Sunday, December 18, 2016

The Voice

သီလဝါကုမ္ပဏီက ခြောက်လအတွင်း အမြတ်ငွေ ကျပ် ၁၁ ဘီလီယံ ရရှိဟုထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရန်ကုန် စတော့အိတ်ချိန်းဝင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) က ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း အမြတ်ငွေကျပ် ၁၁ ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်လိုက်သည်။ ယင်းအမြတ်ငွေသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူ ကာလထက် ၄၂ ရာခိုင်နှုန်း ပိုမိုခဲ့ပြီး ထိုသို့ အမြတ်ငွေ ရရှိခြင်းကြောင့် အစုရှယ်ယာ တစ်စုလျှင် ၂၈၄ ကျပ် အမြတ်ငွေ ရရှိမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “စတော့အိတ်ချိန်းဝင် ကုမ္ပဏီ ဖြစ်တဲ့အတွက် အမြတ် ရရှိမှုကို ထုတ်ပြန်ထားတဲ့ သဘောပဲ။ ရင်းနှီး မြှုပ်နှံတဲ့သူတွေ ကုမ္ပဏီ အခြေအနေကို သိအောင်ပါ”ဟု MTSH ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ MTSH သည် သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ)၊ ဂျပန်ကုမ္ပဏီများ ပေါင်းစည်းထားသည့် MMSTD ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက် (MJTD) အဖြစ် သီလဝါ အထူး စီးပွားရေး ဇုန်ကို အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ လက်ရှိအချိန်တွင် MJTD သည် သီလဝါအထူးစီးပွားရေးဇုန်အပိုင်း (က) ကို မြေဧက ဟက်တာ ၄၀ဝ (ဧက ၁၀ဝဝ) အကောင်အထည်ဖော်နေပြီး အပိုင်း (ခ) မြေဧက ဟက်တာ ၁၀ဝ ကို ထပ်မံ အကောင်အထည်ဖော်ရန် လုပ်ဆောင် လျက်ရှိသည်။ လတ်တလောတွင် သီလဝါအထူး စီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီ ၇၉ ခုက လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း သုံးထောင်မှ ငါးထောင်အထိ ဖန်တီးပေးထားနိုင်ကြောင်း MTSH ထံမှ သိရသည်။
Source : https://goo.gl/XLTN8J
via IFTTT

No comments:

Post a Comment