Wednesday, December 14, 2016

စီဒီအမ်အေဖုန်းလိုင်းများအတွက် ငွေဖြည့်ကတ်ထုတ်လုပ်မှု အမ်ပီတီရပ်ဆိုင်း

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(အမ်ပီတီ) သည် စီဒီအမ် အေမိုဘိုင်းဖုန်းလိုင်းများအတွက် ငွေဖြည့်ကတ်ထုတ်လုပ်မှုကို ယ နေ့မှစတင်ရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။ စီဒီအမ်အေမိုဘိုင်းဖုန်းလိုင်း များအတွက် ကြိုတင်ငွေဖြည့် သွင်းမှုကို ဂျီအက်စ်အမ်ကြိုတင် ငွေဖြည့်ကတ်များ အသုံးပြု၍သာ ဖြည့်သွင်းရမည်ဟု အမ်ပီတီက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ‘‘စီဒီအမ်အေ ၄၅၀ ရော၊ စီဒီအမ်အေ ၈၀၀ ရော နှစ်မျိုးစ လုံးအတွက်အကျုံး၀င်ပါတယ်။ ဂျီအက်စ်အမ်ရဲ့ဘီလ်ဖြည့်ပေမယ့် ဂျီအက်စ်အမ်လိုမျိုး ထပ်တိုး၀န် ဆောင်မှုတွေတော့ ရဦးမှာမဟုတ် ပါဘူး’’ဟု အမ်ပီတီမှပြန်ကြားရေး တာ၀န်ခံ ဒေါ်ဟေမာန်စိုးကပြော သည်။ ဘီလ်လွှဲပြောင်းခြင်းအပါအ ၀င် အခြားသောမိုဘိုင်းဖုန်းထပ် ဆောင်း၀န်ဆောင်မှုများကို စီဒီ အမ်အေမိုဘိုင်းဖုန်းလိုင်းများ၌ အ သုံးပြုနိုင်မည် မဟုတ်ကြောင်း၊အမ်ပီတီအနေဖြင့် စီဒီအမ်အေမိုဘိုင်းဖုန်းလိုင်းများကို ဂျီအက်စ် အမ်မိုဘိုင်းဖုန်းလိုင်းများအတိုင်း ၀န်ဆောင်မှုပေးအပ်နိုင်ရန် ပြင် ဆင်နေကြောင်း ၎င်းကပြော သည်။ စီဒီအမ်အေမိုဘိုင်းဖုန်းလိုင်း များအတွက် ဂျီအက်စ်အမ်ငွေ ဖြည့်ကတ်ကို အသုံးပြုရမည်ဖြစ် သော်လည်းသီးခြား၀န်ဆောင်မှု တစ်ခုအနေဖြင့် ရပ်တည်နေသည့် MECTel ၏ စီဒီအမ်အေဖုန်းလိုင်း များအတွက် အမ်ပီတီ၏ဂျီအက်စ် အမ်ငွေဖြည့်ကတ် အသုံးပြုနိုင် မည်မဟုတ်ပေ။ အမ်ပီတီအနေဖြင့် ၀န် ဆောင်မှုပေးအပ်နေသည့် စီဒီ အမ်အေ မိုဘိုင်းဖုန်းအသုံးပြုသူပုံမှန်ထက်လျော့ကျလာသည်ဟု ထုတ်ဖော် ပြောဆိုထားသော် လည်း ပိုင်ဆိုင်သည့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်း အရေအတွက် အတိအကျကို ထုတ်ဖော်ပြောရန် ငြင်းဆိုထားသည်။
Source : http://ift.tt/2hLTyK8
via IFTTT

No comments:

Post a Comment