုစ်မာမတ်(ခ) ရှူနာမျာ အသက်ခံရမှုနှင့်ပတ်သတ်၍ အမှုမှန်ပေါ်ပေါက်စေရေး စုံစမ်းဖော်ထုတ် လျက်ရှိပြီး ပြည်တွင်း ပြည်ပသတင်းမီဒီယာသမားများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဤကဲ့သို့ အသတ်ခံရခြင်း ဖြစ်သည်။ ဒုစ်မာမတ်(ခ) ရှူနာမျာသူသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ကမီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ မတရား ဖမ်းဆီးခြင်းမရှိကြောင်း၊ ကျေးရွာများတွင် ရိုဟင်ဂျာဟု လှုံ့ဆော်မှုများရှိကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောကြားခဲ့သူဖြစ်သည်။ (နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
Source : http://ift.tt/2hPV0OS
via IFTTT

No comments:

Post a Comment